NetCon 2018 ဖွင့်ပွဲအခမ်းအနားကျင်းပ

NetCon 2018 ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်က Lotte Hottel မှာ ကျင်းပခဲ့ပါတယ်။

DSCN9092

မြန်မာနိုင်ငံရဲ့ ICT ကဏ္ဍ နိုင်ငံတကာနဲ့အညီ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ်မြောက် NetCon 2018(Network၊ Security & ICT Solution) မှာသုတေသနစာတမ်းများ ဖတ်ကြားခြင်း၊ နည်းပညာဆိုင်ရာဆွေးနွေးတင်ပြခြင်းတွေနဲ့ Yangon ICT Enterprise Expo  တို့ပါဝင်ပါတယ်။ ဖွင့်ပွဲအခမ်း အနားမှာ ပါမောက္ခဒေါက်တာဒေါ်နွယ­­­်နွယ်ဝင်းနှင့် e-Government အကြံပေးပညာရှင် ဦးမြင့်ဆွေတို့က အဖွင့်အမှာစကား ­ပြောကြားပေးခဲ့ပါတယ်။ ဖွင့်ပွဲကိုတော့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေ၊ ­­­­လုပ်ငန်းရှင်တွေနဲ့­­ သတင်းမီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။ NetCon 2018 ပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက် နှစ်ရက်ကြာကျင်းပသွား မှာဖြစ်ပါတယ်။

DSCN9098

DSCN9134