Myanmar Employer Awards 2020 တွင် မြန်မာဘရူဝါရီလီမိတက်မှ Best CSR For Community Engagement ဆု ရရှိ

JobNet မှ ကြီးမှူးကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် Myanmar Employer Awards 2020 ဆုပေးပွဲ Virtual Event ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပါတယ်။
Myanmar Employer Awards တွင် မြန်မာဘရူဝါရီလီမိတက်မှ “လူမှုအကျိုးပြု – အကောင်းဆုံး ကုမ္ပဏီဆု (Best CSR For Community Engagement)” အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုလည်း ရရှိခဲ့ကြောင်းကို ဒီဇင်ဘာ ၁၅ ရက် ၎င်းကုမ္ပဏီမှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Myanmar Employer Awards 2020 တွင် လူမှုအကျိုးပြု အကောင်းဆုံး ကုမ္ပဏီဆုအား လက်ခံရယူခဲ့တဲ့ မြန်မာဘရူဝါရီလီမိတက်မှ CSV Director ဖြစ်သူ ဒေါ်မေစံပယ်ဝင်း မှ “ကျွန်မတို့အတွက် ဒီနှစ်မှာ အဖွဲ့အစည်းရဲ့အနာဂတ် ရည်မှန်းချက်ဖြစ်တဲ့ အများက လေးစားတဲ့ ကုမ္ပဏီအဖြစ် အသိအမှတ်ပြုမှုနဲ့ ရပ်တည်နိုင်ဖို့အတွက် လူမှုအဖွဲ့အစည်းနဲ့ ပက်သက်တဲ့ လူမှုအကျိုးပြု – အကောင်းဆုံး ကုမ္ပဏီဆု တစ်ခုတည်းကိုဘဲ ဝင်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆု ထိုက်ထိုက်တန်တန် ချီးမြှင့်ခြင်း ခံခဲ့ရတာပါ။ စားသုံးသူတွေရဲ့ ယုံကြည်မှု နဲ့ ရပ်တည်နေတဲ့ ကုန်အမှတ်တံဆိပ်များစွာကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် ဒီဆုရရှိခဲ့ခြင်းဟာ အများရဲ့ လေးစားယုံကြည်မှုကို ပိုမိုရရှိပြီးတော့ အဖွဲ့အစည်း၊ ထုတ်ကုန်၊ ဝန်ထမ်းတွေနဲ့အတူ လက်ရှိလက်တွဲလုပ်ကိုင်နေတဲ့ စီးပွားမိတ်ဖက်တွေအတွက်လည်း ကုမ္ပဏီအပေါ် ယုံကြည်မှုပိုမို ရှိလာတဲ့အတွက် ရှေ့ဆက်သွားမယ့် လုပ်ငန်းတွေနဲအတူ ဆုတွေဆက်လက် ရရှိဖို့အတွက် ခွန်အားတွေ ရရှိခဲ့ပါတယ်။” လို့ ပြောပါတယ်။

Myanmar Employer Awards 2020 တွင် လူမှုအကျိုးပြု အကောင်းဆုံး ကုမ္ပဏီဆုအား လက်ခံရယူခဲ့တဲ့ မြန်မာဘရူဝါရီလီမိတက်မှ CSV Director ဖြစ်သူ ဒေါ်မေစံပယ်ဝင်းကို အခမ်းအနားတွင် တွေ့ရစဉ်

မြန်မာဘရူဝါရီလီမိတက် အနေနဲ့ ရေရှည်အောင်မြင်တဲ့ လူမှုပတ်ဝန်းကျင်နဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်တဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားကြောင်းကိုလည်း CSV Director ဖြစ်သူ ဒေါ်မေစံပယ်ဝင်း မှထပ်မံပြောကြားခဲ့ပါတယ်။

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Myanmar Employer Awards 2020 ဆုပေးပွဲတွင် ပြည်တွင်းရှိ ထိပ်တန်း ကုမ္ပဏီတွေနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေက ကဏ္ဍအသီးသီးအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြလေ့ရှိပါတယ်။

မြန်မာဘရူဝါရီလီမိတက် အနေနဲ့တော့ Jobnet.com မှ ၂၀၁၇ ခုနှစ်မှစပြီး နှစ်တိုင်း ကျင်းပတဲ့ Myanmar Employer Awards ပြိုင်ပွဲတွေကနေ ဆုတံဆိပ်ပေါင်း ၂၂ ခုအထိ ချီးမြှင့်ခြင်း ခံခဲ့ရပြီး ၂၀၁၇ ခုနှစ် အတွက် ငွေတံဆိပ် ၁ ဆု၊ ကြေးတံဆိပ် ၂ ဆု၊ ၂၀၁၈ ခုနှစ် အတွက် ရွှေတံဆိပ် ၆ ဆု၊ ငွေတံဆိပ် ၁ ဆု၊ ၂၀၁၉ ခုနှစ် အတွက် ရွှေတံဆိပ် စုစုပေါင်း ၈ ခုအပြင် ၂၀၁၈၊ ၂၀၁၉ ခုနှစ် တွေမှာ အထူးဆုတွေဖြစ်တဲ့ လူကြိုက်အများဆုံးဆုနဲ့ အကောင်းတကာ့ အကောင်းဆုံးဆု … စသဖြင့် အသီးသီးလည်း ရရှိခဲ့ဖူးကြောင်း သိရပါတယ်။