Hyundai Motor နှင့် Shwe Daehan Motors တို့မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ PPE (Personal Protective Equipment) များလှူဒါန်း’

Hyundai Motor နှင့် Shwe Daehan Motors တို့မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအား Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE (Personal Protective Equipment)) များ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် မေလ ၁၄ ရက်က ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H. E. Mr. Lee Sang Hwa၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ Mr. Kim Sunbal (CEO of Hyundai Motor Myanmar)၊ Mr. Choi Won Young (Managing Director of Coordination and Innovation Division)၊ Mr. Park Chang Ick (Managing Director of Sale and Marketing Division)၊ ဒေါ်ပန်းမို့မို့ဖြူ (DGM of Hyundai Motor Myanmar)၊ နဲ့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသံရုံးနှင့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ လှူဒါန်းပွဲအခမ်းအနားမှာ Hyundai Motor နှင့် Shwe Daehan Motors မှ အမေရိကန်ဒေါ်လာ ၄၄၀၀၀ တန်ဖိုးရှိ ကိုရီးယားနိုင်ငံထုတ် PPE (Personal Protective Equipment) အစုံနှစ်ထောင်ကို လှူဒါန်းခဲ့ကြခြင်းဖြစ်ပါတယ်။

အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသံအမတ်ကြီး H. E. Mr. Lee Sang Hwa က ဂုဏ်ပြုအမှာစကားပြောကြားပေးခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသံအမတ်ကြီးနှင့်အတူ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ PPE (Personal Protective Equipment) များကို ပေးအပ် လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ပေးခဲ့ပါတယ်။