Conference Call လုပ်ချိန်မှာ လိုက်နာလုပ်ဆောင်သင့်တဲ့ အချက် ၁၀ ချက်

Conference Call လုပ်နေချိန်မှာ နောက်ကျမှဝင်တဲ့သူတွေ၊ ဖုန်းတွေကို Mute လုပ်ထားဖို့ မေ့တဲ့သူတွေ၊ Call မှာမပါတဲ့ လူတွေနဲ့ စကားပြောနေတဲ့သူတွေနဲ့ ကြုံဖူးပါသလား။ ညစာစားပွဲမှာ လိုက်နာရမယ့်အချက်တွေကို ကျွန်တော်တို့တွေ သိကြပါတယ်။ ဒါဆိုရင် Conference Call တွေမှာ လိုက်နာရမယ့်အချက်တွေကိုကော သိကြလား။

ဒါတွေကတော့ Conference Call လုပ်ချိန်မှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေပဲ ဖြစ်ပါတယ်။

conferencecall2

၁။ Conference Call လုပ်တဲ့ နေ့ရက်၊ အချိန်တွေကို သိအောင်လုပ်ပါ

သင့်ရဲ့ Conference Call က ဘယ်အချိန်လဲဆိုတာ သေချာမှတ်ထားပြီး နောက်မှလှန်လှောရှာဖွေနေရတာမျိုးမဖြစ်အောင် Conference Call Number ကို ယူထားပါ။ သင်အစည်းအဝေးမတက်ခင်မှာ အစည်းအဝေးကလူတစ်ယောက်ရဲ့ Call ၊ ဒါမှမဟုတ် Email ကနေတစ်ဆင့် Meeting Reminder ရရှိတာမျိုး မဖြစ်သင့်ပါဘူး။

၂။ မိနစ်အနည်းငယ်စောပြီး Conference Line ကို ခေါ်ထားပါ

နောက်ကျတာမျိုးမဖြစ်အောင် ကြိုးစားပါ။ အထူးသဖြင့် ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးရမယ့် အချိန်မျိုးတွေမှာ    ဂရုစိုက်သင့်ပါတယ်။ သူတို့က သင်ရောက်မယ့်အချိန်ကို စောင့်နေကြတဲ့အတွက် ဘယ်သူမှ သူတို့ကြောင့် Conference Call ရဲ့ ဆွေးနွေးမှု နှောင့်နှေးမယ့်အဖြစ်မျိုး မဖြစ်ချင်ကြပါဘူး။

၃။ သင်စကားမပြောတဲ့အချိန်မှာ သင့်ရဲ့ဖုန်းကို Mute လုပ်ထားပါ

အနှောင့်အယှက်ဖြစ်မယ့် အသံတွေ၊ စကားပြောသံတွေ၊ Conference Call အတွက် မသင့်တော်တဲ့ အသံတွေကို ရှောင်ရှားဖို့အတွက် Mute Button က သင့်ကိုကူညီပေးပါလိမ့်မယ်။ ဖုန်းကို Mute လုပ်ထားတဲ့အတွက် တခြား Background အသံတွေ၊ ဆူညံသံတွေကို ဖယ်ရှားနိုင်မှာပါ။

၎။ စပြီးမဆွေးနွေးခင်မှာ နာမည်အရင်မိတ်ဆက်ပါ

Conference Call တက်ရောက်တဲ့ လူတွေက တစ်ခန်းတည်း အတူရှိနေကြတာမဟုတ်တဲ့အတွက် သင်ဆွေးနွေးချင်တဲ့ အကြောင်းအရာကို ပိုပြီးနားလည်သဘောပေါက်အောင် ဘယ်သူကစကားပြောနေလဲဆိုတာကို လိုင်းပေါ်က လူတွေသိဖို့ အရေးကြီးပါတယ်။ တချို့ကိစ္စတွေမှာ သင်က သင့်နာမည်အပြင် ရာထူး၊ ကုမ္ပဏီနဲ့နေရာတွေကို ပြောချင်ပါလိမ့်မယ်။ ဒါက သင့် Conference Call မှာ သင့်ကို မတွေ့ဖူးတဲ့ တခြားအဖွဲ့အစည်းကလူတွေ ပါတဲ့အချိန်ဆို ပိုပြီးသင့်တော်ပါတယ်။

၅။ အကြောင်းအရာကို ချက်ချင်းဆွေးနွေးနိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ

တခြား Meetings တွေလိုမျိုးပဲ Conference Call မှာ ဆွေးနွေးတင်ပြလိုတဲ့ အကြောင်းအရာတွေ၊ မေးခွန်းတွေအတွက် ကြိုတင်ပြင်ဆင်သင့်ပါတယ်။ ဒါမှ အစည်းအဝေးကနေ ရလဒ်ကောင်းတွေ ရရှိနိုင်မှာပါ။

၆။ နောက်ခံဆူညံသံတွေကို တတ်နိုင်သမျှလျှော့ချထားပါ

ဖုန်းကို Mute လုပ်ထားတာကို ပြန်ဖွင့်ပြီး Conference Call မှာ ၀င်ဆွေးနွေးတော့မယ်ဆိုရင် တခြားခေါ်ဆိုသူတွေ အနှောင့်အယှက်မဖြစ်အောင် သတိထားပါ။ ဆူညံသံတွေက နေရာပေါင်းစုံက လာနိုင်ပါတယ်။ သင့်ကွန်ပျူတာစာရိုက်သံ၊ ကလေးတွေ ပြေးလွှားဆော့ကစားတဲ့အသံ၊ အိမ်မွေးတိရစ္ဆာန်တွေရဲ့ အသံ၊ ရုံးမှာရှိနေရင် ဘေးကလူတွေရဲ့ စကားပြောသံတွေက Conference Call မှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အစည်းအဝေးအတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုရှာတာ အကောင်းဆုံးပါပဲ။

၇။ အာရုံစိုက်နားထောင်ပါ

Conference Call မှာ ပါဝင်ဆွေးနွေးနေချိန်မှာ သင့်ရှေ့မှာ အနှောင့်အယှက်တွေ အများကြီးရှိနေတတ်ပါတယ်။ သင့်ရဲ့ အီးမေးလ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေက မေးခွန်းလာမေးတာတွေ၊ သင့်စားပွဲပေါ်မှာပုံနေတဲ့ အလုပ်တာဝန်တွေဖြစ်ပါတယ်။ Conference Call မှာ တခြားလူက သင့်ကို မေးခွန်းမေးပေမယ့် သင့်ကိုမေးနေမှန်း သတိမထားမိခဲ့ရင် သင်က အာရုံစိုက်နားမထောင်ဘူးဆိုတာ သိသာနေပါတယ်။ တခြားသူတွေရဲ့မေးခွန်းကို ပြန်ပြောပေးဖို့တောင်းဆိုရတဲ့လူ မဖြစ်ပါစေနဲ့။

၈။ ဖုန်းလိုင်းကောင်းအောင် လုပ်ထားပါ

Conference Call မှာ ဆွေးနွေးတင်ပြနေချိန်မှာ ဖုန်းလိုင်းမကောင်းရင် သင့်အသံကို ပြတ်တောက်စေပြီး နားလည်ရခက်ခဲစေနိုင်ပါတယ်။ တစ်ခါတလေ ဖုန်းလိုင်းကျတဲ့အထိဖြစ်ပြီး Meeting ကို ပြန်ချိတ်ရတတ်ပါတယ်။

၉။ အချိန်ဇယားအတိုင်း လုပ်ဆောင်ပါ

Conference Call မတိုင်ခင် အချိန်ဇယားရထားသင့်ပါတယ်။ ပြောဆိုဆွေးနွေးမယ့်ခေါင်းစဉ်ကို အာရုံစိုက်ပါ။ တကယ်လို့ Conference Call နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ ဒါမှမဟုတ် အချိန်ယူပြီး အလေးအနက်ထား ဆွေးနွေးရမယ့်အရာတွေရှိနေရင် Conference Call ကနေ ထွက်ပါ။ Conference Call ပြီးမှ ဆက်ပြီးဆွေးနွေးဖို့လိုတဲ့ အကြောင်းအရာတွေကို တစ်ယောက်ချင်းစီ ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

၁၀။ စေ့စပ်သေချာတဲ့ ဦးဆောင်သူတွေကို ရွေးချယ်ပါ

Conference Call တိုင်းမှာ စေ့စပ်သေချာတဲ့ ဦးဆောင်သူတွေရှိသင့်ပါတယ်။ ဦးဆောင်သူတွေက Conference Call မတိုင်ခင် အချိန်ဇယားတွေကို အီးမေးလ်ပို့ပေးရမှာဖြစ်ပြီး စကားဝိုင်းကို ဦးဆောင်ဆွေးနွေးပေးရမှာပါ။ ပါဝင်ဆွေးနွေးသူတွေ အချိန်ဇယားကိုသိပြီး အချိန်တိတိကျကျ လုပ်ဆောင်သွားကြဖို့ ဦးဆောင်သူမှာ တာဝန်ရှိပါတယ်။ တခြား Follow Up လုပ်တဲ့ အီးမေးလ်တွေနဲ့ တခြားအစည်းအဝေးနဲ့ဆိုင်တဲ့ ဖိတ်စာတွေကိုလည်းပို့ပေးရမှာဖြစ်ပါတယ်။

Ref:http://eimagine.com