Samsung က တခြားကုမ္ပဏီနဲ့ နာမည်တွဲပြီး Tablet ကွန်ပျူတာထုတ်မယ်

article landscape wartermark final11

Samsung ဟာ အမေရိကန်နိုင်ငံရဲ့ စာအုပ်အရောင်းကုမ္ပဏီ Barnes & Noble  နဲ့ ပူးပေါင်းပြီး Samsung Galaxy Tab 4 Nook  ဆိုတဲ့ နာမည်နဲ့ Tablet ကွန်ပျူတာတွေ ထုတ်လုပ် ဖို့ အစီအစဉ်ရှိပါတယ်။ ဒီပစ္စည်းကိုသုံးပြီး Barnes & Noble  ရဲ့ဒစ်ဂျစ် တယ်စာအုပ်ပေါင်း သုံးသန်းကျော်ကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ နာမည်ကြီး မဂ္ဂဇင်းတွေနဲ့ သတင်းစာတွေလည်း ပါပါတယ်။

Samsung   ဟာ ကမ္ဘာမှာ Tablet ကွန်ပျူတာတွေ ဒုတိယ အများဆုံးထုတ်လုပ်နေပါတယ်။ Samsung  ဟာ ၂၀၁၄ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ကမ္ဘာ့ဈေးကွက်ရဲ့ ၂၂ ရာခိုင်နှုန်းကို ရယူနိုင်ခဲ့ပါတယ်။

                               Ref: AFP