Freelance လုပ်ခွင့်မရှိဘူးဆိုတဲ့ စည်းကမ်း ကုမ္ပဏီမှာထုတ်ထားပေမယ့် တချို့လုပ်နေကြတာတွေ့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မသိသလိုနေသင့်ပါသလား။

အလုပ်သဘာဝချင်းတူတဲ့ တခြားလုပ်ငန်းတစ်ခုမှာ အချိန်ပိုင်းပဲဖြစ်ဖြစ်၊ Freelance ပဲဖြစ်ဖြစ်လုပ်ခွင့်မရှိဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်း ကုမ္ပဏီမှာထုတ်ထားပေမယ့် တချို့လုပ်ဖော်ကိုင်ဖက်တွေ လုပ်နေကြတာတွေ့ရပါတယ်။ ဒီလိုဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မသိသလိုနေသင့်ပါသလား။ အဲဒီလိုနေရင် ကုမ္ပဏီကို ထိခိုက်နိုင်ပါသလားဆိုတာကို ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း – ရန်ကုန်စီးပွားရေးတက္ကသိုလ်)မှ အကြံပြုဖြေကြားပေးထားပါတယ်။

ဒီအခြေအနေနဲ့ လုပ်ပိုင်ခွင့်နဲ့လုပ်ကိုင်ခြင်းကို လုပ်ငန်းရှင်အနေနဲ့ ကြည့်ရမှာဖြစ်သလို အလုပ်လုပ်သူအနေနဲ့ လည်း ကြည့်ဖို့လိုပါတယ်။

မေးထားတဲ့မေးခွန်းအရ လုပ်ငန်းရှင်က ဝန်ထမ်း တွေကို လုပ်ပိုင်ခွင့်ကန့်သတ်ထားတယ်။ ဒါပေမဲ့ လုပ်နေ တဲ့သူတွေလည်းရှိတယ်။ ဒီလိုလုပ်နေတာကို အလုပ်ရှင် မသိပေမယ့် သိနေတဲ့လုပ်ဖော်ကိုင်ဖက် (တချို့) တွေက သူတို့လည်းလုပ်ရမလား၊ လုပ်လို့ ပိုင်ရှင်သိသွားရင်ဆိုတဲ့ စိတ်ရှိနေတယ်။
အခြေအနေကို ခန့်မှန်းသုံးသပ်ရမယ်ဆိုရင် လုပ် ငန်းက အပြည့်အဝလှုပ်ရှားနေတာမဟုတ်လို့လည်း ဖြစ် နိုင်ပါတယ်။ လုပ်ငန်းရှင်အနေနဲ့ မိမိရဲ့လုပ်ငန်းအခြေအ နေကို သုံးသပ်ဆုံးဖြတ်သင့်သလို ဝန်ထမ်းအနေနဲ့ကလည်း ကိုယ့်အတွက် ဒီလုပ်ငန်းခွင်ဟာ အခြေချသင့်တဲ့နေရာ ဟုတ်ရဲ့လားဆိုတာကို စဉ်းစားသင့်ပါတယ်။ ဒါပေမဲ့ အခု ကာလအခြေအနေတွေမှာ ဝန်ထမ်းတွေဖြစ်တဲ့ တက္ကသိုလ် ဆရာမတွေ၊ ကျောင်းဆရာမတွေ ကျူရှင်ပေးကြပါတယ်။ တချို့လုပ်ငန်းတွေအနေနဲ့လည်း အချိန်ပြည့်မဟုတ်ဘဲ အချိန်ပိုင်းစာရင်းစစ်တို့၊ ဃသညျကူအညေအ တို့ ထားကြပါ တယ်။ လိုအပ်ချက်အရ အလုပ်ရှင်နဲ့ဝန်ထမ်း နှစ်ဦး နှစ်ဖက်စလုံးက အခြေအနေကိုညှိနှိုင်းကြပြီး ပွင့်လင်းပြေ လည်မှုကို ရယူသင့်ပါတယ်။