Nail Culture

Myanmar Culture Valley မှာ ဈေးဝယ်ထွက်ရင်း၊ မုန့်စားရင်း အချိန်ခဏပေးရုံနဲ့ အလှအပအတွက် စိတ်ကျေနပ်မှုရစေမယ့် Nail Culture ဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

NailCulture

Nail Culture နဲ့ Spa မှာ ဘာတွေလုပ်လို့ရလဲ

————–

Nail Culture မှာဆိုရင်တော့ လက်သည်းပုံဖော်တာကစလို့ လက်သည်းနဲ့ လက်သန့်ရှင်းရေးလုပ်ပေးတဲ့ ၀န်ဆောင်မှုတွေ၊ ခြေထောက်ကြေးချွတ်ပေါင်းတင်၊ လက်ကြေးချွတ်ပေါင်းတင်၊ လက်ဖယောင်းသွင်း၊ ခြေထောက်ဖယောင်းသွင်းတာတို့ လုပ်လို့ရပါတယ်။ Spa မှာတော့ Facial သီးသန့်လုပ်တာဖြစ်တဲ့အတွက် မျက်နှာကို ရေဓာတ်ဖြည့်တာ၊ မျက်နှာ Whitening လုပ်တာ၊ မျက်နှာကို ပိုပြီးနုပျိုအောင်လုပ်တာ၊ အရေးအကြောင်းအတွက် လုပ်ပေးတာတို့ ရှိပါတယ်။

Nail Culture မှာ ဘယ်လိုပစ္စည်းအမျိုးအစားတွေသုံးလဲ

————–

Nail Culture မှာဆိုရင်တော့ OPI အပြင် OLY ၊ U & ha ၊ Essence ၊ DigAo စတဲ့ Brand အစုံသုံးပါတယ်။ သန့်ရှင်းရေးပိုင်းအတွက်လည်း လက်သည်း၊ ခြေသည်းအသုံးပြုတဲ့ ပစ္စည်းတွေအကုန်လုံးကို အရက်ပြန်နဲ့ သေချာသုတ်ပြီး ပေါင်းစက်ထဲထည့်ပါတယ်။ ပြန်ထွက်လာရင်လည်း အရက်ပြန်နဲ့ သေချာသုတ်ပြီး သန့်သန့်ရှင်းရှင်းထားပါတယ်။ Spa မှာတော့ ပြင်သစ်နိုင်ငံကထုတ်လုပ်တဲ့ YonKa Paris Brand တစ်မျိုးတည်းကိုသာ အသုံးပြုပါတယ်။

ဘယ်လိုလူတွေအလာများလဲ

—————-

ကျောင်းသူလေးတွေကစပြီး စီးပွားရေးလုပ်ငန်းပိုင်ရှင် အမျိုးသမီးတွေနဲ့ Center ကို ဈေးဝယ်လာရင်းဝင်လာတဲ့ အမျိုးသမီးတွေအထိ လာရောက်အားပေးပါတယ်။ ဒီဆိုင်နေရာက ကားပါကင်ကောင်းတဲ့အတွက် အမျိုးသမီးတွေအတွက် အလွန်အဆင်ပြေပါတယ်။

ဝန်ထမ်းတွေနဲ့ ၀န်ဆောင်မှုပိုင်း

————–

ဝန်ထမ်းတွေကို သေချာသင်တန်းပေးပြီး စိတ်ချရတဲ့အနေအထားရောက်မှ ဧည့်သည်တွေကို ၀န်ဆောင်မှုပေးခိုင်းပါတယ်။ ဧည့်သည်တွေကို ၀န်ဆောင်မှုအနေနဲ့ ရေနွေးကြမ်း၊ ကော်ဖီ၊ လက်ဖက် စတာတွေနဲ့ ဧည့်ခံတာမျိုးလည်း လုပ်ပါတယ်။ ဒီဆိုင်ကိုလာတဲ့ ဧည့်သည်တွေအကုန်လုံးကို ပြန်ထွက်သွားတာနဲ့ စိတ်ချမ်းသာသွားအောင်၊ လှပသွားအောင် အထူးဂရုစိုက်ပါတယ်။

ဈေးနှုန်း

——–

Nail Culture မှာဆိုရင်တော့ အနိမ့်ဆုံးသုံးထောင်ကနေ အမြင့်ဆုံးတစ်သောင်းထိရှိပြီး၊ Spa မှာဆိုရင်တော့ ၂၅,၀၀၀ အများဆုံးဖြစ်ပါတယ်။

အနာဂတ်အစီအစဉ်

——————-

အခုထက်ပိုပြီးအောင်မြင်အောင်၊ ဆိုင်ခွဲတွေဖွင့်နိုင်အောင် ကြိုးစားမှာဖြစ်ပါတယ်။ အနာဂတ်မှာ Nail Culture ဆိုင်ကို အများကြီးဖြစ်စေချင်ပါတယ်။

ဆိုင်ဖွင့်ချိန်

———–

မနက် ၁၀ နာရီကနေ ည ၉ နာရီအထိ ဖွင့်ပါတယ်။

တည်နေရာ

————

Room No.(B-90/91) ၊ Ground Floor ၊ Myanmar Culture Valley ၊ People Park ၊ Yangon ၊ Myanmar.

၀၉ ၂၅၄၂၀၆၁၉၂ ၊ ၀၉ ၄၂၈၉၃၆၄၃၉

www.facebook.com/Nail Culture