စိုးရိမ်မှုနဲ့ပတ်သက်ပြီး သိဖို့လိုအပ်တဲ့အကြောင်းအရာ ၉ ခု

aughealth1

၁။ စာနာပေးနိုင်တဲ့ နားတစ်စုံကိုရှာပါ

သင့်ရဲ့စိုးရိမ်မှုတွေ၊ အတွေးတွေအားလုံးဟာ တကယ်တော့ တအားအရေးမကြီးဘူးဆိုတာကို ကူညီနားထောင်ပေးနိုင်တဲ့ မိသားစုဝင်၊ ဒါမှမဟုတ် သူငယ်ချင်းတွေ အမှန်တကယ်လိုအပ်ပါတယ်။ အနည်းငယ်သော အသိအမှတ်ပြုနားလည်ပေးခြင်းက များစွာထိရောက်မှုရှိပါတယ်။

၂။ တက်ကြွစွာနဲ့ နားထောင်ပေးနိုင်မယ့်သူမျိုးကိုရှာဖွေပါ

ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့အကြောင်းကို ကြိုတင်မြင်ပြီး နားလည်ပေးနိုင်တဲ့ လူအချို့နဲ့ဆက်ဆံကြရပါတယ်။ တကယ်လို့ စိုးရိမ်မှုရှိနေပြီဆိုရင်တော့ သင်ပြောတာတွေကို အမှန်တကယ် နားထောင်ပေးနိုင်မယ့်အပြင် ကိုယ့်ကိုစဉ်းစားစရာမေးခွန်းတွေ မေးပေးရုံတင်မကဘဲ ကိုယ့်အခြေအနေနဲ့ ပူပန်မှုက ဘာကြောင့်ဆိုတာ ဖော်ထုတ်ပေးနိုင်မယ့်လူတစ်ဦး လိုအပ်ပါတယ်။

aughealth4

၃။ အာရုံပြောင်းသွားအောင် ဆောင်ရွက်ပါ

Mallow ရဲ့ အကြံပေးချက်ကတော့ တစ်ခါတစ်ရံမှာ ရာသီဥတုအခြေအနေတွေ မေးမြန်းတာတွေလည်း ပြုလုပ်တယ်လို့ ဆိုပါတယ်။ တစ်ခါတစ်ရံမှာ သင့်ကိုဖိစီးစေတဲ့အရာတွေ၊ ကြောက်စိတ်တွေကို တခြားအသုံးဝင်မယ်လို့ထင်တဲ့ အကြောင်းအရာတွေနဲ့ပြောင်းလဲပြီး အာရုံလွှဲစကား ပြောဆိုနေသင့်ပါတယ်။

၎။ အသက်ရှူခြင်း

ဒါဟာ လူတိုင်းပုံမှန်လုပ်နေကျအရာပါ။ ဒါပေမဲ့ စိုးရိမ်မှုရလာတတ်တဲ့သူတွေမှာ အသက်ရှူတာ အတော်မြန်လာတာမျိုးတွေ ဖြစ်နိုင်ပြီးတော့ သင့်ကိုစိတ်ဖိစီးမှု ပိုမိုပေးနိုင်ပါတယ်။ ဒါကြောင်မို့ နှစ်သိမ့်ဆွေးနွေးသူတွေရဲ့ အကြံပြုချက်ကတော့ အင်တာနက်ပေါ်မှာ "Breathing Gifs” ဆိုတာ လေးကိုရှာပြီး အဲဒီ Gifs လေးတွေအတိုင်း အသက်လိုက်ရှူဖို့ အကြံပြုပါတယ်။ ဒါဟာ ထိရောက်မှုရှိပါတယ်။ အသက်ပုံမှန်အနေအထားနဲ့ ရှူနေတဲ့အပြင် နှလုံးခုန်နှုန်းလည်း ဖြည်းပြီးတော့ လူလည်း အေးအေးဆေးဆေး ဖြစ်သွားပါတယ်။

aughealth2

၅။ အာရုံခံစားမှုတွေက ကယ်တင်နိုင်ပါတယ်

မိမိကိုယ်ကိုသိခြင်းကလည်း စိုးရိမ်မှုကို လျော့ကျစေနိုင်ပါတယ်။ Mallow ပြောပြတဲ့ နည်းလမ်းတစ်ခုကတော့ ၅-၄-၃-၂-၁ နည်းလမ်းလေးပါ။ ယခု မြင်ရတဲ့အရာငါးခုကို နာမည်စရေရွတ်ခြင်းကနေ စတင်ပါတယ်။ ထိတွေ့လို့ရတဲ့အရာ လေးခု၊ ကြားရတဲ့အရာ သုံးခု၊ အနံ့ရတဲ့ အရာနှစ်ခုနဲ့ အရသာခံလို့ရတဲ့အရာတစ်ခု။ ဒီလိုအာရုံခံစားမှုကို လေ့ကျင့်ပေးခြင်းက စိတ်ထဲမှာ တွေးနေတာတွေ၊ ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်တွေးနေတာတွေ ခေတ္တရပ်တန့်စေပြီးတော့မှ လက်ရှိအချိန်ထဲမှာ အသက်ရှင်စေပါတယ်။

၆။ တစ်ယောက်တည်းမဟုတ်ပါဘူး

ကိုယ်ကိုယ်တိုင်ကြုံတွေ့ရတဲ့ စိုးရိမ်ပူပန်မှုတွေကို ပြန်သုံးသပ်ကြည့်ရင် ကိုယ်တစ်ယောက်တည်းရှိနေတယ်လို့ ခံစားရခြင်းကလည်း စိတ်ကို သက်သောင့်သက်သာမဖြစ်စေပါဘူး။ ဒါကြောင့်မို့ စိုးရိမ်မှုကြုံတွေ့ရလေ့ရှိတဲ့ သူတွေရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို ပြန်နားထောင်ရတဲ့အခါမှာတော့ အနည်းငယ်သက်သာမှုရစေပါတယ်။

၇။ အစီအစဉ်တစ်ခုပြင်ဆင်ပါ

စိုးရိမ်မှုတွေကို သက်သာစေတဲ့ နည်းလမ်းတွေတွေ့ခဲ့မယ်ဆိုရင် စတင်အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ တစ်ဆင့်ချင်းစီ ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ အစမှာတော့ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်တာမျိုးဖြစ်ပြီး နောက်ပိုင်းမှာတော့ စိတ်ငြိမ်အောင်ပြုလုပ်တဲ့ လေ့ကျင့်ခန်းတွေ၊ ဒါမှမဟုတ် ယောဂလေ့ကျင့်ခန်းတွေနဲ့ ကြွက်သားတွေကို ဖြေလျော့စေတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်စေပါ။

၈။ သူတစ်ပါးဆီသွားဖို့အတွက် မတွန့်ဆုတ်ပါနဲ့

တစ်ခါတစ်ရံမှာ စိုးရိမ်ခြင်းက အထဲကနေဖြစ်ပွားတာမျိုး ဖြစ်တတ်ပါတယ်။ တကယ်လို့ ''သူငယ်ချင်းရေ ငါအဆင်မပြေဘူး'' ဆိုတာမျိုးကို ပြောလာခဲ့မယ်ဆိုရင် တစ်ဦးတစ်ယောက်ကို အသိပေးလိုက်တာမျိုး ဖြစ်သွားပါတယ်။ လူတိုင်းဟာ တစ်ခုမဟုတ်တစ်ခုတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေကို ကြုံတွေ့ရပါတယ်။ ဒါကြောင့်မို့ အဲဒီလိုလူတွေဟာ အကူအညီအထောက်အပံ့ပေးမယ့်သူတွေပါပဲ။

aughealth3

၉။ ပိုမိုကောင်းမွန်လာမယ်ဆိုတာကို သိဖို့လိုပါတယ်

အကူအညီရရှိခြင်းက တစ်ဦးနဲ့တစ်ဦးတော့ ပုံစံမတူနိုင်ပါဘူး။ စိတ်ငြိမ်လေ့ကျင့်ခန်းတွေ၊ ကုထုံးတွေနဲ့ အကူအညီပေးတဲ့ အသင်းအဖွဲ့တွေနဲ့ တွေ့ဆုံခြင်းကအစ နည်းလမ်းအမျိုးမျိုးရှိနိုင်ပါတယ်။ သဘာဝဆေးတွေကို သုံးစွဲပြီး သက်သာအောင်ကုသတာမျိုးတွေလည်း ပြုလုပ်ကောင်းပြုလုပ်မှာပါ။ အချိန်အကြာကြီး စိုးရိမ်မှုတွေကို ခံစားရမယ်ဆိုရင်တော့ ခက်ခဲမှုကို ကြုံတွေ့ရမှာမှန်ပေမယ့် ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။    

အဒိုနီရမ်