Core Competence အဓိကကျသော အခိုင်အမာစွမ်းရည်

article landscape wartermark final1

ယှဉ်ပြိုင်အောင်နိုင်မှု၏ အရင်းအမြစ်

စီးပွားရေးအဖွဲ့အစည်းတစ်ခု၏ ပြိုင်ဆိုင်အောင်နိုင်မှု အင်အားအမှန်သည် ယင်းအဖွဲ့အစည်းအတွင်းမှာပင်ရှိသည်ဟု ၁၉၉၀ ပြည့်နှစ်ပတ်ဝန်းကျင်က အလေးအနက်အဆိုပြုသူ နှစ်ဦးမှာ Gary Hamel   နှင့်  C K Prahalad  တို့ဖြစ်သည်။ ကော်ပိုရေးရှင်း CEO  များသည် မိမိအဖွဲ့အစည်းအတွင်း၌ ရှိနေသော ခိုင်မာသည့်စွမ်းအား၏ အဓိကကျမှုကို မြင်တတ်ဖို့လိုသည်ဟု ဆိုသည်။

Core Competence  ဆိုသည်မှာ အများတကာထက်သာသော မိမိ၏အတွင်းအားပင်ဖြစ်၍ ပြိုင်ဆိုင်ရာတွင်   ယင်းကို အကျိုးအမြတ်အရှိဆုံးဖြစ်ရန် အသုံးပြုရမည်ဟု တိုက်တွန်းသည်။ အထူးအားဖြင့် Corporation  ကြီးများက ကုန်ကျစရိတ်နည်းနိုင်သော ဒေသများတွင် စီးပွားရေးလုပ်ငန်းခွဲများဖွင့်ပြီး ယှဉ်ပြိုင်လာသည့်နည်း လမ်း ကို ဝေဖန်သည်။ လုပ်ငန်းယူနစ်ခွဲများဖြင့် လုပ်ခြင်းအားဖြင့် မိမိရရှိ ထားသော  Core Competence ထပ်တူမရနိုင်တော့ဘဲ အားလျော့ဆုံးရှုံးနိုင်သည်ဟု ဆိုသည်။

Core Competence ဟု သတ်မှတ်နိုင်ရန် လိုအပ် ချက်များအဖြစ် အောက်ပါတို့ကို ဖော်ပြသည်။

–       ဈေးကွက်ကို ကျယ်ပြန့်အောင် ချဲ့ထွင်နိုင်သော အလား အလာရှိမှု၊

–        စားသုံးသူများက ယင်းကုန်ပစ္စည်းသည် မိမိတို့အကျိုး ကိုဆောင်သည်ဟု လက်ခံယုံကြည်မှု၊

–        အခြားသူများအလွယ်တကူ တုပထုတ်လုပ်ရန် ခက်ခဲမှု၊ မလွယ်ကူမှု၊

article portrait watermark final2

သာဓကများအဖြစ် ညွှန်းထား သည်များမှာ Canon Camera ထုတ်လုပ် သည့်ကုမ္ပဏီကြီးသည် Optics ဟုခေါ်သည့် အမြင်ဆိုင် ရာကျွမ်းကျင်ထုတ် လုပ်မှုမှ စာကူးစက်များ၊ လေဆာပုံနှိပ်စက် များထူးထူးခြားခြား အောင်မြင်အောင် ထုတ်လုပ်နိုင်ခဲ့သည်။

Honda ကုမ္ပဏီ၏ ထူးခြားသည့် စွမ်းရည်မှာ ကားအင်ဂျင်နှင့် မီးရထားပါဝါ ထုတ်လုပ်ခြင်းဖြစ် ပြီး ယင်းအဓိကစွမ်းရည်ကို သုံး ကာ မော်တော် ကား၊ မော်တော် ဆိုင်ကယ်၊ လယ်ထွန်စက်၊ မီးစက် စသည်တို့ကို ထုတ်လုပ်၍ ဈေး ကွက်ကို ချုပ်ကိုင်နိုင်သည်။

 

တစ်ဆင့်စကား ကြားဖူးထားသည်မှာ ဂျာမနီလုပ် Volkswagen ကားနှင့်ပတ်သက်သည်။ Volkswagen ကား များကို ဘရာဇီးနိုင်ငံတွင် စက်ရုံတည်ထောင်ပြီး  ထုတ် လုပ်ရောင်းချအောင်မြင်ခဲ့သော်လည်း ဂျာမနီနိုင်ငံရှိ စက်ရုံ များကထုတ်သော  ကားများနှင့်မတူဟု ဆိုကြသည်။    Core Competence သည် ထုတ်လုပ်ရာနှင့် စက်ပစ္စည်းများ ထဲတွင် ရှိခြင်းပင်မဟုတ်ဘဲ လုပ်ငန်းခွင်တွင် စိမ့်ဝင်ခိုင်မာနေ ပြီး လုပ်သားများ၏လုပ်ကိုင်ပုံများအနှံ့မှာ အရိုးစွဲနေသည်ဟု ဆိုနိုင်ကြောင်း ပြောထားသည်။

မြန်မာပြည်တွင် မြင်တွေ့နိုင်သောသူများနှင့် မတူ သည့် စံမီအောင်တုပ၍ မရသော စွမ်းရည်အခြေအမြစ်ကို ပိုင်ဆိုင်ထားသည့် လုပ်ငန်းအချို့ကို လည်း ရွေးချယ်ဖော် ထုတ် ကြည့်နိုင်ပါသည်။