Great American Economic Revival Industry Groups

အမေရိကန်သမ္မတ Donald Trump ဟာ Covid-19 ကြောင့် ထိခိုက်နေတဲ့ နိုင်ငံရဲ့ အခြေအနေပေါင်းစုံကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေအမြန်ဆုံးပြန်လည် လည်ပတ်နိုင်ဖို့အတွက် ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ခေါင်းဆောင်တွေပါဝင်ဖွဲ့စည်းထားတဲ့ Great American Economic Revival Industry Groups ရဲ့ အကြံပေးအဖွဲ့ဝင်တွေကို ဧပြီ ၁၄ ရက်က ကြေငြာခဲ့ပါတယ်။

အကြံပေးတွေကို စိုက်ပျိုးရေး၊ ဘဏ်လုပ်ငန်း၊ စွမ်းအင်၊ ဟိုတယ်၊ အားကစား၊ နည်းပညာလုပ်ငန်း၊ အတွေးအခေါ်ပညာရှင်စတဲ့ ကဏ္ဍ ၁၆ ခုကနေ ရွေးချယ်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ပါတီစုံက (အစိုးရကိုထောက်ခံသူရော၊ အတိုက်အခံ ပါတီရော)ဒီ အမေရိကန် ခေါင်းဆောင်တွေဟာ အမေရိကန်ရဲ့
စီးပွားရေးပြန်လည်ဦးမော့လာဖို့အတွက် အစိုးရနဲ့အတူပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ အိမ်ဖြူတော်က
ထုတ်ပြန်ထားပါတယ်။

အဖွဲ့ဝင်တွေထဲက လူသိများတဲ့ ပုဂ္ဂိုလ် ၂၀ ကိုဖော်ပြလိုက်ပါတယ်။

1.Jamie Dimon, CEO of JPMorgan Chase
2.David Solomon, CEO of Goldman Sachs
3.Stephen Schwarzman, CEO of Blackstone
4.James Quincey, CEO of Coca-Cola
5.Chris Kempczinski, CEO of McDonald’s
6.Mark Roman, CEO of 3M
7.Daniel O’Day, CEO of Gilead Sciences
8.Sheldon Adelson, CEO of Las Vegas Sands
9.Elon Musk, CEO of Tesla
10.Jeff Bezos, CEO of Amazon
11.Tim Cook, CEO of Apple
12.Mark Zuckerberg, CEO of Facebook
13.John Malone, CEO of Liberty Media
14.Adam Silver, NBA commissioner
15.Roger Goodell, NFL commissioner
16.Vince McMahon, CEO of WWE
17.Bob Kraft, owner of the New England Patriots
18.Mark Cuban, owner of the Dallas Mavericks
19.Condoleezza Rice, former secretary of state
20.Steve Forbes, editor-in-chief of Forbes magazine

Ref: Business Insider