Handler Myanmar ရဲ့ Travel Booking Application မိတ်ဆက်ပွဲ

Handler Myanmar OTA(Online Travel Agent) ကနေ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ဟိုတယ်များကို Booking ပြုလုပ်နိုင်မယ့် ဝက်ဘ်ဆိုက်နဲ့ Mobile Application ကို ဇန်နဝါရီလ ၂၄ ရက်က မိတ်ဆက်လိုက်ပါတယ်။ Handler Myanmar Travel Booking Application ကို ပြည်တွင်းကုမ္ပဏီဖြစ်တဲ့ Myantel ကနေ ပြုလုပ်ထားပေးတာဖြစ်ပြီး ဟိုတယ်ပိုင်ရှင်များနဲ့ ခရီးသွားများအတွက် ဘိုကင်ပြုလုပ်ရာမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့် Application တစ်ခုဖြစ်ပါတယ်။

Handler Myanmar ရဲ့ Travel Booking Application  မိတ်ဆက်ပွဲ

အဆိုပါ Booking Application ကို သုံးစွဲရလွယ်ကူအောင် ပြုလုပ်ထားပြီးတော့ တစ်ကိုယ်တော်ခရီးသွားတဲ့သူတွေအတွက် ကောင်းကျိုးများရရှိနိုင်မယ့်အပြင် ဟိုတယ်များ ကိုငွေပေးချေရာမှာလည်း မြန်မာနိုင်ငံမှာလူသုံးများတဲ့ စနစ်များနဲ့ ပေးချေနိုင်မယ့်အပြင် Convenience Store များမှာလည်း အလွယ်တကူပေးချေနိုင်မှာဖြစ်ပါတယ်။ Handler Application ကို Google Play Store နဲ့ Apple Store များမှာ ဒေါင်းလုဒ်ခ်ရယူပြီး သုံးစွဲနိုင်နေပြီဖြစ် ပါတယ်။

Handler Myanmar ရဲ့ Travel Booking Application  မိတ်ဆက်ပွဲ