GEMINI (မေထုန်ရာသီဖွား) – မေလ ၂၂ ရက်မှ ဇွန်လ ၂၁ ရက်အတွင်း မွေးဖွားသူများ

Gemini

မိမိအရည်အသွေးများ ထက်မြက်နေသောကာလဖြစ်သည်။ စွမ်းဆောင်ပြောဆိုသမျှ ထက်မြက်စွာ အောင်မြင်နိုင်သောကာလဖြစ်သည်။ ကိုယ်တိုင်အစွမ်းအစနှင့် တိုးတက်မှုများကို စနစ်တကျလုပ်ကိုင်နိုင်သော အခြေအနေရှိပါသည်။ လုပ်ငန်းအကြံအစည်များ စနစ်တကျအကောင်အထည်ဖော် အောင်မြင်မည်။ တစ်ပါးသူမနိုင်နင်းသော အခက်အခဲများ မိမိဆောင်ရွက်၍ အောင်မြင်မည်။ ပညာအတတ်နှင့်ပတ်သက်သော အနေအထား အထူးကောင်းသည့်ကာလဖြစ်၏။

စံ-ဇာဏီဘို