JSW Yangon

Japan Samurai Warrior, Swords & Hinamatsuri Dolls Gift Shop

ဂျပန်ရိုးရာလက်မှုပစ္စည်းအမျိုးမျိုးရနိုင်တဲ့ JSW Yangon ဆိုင်နဲ့ပတ်သက်လို့ အစ်ကိုဖြစ်သူနဲ့အတူ ဦးစီးလုပ်ကိုင်နေတဲ့ မယမင်းထွေးက ဖြေဆိုပေးထားပါတယ်။

JSW1

ဆိုင်အကြောင်းနဲ့ ဘာတွေရနိုင်သလဲ

——————-

ဂျပန်ရိုးရာပစ္စည်းတွေ အများဆုံးရှိပါတယ်။ အဓိကကတော့ Japan Samuri ရိုးရာပစ္စည်းကို ရောင်းချပေးနေပါတယ်။ နောက်ပိုင်းဂျပန်လက်မှု/လက်ဆောင်/ ရိုးရာပစ္စည်းလို့ပြောလိုက်တာနဲ့ ဆိုင်မှာအကုန်ရနိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ ထူးထူးခြားခြား ဂျပန်ရိုးရာ လက်မှုပစ္စည်းနဲ့ပတ်သက်ပြီး ရောင်းချပေးနေတဲ့ ရန်ကုန်မှာရှိတဲ့ တစ်ဆိုင်တည်းသောဆိုင်ဖြစ်ပြီး အမြင်လည်းဆန်းရမယ်၊ အရည်အသွေးလည်း ကောင်းရမယ်တဲ့ ပစ္စည်းတွေကို ရောင်းချပေးနေတာ ဖြစ်တယ်လို့သိရပါတယ်။

JSW2

ပစ္စည်းဈေးနှုန်းနဲ့ ၀န်ဆောင်မှု၊ အရည်အသွေးပိုင်း

——————

လက်မှုပစ္စည်းတွေဖြစ်တဲ့အတွက် ဂျပန်မှာဆို အရမ်းဈေးကြီးပါတယ်။ မြန်မာနိုင်ငံကနေ Discount ချတဲ့ ရာသီမှာ သွားဝယ်ထားပြီး မြန်မာလူမျိုးတွေ တတ်နိုင်လောက်တဲ့ ဈေးအနေအထားနဲ့ ပြန်ရောင်းပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေအနေနဲ့တော့ ဂျပန်ရိုးရာအရုပ်တွေက အနည်းဆုံး ၁၈၀,၀၀ ကျပ်ဝန်းကျင်ကနေ အများဆုံးသုံးသိန်းကနေ ငါးသိန်းထိ အစားစားရှိပါတယ်။

ဂျပန် Handmade ပစ္စည်းတွေဖြစ်တဲ့အတွက် အရည်အသွေးပိုင်းကို အာမခံပေးတဲ့အပြင် ရန်ကုန်မြို့တွင်း အိမ်အရောက်ပစ္စည်းပို့ဆောင်ပေးပြီး တခြားမြို့တွေကနေ မှာမယ်ဆိုရင်တော့ ကားဂိတ်အထိပို့ပေးတယ်လို့ သိရပါတယ်။

အနာဂတ်အစီအစဉ်

——————-

စလုပ်ကတည်းက သူများမလုပ်တဲ့အချိန်မှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပစ္စည်းကသူများနဲ့မတူတဲ့အတွက် အချိန်အတိုင်းအတာတစ်ခုတော့ စောင့်ပေးရပါတယ်။ အနာဂတ်မှာ ကရာတေးလို အားကစားနဲ့ပတ်သက်တဲ့ Dress တွေကို JSW တံဆိပ်နဲ့ချုပ်ပြီး ဈေးသက်သက်သာသာနဲ့ ရောင်းချပေးသွားဖို့ရှိပါတယ်။ ဆိုင်ခွဲဖွင့်ဖို့လည်း အစီအစဉ်ရှိပါတယ်။ ဒီဇင်ဘာလကုန်လောက်မှာ ရန်ကုန်မြို့၊ ဝေဇယန္တာလမ်း၊ မေတ္တာလမ်းသွယ်၊ အမှတ် ၉၉၉ မှာ ဆိုင်သစ်ဖွင့်ဖို့ရှိပါတယ်။ ဆိုင်သစ်မှာ ရိုးရာပစ္စည်းတွေအပြင် လူအသုံးအဆောင်၊ စားသောက်ကုန်အပါအ၀င် Online ကနေ သီးသန့်မှာယူတဲ့ ပစ္စည်းတွေကိုလည်း ရောင်းချပေးသွားမှာပါ။ Online ကနေ မှာယူတဲ့ ပစ္စည်းတွေကိုလည်း တစ်ပတ်၊ နှစ်ပတ်လောက်အတွင်းရအောင် ရောင်းချပေးသွားမှာဖြစ်ပါတယ်။

JSW3

ဆိုင်ဖွင့်ချိန်

————

ဆိုင်ဖွင့်ချိန်ကတော့ နေ့စဉ်နံနက် ၁၀ နာရီကနေ ည ၈ နာရီအထိ ဖွင့်ပေးပါတယ်။

JSW4

ဆိုင်လိပ်စာ

————-

အမှတ် ၁၈၈-အေ၊ ဝေဇယန္တာလမ်း(ရတနာလမ်းအနီး)၊ ၁၁ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း – 09972668248 ၊ 095027488

Facebook – @JSWmyanmar