PARIBAWGA

Paribawga1

ဆိုင်တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့်ဖုန်း . . .

အမှတ် ၁၀၄ ၊ ဘိုကလေးဈေးလမ်း၊ အလယ်ဘလောက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပြီး ဖုန်းနံပါတ်ကတော့ ၀၉-၄၅၇၇၃၇၀၄၅ ကို ဆက်သွယ်နိုင်ပါတယ်။ Facebook Page ကတော့ @Paribawga ဖြစ်ပါတယ်။

Paribawga2

ဆိုင်ဖွင့်လှစ်ချိန် . . .

နေ့စဉ် မနက် ၁၀ နာရီကနေ ည ၈ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

Paribawga4

ဆိုင်ဖွင့်ရတဲ့ ရည်ရွယ်ချက် . . .

ဆိုင်ကိုမြို့ထဲမှာ ရွေးချယ်ဖွင့်ဖြစ်တယ်။ အကြောင်းရင်းကတော့ ရန်ကုန်မြို့လယ်ကောင် ဖြစ်တာကတစ်ကြောင်း၊ အတွင်းဝန်ရုံးနဲ့နီးပြီး နိုင်ငံခြားသားလည်ပတ်မှုများတဲ့ နေရာဖြစ်တာက တစ်ကြောင်းကြောင့် ဒီနေရာလေးကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီက ထုတ်တဲ့ပစ္စည်းတွေကလည်း ပြည်တွင်းပြည်ပ စိတ်ဝင်စားမှု ရရှိမယ်လို့ ယုံကြည်ပါတယ်။

Paribawga5

ဆိုင်မှာရနိုင်တဲ့ ပစ္စည်းအမျိုးအစား . . .

အခုလောလောဆယ် ဆိုင်မှာခင်းကျင်းပြသထားတဲ့ ပစ္စည်းအမျိုးအစားပေါင်း လေးဆယ်ကျော်လောက်ရှိပါတယ်။ ကုမ္ပဏီအနေနဲ့ကတော့ ၀ယ်ယူသူစိတ်ကြိုက်ပုံစံကို ဒီဇိုင်းဆွဲပေးသလို အော်ဒါမှာတာတွေကိုလည်း လက်ခံဆောင်ရွက်ပေးပါတယ်။ ထုတ်လုပ်တဲ့ပစ္စည်းတွေကတော့ များသောအားဖြင့် အိမ်သုံးပရိဘောဂတွေ ဖြစ်ပါတယ်။ ကုန်ကြမ်းတွေအနေနဲ့ကတော့ သစ်အမျိုးမျိုး၊ ကြေးထည်၊ ယွန်းထည်၊ စကျင်ကျောက် စတာတွေကို အသုံးပြုပါတယ်။

Paribawga3

ဈေးနှုန်းပိုင်း . . .

ဈေးနှုန်းပိုင်းကတော့ အနည်းဆုံး ဒေါ်လာလေးဆယ်လောက်က စပါမယ်။ ကိုယ်လိုချင်တဲ့ ဒီဇိုင်း၊ အသုံးပြုတဲ့ ကုန်ကြမ်းအမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားသွားမှာ ဖြစ်ပါတယ်။