Cross Section Head/ Manager တွေ ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့အခါ

Cross Section Head/ Manager တွေ ပူးပေါင်းဆောင်ရွက်မှုအားနည်းတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေနဲ့ ဘယ်လိုကောင်းအောင် ပြုပြင်ရပါမလဲဆိုတာကို ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်) မှ အကြံဖြေကြားပေးထားပါတယ်။

Cross Section ဆိုတာက အဆင့်တူတစ်ဆင့်မှာ အလုပ်တာဝန်တွေ၊ Team တွေခွဲပြီး လုပ်ကြတာကို ဆိုလိုပါ တယ်။ Section တစ်ခုစီမှာလုပ်တဲ့အလုပ်ဟာ နောက်မှာအချိန်တူပြန်ဆက်ကြရတဲ့အတွက် ချိန်ကိုက်ဖို့၊ ဆက်စပ်မှုတွေကိုက်ညီဖို့ လိုပါလိမ့်မယ်။ ညှိနှိုင်းပူးပေါင်းမှု အားနည်းရင်တော့ပြီးတဲ့အချိန်မကိုက်တာ၊ အချိန်ပိုကြာတာ၊ Section တစ်ခုစီရဲ့ Output ကိုစောင့်ပြီး ပြန်ညှိဖို့လိုတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးတွေရှိမယ်ဆိုရင် ထုတ်လုပ်မှုနှောင့်နှေးတာ၊ Quality အဆင့်မမီတာတွေဖြစ်မှာပါ။

အဲဒီအကျိုးဆက်တွေမကြုံရဖို့ကတော့ အစကတည်းက လုပ်မယ့်အလုပ်အဆင့်ဆင့်မှာ ညှိနှိုင်းမယ့်အကြိမ်တွေကို အတော်လေးစီစဉ်ထားဖို့လိုပါလိမ့်မယ်။ ပစ္စည်းရဲ့တိကျမှုနဲ့ပတ်သက်ပြီး ညှိနှိုင်းဖို့အတွက် အချိန် သတ်မှတ်ဆောင်ရွက်ရပါလိမ့်မယ်။ ခေါင်းဆောင်လုပ်တဲ့သူအချင်းချင်းက တာဝန်ဆက်စပ်နေသလို ဝန်ထမ်းတွေအနေနဲ့ကလည်း အချိန်ကိုက်ဖြစ်ရပါမယ်။ အလုပ်ပျက်ကွက်မှု၊ လက်ရာမညီညွတ်မှု ပြဿနာတွေမရှိအောင် ဂရုပြုဖို့အလေးထားကြီးကြပ်ရပါလိမ့်မယ်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)