SCORPIO (ဗြိစ္ဆာရာသီဖွား) – အောက်တိုဘာလ ၂၄ ရက်မှ နိုဝင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ

SCORPIO-feature-252x300

အရည်အသွေးအစွမ်းအစများ ထူးခြားထက်မြက်နေမည်။ လိုလားချက်များ အောင်မြင်မည်။ အပြိုင် အတိုက်အခံများကြားမှ တိုးတက်မည်။ ရည်မှန်းသလောက်တက်လမ်းရမည့် ကာလဖြစ်သည်။ ပိုင်ဆိုင်ထားသော အတတ်ပညာကို အသုံးချနိုင်မည်။ မျက်နှာပွင့်လန်းမည်။ မိတ်ကောင်း၊ ဆွေကောင်း တိုးပွားမည်။ ပေါ်ပေါက်လာသော အခြေအနေကို အသုံးပြုပြီး မိမိဆန္ဒရှိသည်ကို ဆောင်ရွက်နိုင်သော ကာလဖြစ်ပါသည်။ အထင်အမြင်သေးသောသူများ အံ့သြသွားလောက်အောင် အရည်အချင်းပြနိုင်သော ကာလဖြစ်သည်။

စံ-ဇာဏီဘို