Father’s Office Bar

FatherBar1

Cocktail ၊ Beer ၊ Wine တွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီတစ်ခေါက်မှာတော့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ ဆိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် . . .

အမှတ် ၂၉၁၊ မြေညီထပ်၊ ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၉၄၅၀၂၁၈၀၈၀ ဖြစ်ပါတယ်။

ဆိုင်ဖွင့်ချိန် . . .

ညနေ ၅ နာရီ ကနေ ည ၁၁ နာရီထိ ဖြစ်ပါတယ်။

FatherBar2

ရရှိနိုင်တဲ့ Menu တွေက . . .

ဆိုင်မှာဆိုရင် Drink တွေထဲမှာ အမျိုးသမီးတွေ တော်တော်များများကြိုက်ကြတာက Mojito နဲ့ Magarita ဖြစ်ပါတယ်။ အမျိုးသားတွေအတွက်ကတော့ Nigroni ရှိပါတယ်။ Cocktail ၊ Beer နဲ့ Wine တွေ ရနိုင်ပါတယ်။ Beer ဆိုရင်လည်း International Beer မျိုးစုံရနိုင်ပါတယ်။ ဆိုင်မှာ အဓိကရည်ရွယ်တာက Bar သီးသန့်ဆိုတော့ အစားအသောက်က ဆယ်မျိုးလောက်ပဲ ရှိပါတယ်။ Bar Snacks တွေရှိပြီး Fish & Chip နဲ့ Hot Dog တွေ ရနိုင်ပါတယ်။

Bartender တွေက . . .

ဆိုင်မှာရှိတဲ့ Bartender က Menu ထဲမှာရှိတဲ့ Drink တွေအပြင် တခြား Customer ကြိုက်တဲ့ Drink တွေကိုလည်း ပြုလုပ်ပေးပါတယ်။ ဆိုင်က Family Business ဖြစ်တဲ့အတွက် Bartender ဆီက Idea နဲ့ ဆိုင်ရှင်ရဲ့ Idea တို့ပေါင်းစပ်ပြီး Drink တွေကို ပြုလုပ်ပါတယ်။

FatherBar3

ဈေးနှုန်းပိုင်းအနေနဲ့ကတော့ . . .

Cocktail တွေရဲ့ဈေးနှုန်းက ခြောက်ထောင်ကျပ်ကနေ ရှစ်ထောင်ကျပ်အတွင်း ရှိပါတယ်။ Beer ထဲမှာဆိုရင် နှစ်ထောင်ကျပ်ကနေပြီးတော့ လေးထောင်ကျပ်အထိပဲ ရှိပါတယ်။

Promotion နဲ့ Discount . . .

Happy Hour က ညနေ ၅ နာရီကနေ ည ၇ နာရီအထိ နေ့တိုင်းရှိပါတယ်။ Buy One Get One Free ပါ။ Friday ၊ Saturaday ၊ Sunday ဆိုရင် Beer Promotion ရှိပါတယ်။ Buy Three Get One Free ပါ။

FatherBar4

အများဆုံးလာရောက်တဲ့ ဧည့်သည်တွေက . . .

နိုင်ငံခြားသားဧည့်သည်တွေ တော်တော်များများလာကြပါတယ်။

အနာဂတ်အစီအစဉ် . . .

အခုဆိုရင် ဆိုင်က ၅ နာရီမှ စဖွင့်ပါတယ်။ နောက်ဆိုရင်တော့ Lunch Menu နဲ့ Breakfast Menu တွေ ရောင်းဖို့ရှိပါတယ်။ Breakfast နဲ့ Lunch  မှာ Coffee အဓိကထားပြီး ရောင်းဖို့ စဉ်းစားထားတယ်။ အစားအသောက်တွေကိုလည်း ထူးထူးဆန်းဆန်းတွေ ဆန်းသစ်တီထွင်သွားဖို့ ရှိပါတယ်။ တခြားမှာမရနိုင်တဲ့ Menu တွေလည်း ထည့်သွားဖို့ရှိပါတယ်။

သန္တာညွန့်ဝင်း