Huawei Flim Awards Red Carpet Show အခမ်းအနား

Huawei Mate 30 Pro ကိုအသုံးပြုရိုက်ကူးထားတဲ့ ဒါရိုက်တာအာကာ (Arkar Production) ရဲ့ Unbreakable Bond နဲ့ ဒါရိုက်တာ Wayne ရဲ့ Relive အမည်ရှိ ဇာတ်ကားတိုနှစ်ကားပြသပွဲ Short Flim Red Carpet Show ကိုဇန်နဝါရီလ ၁၉ ရက်က JCGV (Kan Thar Yar) မှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာဒါရိုက်တာနှစ်ဦရဲ့ Huawei Mate 30 Pro ဖုန်းနဲ့ ရိုက်ကူးဖန်တီးမှုအတွေ့အကြုံများကို ဝေမျဆွေးနွေးတဲ့ Movie Workshop တစ်ခုလည်း ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် Huawei Mate 30 ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ၃ မိနစ်မှ ၁၀ မိနစ်စာဇာတ်လမ်းတိုပြိုင်ပွဲကို Unbreakable Bond ခေါင်းစဉ်နဲ့ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီးတော့ Huawei Flim Awards ပေးအပ်သွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်များအနေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုများကို ဇန်နဝါရီလ ၂၀ ရက်မှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အတွင်း ပေးပို့ယှဉ်ပြိုင်ရမှာဖြစ်ပြီးတော့ ဒါရိုက်တာအာကာနဲ့ ဒိုင်အဖွဲ့ကရွေးချယ်တဲ့ အကောင်းဆုံးဆုနဲ့ Voting အများဆုံးဆုဆိုပြီး ဆုနှစ်ဆုအဖြစ် Huawei Mate 30 Pro များပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက Huawei Mobile Facebook မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။