East –West Center International Media Conference 2014 : Challenges of a Free Press

1

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ East-West Center ကနေ ကြီးမှူးစီစဉ်တဲ့ နိုင်ငံတကာ မီဒီယာ ညီလာခံ ၂၀၁၄ ကို မတ်လ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ပြုလုပ်နေပါတယ်။ ရန်ကုန်မြို့မှာ လာရောက်ကျင်းပတဲ့ ဒီနိုင်ငံတကာ မီဒီယာ ညီလာခံရဲ့ အဓိက Title ကတော့ Challenges of a Free Press ဖြစ်ပါတယ်။ တကယ်တော့ ဒီညီလာခံရဲ့ အဖွင့်အစီအစဉ်တစ်ခုကို မတ်လ ၉ ရက်နေ့ ကတည်းက ဆရာစံပလာဇာမှာရှိတဲ့ Co-operative Business Center မှာ အထူးနေ့လည်စာစားပွဲနဲ့ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။  အဲဒီနေ့က Suu Foundation ကိုလည်း စတင်မိတ်ဆက်ခဲ့ပြီး Suu Foundation ရဲ့ တည်ထောင်သူ ဒေါ်အောင်ဆန်းစုကြည် က Challenges of a Free Press in Emerging and Established Democracies ဆိုတဲ့ခေါင်းစဉ်နဲ့ နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာတော့ ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ ညီလာခံအဖွင့် နှုတ်ခွန်းဆက်စကားပြောကြားခြင်းအစီအစဉ်နဲ့ စတင်ခဲ့ပြီး Myanmar Media Reforms နဲ့ပတ်သက်လို့ ၀န်ကြီး ဦးရဲထွဋ်မှလည်း အမှာစကားပြောကြားခဲ့ပါတယ်။ East-West Center ကနေ ကြီးမှူးကျင်းပတဲ့ ဒီညီလာခံဟာ American၊ Asian နဲ့ Pacific ဒေသတို့ရှိ စာနယ်ဇင်းသမားများအကြား ဒေသတွင်း ဖြစ်ပျက်နေတဲ့ အရးကိစ္စများ၊ မီဒီယာများကြုံတွေ့နေရတဲ့ တူညီတဲ့ စိန်ခေါ်မှုများ၊ ဦးတည်ရာလမ်းကြောင်းများ စတာတွေနဲ့ပတ်သက်လို့ အချင်းချင်း အပြန်အလှန်ဆွေးနွေးနိုင်စေဖို့ ပြုလုပ်ထားတဲ့ ပညာရှင် အချင်းချင်း ကွန်ရက်ချိတ်ဆက်နိုင်ဖို့ ညီလာခံပဲဖြစ်ပါတယ်။

3 2