International Culture Festival 2015 ပြပွဲကျင်းပ

IFC 10

Horizon International ကျောင်းနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနတို့ပူးပေါင်းပြီး ဒုတိယအကြိမ်မြောက်အဖြစ် International Culture Festival 2015 ကို မင်းဓမ္မလမ်းပေါ်ရှိ Myanmar Convention Centre မှာ ဖေဖ၀ါရီလ ၆ ရက်နဲ့ ၇ ရက် နှစ်ရက်တာ ကျင်းပပြုလုပ်လျက်ရှိပါတယ်။ နိုင်ငံတကာရဲ့ယဉ်ကျေးမှုနဲ့အစားအသောက်တွေကို ပြသထားတဲ့ ဆိုင်ခန်းပေါင်း ၄၈ ခန်းရှိပြီးတော့ တစ်ခန်းကို ဆရာမတစ်ယောက်နဲ့ ကလေးငါးယောက်တာ ၀န်ယူထားပြီး ကလေးတွေဟာ ကိုယ်တာဝန်ယူထားတဲ့နိုင်ငံအကြောင်း သိရှိအောင် လေ့လာထားရတယ်လို့ဆိုပါတယ်။ Horizon Internal မြန်မာစာဌာနမှဌာနမှူး ဒေါ်ယဉ်ယဉ်နုက ` ကျွန်မတို့အခုလို နိုင်ငံတကာက အစားအသောက်၊ ယဉ်ကျေးမှုတွေကို ပြသထားတာ ကျွန်မတို့ကျောင်းသား၊ ကျောင်းသူတွေအတွက် နိုင်ငံပေါင်းစုံရဲ့အကြောင်းကို စုံစုံလင်လင်သိရှိခွင့်ရတယ်။ ဒီနိုင်ငံမှာဒါမျိုးဝတ်ပါလား၊ အစားအစာက ဒီလိုပါလားဆိုတာတွေကို သိခွင့်ရမှာဖြစ်သလို အပြင်ကနေလာရောက်ကြည့်ရှုတဲ့လူတွေအတွက် လည်း အထောက်အကူပြုမှာဖြစ်ပါတယ်´ လို့ ပြောကြားခဲ့ပါတယ်။

IFC 9

IFC 8

IFC 7

IFC 6

IFC 5

IFC 4

IFC 3

IFC 2