CAPRICORN (မကာရရာသီဖွား) – ဒီဇင်ဘာ ၂၂ ရက်မှ ဇန်န၀ါရီလ ၂၀ ရက်အတွင်း မွေးဖွားသူများ

CAPRICORN-feature-213x300

ကြံစည်ထားသော်လည်း လက်တွေ့အကောင်အထည်မဖော်ရသေးသော လုပ်ငန်းကိစ္စများ ဆောင်ရွက်အောင်မြင်နိုင်သော အနေအထားရှိမည်။ မေ့မေ့လျော့လျော့ဖြစ်ထားသော အရာတစ်ခုအား အစမှ ပြန်ကောက်ရမည့် အနေအထားရှိသည်။ လက်တွေ့ကျကျ သုံးသပ်၍ တိုးတက်မှုရမည်။ ခရီးတစ်ခု မမျှော်လင့်ဘဲ သွားရမည်။ လက်တွင် ငွေမရှိဘဲ လုပ်ငန်းကြီးလုပ်လိုသူတစ်ဦးအား ကူညီဆောင်ရွက်ပေးရမည်။ ပျိုရွယ်သူများ စန်းပွင့်သည်။ အိမ်တွင်းလုပ်ငန်း စီးပွားတက်လမ်းရမည်။

 စံ-ဇာဏီဘို