Oramin-G ရဲ့ ကံစမ်းမဲနှိုက်ရွေးချယ်ပွဲ

Orimin 9

OriminG 2

AA Madical Product Ltd ကနေတင်သွင်းဖြန့်ချိထားတဲ့ Oramin-G အဆင့်မြင့်ဂျင်ဆင်းအားဆေးရဲ့ Customer တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ရွှေသားကံစမ်းမဲ Lucky Draw ဆုရွေးချယ်ပွဲကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်က ရန်ကုန်မြို့ နတ်မောက်လမ်းမှာရှိတဲ့ Chatrium မှာ ကျင်းပခဲ့ပါတယ်။

ပွဲမှာတော့ AA Madical Product Ltd ရဲ့ Executive Director ဖြစ်သူ ဒေါက်တာ စောနေနွယ်က အဖွင့်အမှာစကားပြောကြားကာ Lucky Draw ကံစမ်းမဲတွေကို ရုပ်ရှင်နဲ့ဗွီဒီယို သရုပ်ဆောင် ရဲအောင်နဲ့ မေသန်းနုတို့က မဲနှိုက်ရွေးချယ်ပေးခဲ့ကြပါတယ်။

အဆိုပါဆုမဲတွေထဲက ရွှေငါးကျပ်သားနှစ်ဆုကို ကိုမောင်မောင်အေး (ရန်ကုန်)နှင့် ကိုရဲစိုးနိုင် ဘုရင့်နောင်လမ်း ၊ အောင်ဇေယျ ရပ်ကွက် တို့ကဆွတ်ခူးသွားကြပြီး ရွှေ နှစ်ကျပ်သားဆု ဆယ်ဆုကိုတော့ နတ်သားဆေးဆိုင် မင်္ဂလာဈေး၊ မမြင့်မြင့်ရီ (တောင်ကြီး)၊ ဦးစိုးနိုင်(မုတ္တမ)၊ ပုလဲထွန်း(လွိုင်ကော်)၊ ရဲရင့်ဝါ (မန္တလေး)၊ ဦးဘိုအေး(ဟုမ္မလင်း)၊ ငွေကြယ်ဖြူ (မြင်းခြံ)၊ တော်ဝင်ဆေးဆိုင် (တောင်ကြီး) နဲ့ လပ်ကီးဆေးဆိုင်( မင်္ဂလာဈေး) တို့က အသီးသီးဆွတ်ခူးခဲကြပါတယ်။ အဲဒါအပြင် ရွှေတစ်မတ်သားဆုပေါင်း တစ်ရာကိုလည်း မဲနှိုက်ရွေးချယ်ပေးခဲ့ကြပါတယ်။

 

Orimin G 6

OriminG 3

Orimin G 4

Orimin G 5

OriminG 1