advertisement-image
Interviews

Traditional Marketing ကိုသာ အသုံးပြုမယ်ဆိုတဲ့ LAL Global Co Ltd

မြန်မာအစိုးရရဲ့ စီးပွားရေးတံခါးဖွင့်ဝါဒ ကျင့်သုံးမှုရဲ့ရလဒ်တစ်ခုအဖြစ် ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာက လုပ်ငန်းရှင်တွေနဲ့အတူ လွတ်လွတ်လပ်လပ် ကုန်သွယ်မှုပြုလုပ်လာနိုင်တာကို တွေ့ရပြီး မိမိတို့တတ်စွမ်းသမျ ဈေးကွက်နယ်ပယ်သစ်ကို အပြိုင်အဆိုင် ရှာဖွေလာကြပါတယ်။ ဈေးကွက်နည်းဗျူဟာတွေ အမျိုးမျိုး ရှိတဲ့အထဲမှာမှ Traditional Marketing Method ကို အသုံးပြုပြီး ဈေးကွက်ထိုးဖောက်သွားမယ်ဆိုတဲ့ LAL Global Co Ltd ရဲ့ ဒါရိုက်တာ Mr Mawia Lal နဲ့ တွေ့ ဆုံမေးမြန်းခဲ့တာကို စာဖတ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ လုပ်ငန်းစတင်တည်ထောင်တဲ့ခုနှစ်၊ ရည်ရွယ်ချက် ၂၀၁၂ ခုနှစ်မှာ ကုမ္ပဏီလိုင်စင်ရယူပြီးတော့ လာမယ့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကုမ္ပဏီရုံးခန်းသစ်ဖွင့်ပွဲနဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲအခမ်းအနားကို ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဖွင့်ဖြစ်သွားတဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအနေနဲ့ အခုလိုပြောင်းလဲမှုတွေနဲ့အတူ […]
Posted On December 18, 2013, By Editorial

Motorola CEO နဲ့ အင်တာဗျူး

Motorola ကုမ္ပဏီကို Goggle က အမေရိကန်ဒေါ်လာ ၁၂.၄ ဘီလီယံနဲ့ ၀ယ်ယူလိုက်တာဟာ Android OS စနစ်ကို ဥာဏပစ္စည်း မူပိုင်ခွင့်တရားစွဲဆိုခံရမှုကနေ ကင်းလွတ်ဖို့အတွက် Google ရဲ့ မူပိုင်ခွင့်တွေကို ရယူပိုင်ဆိုင်ဖို့ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရပါတယ်။ Motorola ကတော့ မိုဘိုင်းဖုန်းထုတ်လုပ်မှုကို ရပ်တန့်ဖို့မရှိသေးပါဘူး။ သြဂုတ်လတုန်းက အမေရိကန်မှာ ပထမဆုံးတပ်ဆင်ထုတ်လုပ်တဲ့ Moto X စမတ်ဖုန်းကို စတင်ရောင်းချခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ ဘတ်ဂျက်ချွေတာတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ ထွန်းသစ်စဈေးကွက်တွေအတွက်ရည်ရွယ်ပြီး Moto G ကို ထုတ်လုပ်ခဲ့ပါတယ်။ Moto G မှာ ဈေးကွက်မှာ ဦးဆောင်နေတဲ့ နာမည်ကြီးစမတ်ဖုန်းတွေမှာပါဝင်တဲ့ Feature တွေနဲ့ အရည်အသွေးမြင့်ရုပ်ထွက်ပါဝင်ပြီး ဈေးနှုန်းကတော့ အမေရိကန်နိုင်ငံမှာ ၁၇၉ ဒေါ်လာ ကနေစတင်ရောင်းချပြီး ဒေါ်လာ ၆၀၀ […]
Posted On December 14, 2013, By Editorial

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) ရဲ့ ပထမဆုံး သံအမတ်ကြီး Mr Roland Kobia

မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂ (EU)  ရဲ့ နောက်သုံးနှစ်တာ ဆက်လက်ဆောင်ရွက်မယ့် မူဝါဒနဲ့လုပ်ငန်းအစီအစဉ်တွေအကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ EU  ရဲ့ ပထမ ဆုံး သံအမတ်ကြီး Mr Roland Kobia  က အောက်တိုဘာလ ၃၀ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ရှင်းပြခဲ့ပါတယ်။ EU-Myanmar Task Force  အစည်းအဝေးကိုတော့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကနေ ၁၅ ရက်အထိ ရန်ကုန်နဲ့ နေပြည်တော်တို့မှာ ကျင်းပခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ဖိုရမ်တွေမှာ နှစ်ဦးနှစ်ဖက် ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေနဲ့ ပတ်သက်လို့ Mr Kobia  နဲ့ တွေ့ဆုံစဉ် ဆွေးနွေးမေးမြန်းဖြစ်ခဲ့တာတွေကို CEO စီးပွားရေးနှင့် […]
Posted On December 11, 2013, By Editorial

Hintha Business Centres ရဲ့ ဒါရိုက်တာ Catherine Smith

စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်လာတဲ့ အခုလက်ရှိမြန်မာနိုင်ငံဟာဆိုရင် နိုင်ငံတကာစီးပွားရေး အသိုင်းအ၀ိုင်းမှာ နေရာတစ်ခုအတိအကျရယူနိုင်ခဲ့ပါပြီ။ ဒီအတွက် ၀င်ရောက်လာကြတဲ့ လုပ်ငန်းနယ်ပယ်အသီးသီးက နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေဟာ သူ့ထက်ငါဦးအောင် ဈေးကွက်အသစ်တွေကို အပြိုင်အဆိုင် ရှာဖွေလာကြပါတယ်။  ဒီလိုအပြိုင်အဆိုင်ရှာဖွေတဲ့အထဲမှာ ကိုယ်တိုင် တိုက်ရိုက်ဝင်ရောက်စရာမလိုဘဲ စီးပွားရေးအချက်အလက်တွေကို သိရှိနိုင်ဖို ၀န်ဆောင်မှုပေး တဲ့လုပ်ငန်း တကယ်လိုအပ်တာအမှန်ပါ။ ဒါကြောင့်ထွန်းသစ်စဈေးကွက်တွေကို ရှာဖွေဖော်ထုတ်ပေးနေတဲ့ Hintha Business Centres ရဲ့ ဒါရိုက်တာ Miss Catherine Smith  နဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ရေးအကျဉ်း Catherine Smith   ဟာ ကမ္ဘာတစ်ဝန်းက ထွန်းသစ်စ ဈေးကွက်တွေမှာ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲခြင်းနဲ့ ဖွဲ့စည်း ထူထောင်ခြင်းတို့မှာ အတွေ့အကြုံများ စွာရှိထားသူ ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ဟောင်ကောင်ကို သွားရောက်ခဲ့ပြီး စီမံခန့်ခွဲမှုအပိုင်းနဲ့ ဈေးကွက်ဖော်ဆောင်မှုအပိုင်းတွေကို […]
Posted On December 6, 2013, By Editorial

Hearst Magazines ရဲ့ Vice-president Mr Patrick L Brennan

Mr Patrick L Brennan ဟာ အိုင်ယာလန်မှာ မွေးပြီး ယူကေမှာကြီးပြင်းခဲ့ပါတယ်။ လန်ဒန်ရှိ Financial Times သတင်းစာမှာ ၀င်ရောက်လုပ်ကိုင်ပြီး အဲဒီသတင်းစာရဲ့ အယ်ဒီတာဌာနမှာ ခေတ္တမျ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် နယူးယောက်မှာရှိတဲ့ အယ်ဒီတာဌာနကို ပြောင်းရွှေ့ပြီး တစ်နှစ် ကြာတော့ Financial Times ရဲ့ ကူးသန်းရောင်းဝယ်ရေးဘက်ကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် သတင်းစာစောင်ဘက်ကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် သတင်းစာစောင် ရေအပိုင်း။ ရောင်းချဖြန့် ဖြူးရေးအပိုင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာFinancial Times  ကို ပထမဦးဆုံးစတင်ထုတ်ဝေရာ ဌာနဖွင့် လှစ်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရတယ်။ ၁၉၉၆ ခုနှစ်မှာ တိုကျိုပြောင်းရွှေ့ပြီး ဂျပန်နိုင်ငံဆိုင်ရာနဲ့ ကိုရီးယားနိုင်ငံဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပါတယ်။ အဲဒီနောက် ပိုမိုကျယ်ပြန့်တဲ့ အာရှတိုက်တစ်ခွင်လုံး ဆိုင်ရာလုပ်ငန်းများကို ကြီးကြပ် ရပါတယ်။ […]
Posted On November 18, 2013, By Editorial

Ogilvy & Mather, Asia Pacific ၏ Chairman Paul Heath နှင့်တွေ့ဆုံခြင်း

ကျွန်တော် ယူကေမှာ Business Administration  ဘာသာ ရပ်သင်ယူပြီးတဲ့နောက် ၁၉၈၇ မှာ လန်ဒန်Ogilvy ကို Graduate Trainee  အနေနဲ့ စတင်ဝင်ခဲ့ပါတယ်။ ၁၉၉၀ မှာ Ogilvy  ကနေ ထွက်ပြီး ထိုင်း၊ ကိုရီးယား၊ ကိုလံ ဘီယာနဲ့ ဘရာဇီးနိုင်ငံတွေမှာရှိတဲ့Lintas ၊ Y&R နဲ့ ISP (IG) တွေမှာ အလုပ်လုပ်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ဟောင် ကောင် Ogilvy & Mather  ရုံးကို ပျော်ရွှင်စွာပြန်လည် ၀င်ရောက်ခဲ့ပါတယ်။   Ogilvy & Matherမှာ လုပ်ခဲ့စဉ် အမှတ်တရမှတ်တိုင်များ ကျွန်တော် ၂၀၀၃ ခုနှစ် ပြန်ဝင်လာတော့ CocaCola နဲ့  Motorola  Account  […]
Posted On November 18, 2013, By Editorial

Hitachi ရန်ကုန်ရုံးခွဲရဲ့ General Manager Tsunehiro Takahash

မြန်မာနိုင်ငံ Hitachi  ရုံးခွဲရဲ့ လုပ်ငန်းတာဝန်တွေက . . .  Hitachi Brand   အနေနဲ့ ကုန်ထုတ်လုပ်တဲ့လုပ်ငန်း မျိုးစုံရှိပေမဲ့ အဲဒီပစ္စည်းတွေကိုရောင်းချဖို့ တစ်ခုတည်း အတွက် ရုံးခွဲလာဖွင့်ထားတာ မဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်က Hitachi Brand   ၀န်ထမ်းတွေအနေနဲ့ မြန်မာနိုင်ငံအကြောင်းကို သိပြီး စီးပွားရေးနဲ့ပတ်သက် ရင် ဘယ်လိုတွေ လုပ်ဆောင်သင့် တယ်ဆိုတဲ့သတင်းအချက်အလက်တွေကို ဖြန့်ဝေပေးဖို့ ရုံးခွဲ ဖွင့်ထားရခြင်း ဖြစ်ပါတယ်။ Hitachi မှာ လုပ်ကိုင်နေတဲ့ဝန်ထမ်း . . . ကမ္ဘာတစ်ဝန်းလုံးမှာ ၀န်ထမ်းပေါင်း သုံးသိန်းနှစ် သောင်းခန့်ရှိပါတယ်။ ရန်ကုန်ရုံးမှာ ၀န်ထမ်းသိပ်မရှိသေးပါ ဘူး။   လက်ရှိ Hitachi Co Ltd  က ထုတ်လုပ်နေတဲ့ကုန်ပစ္စည်းအမျိုး အစားတွေ . . […]
Posted On November 18, 2013, By Editorial

တရုတ်နိုင်ငံ၏ အထင်ရှားဆုံးအိမ်ခြံမြေလုပ်ငန်းကြီးကို ဦးဆောင်နေသူ Wang Jianlin

Wang Jianlin ကို တရုတ်နိုင်ငံSichuan  ပြည်နယ်၊ Cangxi  မြို့နယ်တွင် မွေးဖွားခဲ့သည်။ မွေးချင်းညီအစ်ကို ငါးယောက်တွင် အကြီးဆုံးသားဖြစ်သည်။ သူ့ဖခင်သည် မော်စီတုန်း၏ ခရီးရှည်ချီတက်ပွဲတွင် ပါဝင်တိုက်ပွဲဝင် ခဲ့သူ တစ်ယောက်ဖြစ်သည်။Wang သည် ၁၉၇၀ ခုနှစ်မှ၁၉၈၆ ခုနှစ်အထိ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တွင် အမှုထမ်းကာ ၁၉၇၆ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီဝင် ဖြစ်လာခဲ့သည်။ ၁၉၈၆ ခုနှစ်တွင်Liaoningါ တက္ကသိုလ်မှ ဘွဲ့ရကာDalian မြို့တွင် အလုပ်ဝင်ခဲ့သည်။ ၁၉၉၂ ခုနှစ် တွငDalian Wanda Group  ၏ အထွေထွေမန်နေဂျာအဖြစ် စတင်တာဝန်ထမ်းဆောင်သည်။ ၁၉၉၃ ခုနှစ်တွင် အဆိုပါ ကုမ္ပဏီ၏ CEO ဖြစ်လာကာ ထိုမှသည် ဥက္ကဋ္ဌရာထူးသို့ တက်လှမ်းခဲ့ပါသည်။Wang ၏ ပိုင်ဆိုင်မှုသည် ယခုအခါ […]
Posted On November 18, 2013, By Editorial

လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များတွေ့ဆုံပွဲ

၂၀၁၂ ခုနှစ်၊ ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး တစ်နှစ်သက်တမ်းသာရှိသေးတဲ့ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း  (MYEA)  ရဲ့ ပထမဆုံးအကြိမ်နှစ်ပတ်လည်အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ) မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို UMFCCI ဥက္ကဋ္ဌနဲ့ အသင်းဝင်တွေ၊MYEAအဖွဲ့ဝင်လူငယ်တွေ၊ လူငယ်လုပ်ငန်းရှင် တွေနှင့် စိတ်ပါဝင်စားသူ လူငယ်တွေတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူအချို့နဲ့ တွေ့ဆုံမေးမြန်း ခဲ့တာတွေ ကို ပြန်လည်ဖော်ပြလိုက်ပါတယ်။                         ဦးဝေဖြိုး ဥက္ကဋ္ဌ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း အာဆီယံတရုတ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ကြီး […]
Posted On November 18, 2013, By Editorial

De Conquerors International ( DCI ) ရဲ့ CEO Leslie Chua

အာဆီယံနိုင်ငံတွေထဲမှာဆိုရင် စင်ကာပူနိုင်ငံကထုတ်ကုန်တွေဟာ မြန်မာနိုင်ငံမှာ သိပ်မတွင်ကျယ်သေးဘဲ ထိုင်းနိုင်ငံက ထုတ်ကုန်တွေကတော့  မြန်မာနိုင်ငံမှာ ဈေး ကွက်နေရာရပြီးသား ဖြစ်ပါတယ်။ DCI ဟာ စင်ကာပူအခြစိုက်လုပ်ငန်းငန်းဖြစ်ပြီး ယခုအချိန်မှာတော့ မြန်မာနိုင်ငံဈေး ကွက်မှာ နေရာရဖို့ ကြိုးပမ်းလာတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။DCI ရဲ့CEO ဖြစ်သူ Mr Leslie Chua  နဲ့ တွေ့ဆုံမေးမြန်းခဲ့တာကို ဖော်ပြပေးလိုက်ပါ တယ်။   မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့လုပ်ငန်းအကြောင်း ပြောပြပေးပါ။ လက်ရှိကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ DJ2  လို့ခေါ်တဲ့ လုပ်ငန်းခွဲတစ်ခုထားရှိပါတယ်။ အဓိက အနေနဲ့ Hair Care Saloon  ထုတ်ကုန်တွေကို ဖြန့်ဖြူးရေးလုပ်ပါ တယ်။ မိခင်ကုမ္ပဏီကတော့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ DCI (De Conquerors International)  ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက စီးပွားရေးအခွင့်အလမ်းအသစ်တွေ ပေါ်ပေါက်လာတဲ့အတွက် […]
Posted On November 18, 2013, By Editorial