MPT ရဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း MPT Money မိတ်ဆက်ပွဲ

မြန်မာနိုင်ငံရဲ့ပထမဆုံး ဆက်သွယ်ရေး အော်ပရေတာတစ် ခုဖြစ်တဲ့ MPT ကနေ Mobile Money ဝန်ဆောင်မှုလုပ်ငန်း MPT Money ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်က ရန်ကုန်မြို့ Lotte Hotel မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုများကို မြို့နေလူတန်းစားအပြင် ဝေးလံခေါင်သီတဲ့ ဒေသတွေအထိ အလွယ်တကူ လုပ် ဆောင်အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်တယ်လို့သိရပါတယ်။

MPT Money မှာ ငွေလွှေဲ၊ ငွေ ပြောင်းဝန်ဆောင်မှု၊ Mobile Wallet ဖြင့် ငွေပေးချေခြင်း၊ စိတ်ကြိုက်အော်ပရေတာများသို့ ဖုန်းငွေဖြည့်သွင်းခြင်းတို့အပြင် တခြားငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကိုလည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါအပြင် တခြားအော်ပ ရေတာများရဲ့ ဆင်းကတ်အသုံးပြုသူတွေပါ MPT Money ဝန်ဆောင်မှုအသုံးပြုနိုင်ရန် မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။ MPT Money Application ကို Apple Store နဲ့ Google Play Store များမှာ ဒေါင်းလုပ်ဒ်ရယူနိုင်မှာဖြစ်ပါတယ်။