advertisement-image
Articles

ရုံးလုပ်ငန်းကြောင့် ဖြစ်ပွားနိုင်သော ကျန်းမာရေးပြဿ နာ ၆ မျိုး

အလုပ်စားပွဲမှာ တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်နေရတာဟာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထိုင်များပြိး ဖိအားတွေ ပြည့်နေတဲ့ပတ်ဝန်းကျင်ကြောင့် ခါးနာတာတွေ၊ မျက်ရိုးကိုက်၊ မျက်လုံးညောင်းတာတွေ၊ အိပ်မပျော်တာတွေ စတဲ့ ပြဿနာတွေ ဖြစ်လာစေပါတယ်။ Urban Institute  မှ စီးပွားရေးနှင့် လူမှုရေးမူဝါဒသုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ၁၉၅၀ ပြည့်နှစ်မှစပြီး ကာယအင်အားသုံးရတဲ့အလုပ်တွေဟာ ၅၀ ရာခိုင်နှုန်းအောက်ကနေ ၁၀ ရာခိုင်နှုန်းအောက်ကို ရောက်သွားတာ တွေ့ရပါတယ်။ ဒီလိုခွန်အားဗလအသုံးပြုရတဲ့အလုပ်တွေ ထက်ဝက်လောက်လျော့သွားတဲ့အတွက် အလုပ်လုပ်သူတွေဟာ စားပွဲခုံမှာ ထိုင်ပြီး လုပ်ရတဲ့အလုပ်တွေနဲ့ ဆက်စပ်တဲ့ကျန်းမာရေးပြဿနာတွေ ပေါ်ပေါက်လာပါတယ်။ ထိုအထိုင်များတဲ့အလုပ် နဲ့အလုပ်နဲ့ ဆက်စပ်တဲ့ကျန်းမာရေးပြဿနာ ခြောက်မျိုးနဲ့ ယင်းတို့ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ ဖော်ပြသွားပါမယ်။   Carpel Tunnel Syndrome လှုပ်ရှားမှုတစ်မျိုးထဲကို ထပ်ခါထပ်ခါ လုပ်ရတဲ့အလုပ်မျိုးဟာ နာကျင်ကိုက်ခဲမှုတွေကို ဖြစ်ပွားစေပါတယ်။ ဒီရောဂါဟာ […]
Posted On July 26, 2014, By Editorial

ဖောက်သည်ဝန်ဆောင်မှုဆိုင်ရာ လိုက်နာသင့်တဲ့ ကျင့်ဝတ် စည်းမျဉ်းတချို့

ဖောက်သည်ဝန်ဆောင်မှုဆိုင်ရာ လိုက်နာသင့်တဲ့ ကျင့်ဝတ် စည်းမျဉ်းတချို့ကို သိချင်ပါတယ်။ ဖောက်သည်တွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ ဖောက် သည်ဝန်ဆောင်မှုနည်းဗျူဟာဟာ ကုမ္ပဏီရဲ့ရည်မှန်းချက်တွေ ကို ကောင်အထည်ပေါ်စေ သလို ဖောက် သည်တွေကို ပိုမို ထိန်းထားနိုင်ပြီး အမြတ်အစွန်းလည်း များများရရှိစေပါတယ်။   အခြေခံအချက်တွေ ၀န်ထမ်းတွေအနေနဲ့ ဖောက်သည်တွေနဲ့ဆက်ဆံရာမှာ သိထား သင့်တဲ့ အခြေခံအချက်တွေကတော့ ဖောက်သည်တွေနဲ့ပတ် သက်ပြီး အကောင်းမြင်စိတ်ထားခြင်း၊ မျက်လုံးချင်း ဆက်သွယ် ခြင်းနဲ့ အပြုံးနဲ့ဆက်ဆံခြင်း စတဲ့အချက်တွေအပြင် ဖောက် သည်တွေရဲ့ ဈေးဝယ်အတွေ့အကြုံတွေကို မေးမြန်းခြင်းနဲ့ နှုတ် ခွန်းဆက်စကားဆိုခြင်း စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။   မိမိရဲ့ထုတ်ကုန်ပစ္စည်းကို သိကျွမ်းနားလည်မှုရှိခြင်း ယေဘုယျအားဖြင့် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို သိကျွမ်းနားလည်ဖို့ ဖောက်သည် တွေက မျှော်လင့်တတ်ကြပါတယ်။ ဖောက်သည်တွေက ထုတ်ကုန်ပစ္စည်း၊ […]
Posted On July 18, 2014, By Editorial

Work Smart & Work hard

လုပ်ငန်းခွင်ထဲက ဝန်ထမ်းတော်တော်များများဟာ အလုပ်ကို ကြိုးစားပမ်းစား (Work Hard) လုပ်နေကြရင်းနဲ့ လုပ်ငန်းခွင်ထဲမှာ ငြီးငွေ့လွယ်ခြင်း၊ စိတ်ပါဝင်စား မှုလျော့ နည်းလာခြင်း စတဲ့ Burn-out  တွေဖြစ် လာကြပြီး အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ Work Hard တောင် ယိုင်နဲ့လာတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံ မှာဖြစ်ပေါ်  နေတဲ့ လက်ရှိစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကြားထဲမှာ ဝန်ထမ်း တွေဟာ ရှေးရိုးကြီး အတိုင်း အလုပ်ကြိုးစားမြဲ ကြိုးစားနေရုံနဲ့တော့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မှာမဟုတ်ပါဘူး။ အခုဆိုရင် Expatriate တွေသာမက Repatriate တွေဟာ လုပ်ငန်းခွင်ထဲကို ပြန်လည်ဝင်ရောက်လာပြီဖြစ်တဲ့အတွက် တိုး တက်ပြောင်းလဲ လာတဲ့ အခြေအနေပေါ်ကို အမီလိုက်ဖို့အတွက် ဝန်ထမ်းတော်တော်များများမှာ Smart ကျကျ လုပ်ကိုင်နိုင်မှုတွေ လိုအပ်လာမှာအမှန် ပါပဲ။ လုပ်ငန်းခွင်ထဲမှာ Smart လို့ […]
Posted On June 30, 2014, By Editorial

ခရိုနီအရင်းရှင်စနစ်ပြဿ နာ

ခရိုနီအရင်းရှင်စနစ် (Crony Capitalism) ဆိုတာ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းဦးဆောင် သူတွေရဲ့မိသားစု၊ အပေါင်းအသင်းရောင်းရင်းတွေကို လုပ်ငန်းကန်ထရိုက်တွေ၊ ဘဏ်ချေးငွေတွေ ပေးတဲ့ အလေ့အထ ပါပဲ။ နိုင်ငံရေးအဆက်အသွယ်ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ကြီးပွားချမ်း သာနေဖွယ်ရှိတဲ့ နိုင်ငံတွေကို ကြည့်ကြပါစို့။ အမေရိကန်နိုင်ငံရဲ့ ရွှေခေတ်လို့ခေါ်ရမယ့် ၁၉ ရာစုနှစ်နှောင်းပိုင်းမှာ ဂျွန်ဒီရောက်က ဖဲလားတို့လို့ သြဇာ တိက္ကမရှိသူဌေးကြီးတွေက စက်မှုထူထောင်၊ ဥစ္စာဓနအကြီး အကျယ်စုဆောင်းမိ၊ နန်းတော်တမျှ အိမ်ကြီးတွေဆောက် ကာ နိုင်ငံရေးသမားတွေကို လာဘ်ထိုးသွားကြတော့တယ်။ ပြီး တော့ တန်ပြန်တုံ့ပြန်ချက်အဖြစ် ၁၉၀၀ ပြည့်နှစ်နဲ့ ၁၉၄၅ ခုနှစ်အကြားမှာ စီးပွားရေးလုပ်ငန်းကြီးတွေကို စည်းမျဉ်း စည်းကမ်းတွေနဲ့ စတင်ထိန်းကိုင်ခဲ့ပြီး လူမှုရေးကယ်ဆယ်မှု ပိုက်ကွန်ကို တည်ဆောက်တယ်။ Chrystia Freeland သူရဲ့ Plutocrat  (ဓနသြဇာကြီးသူ) အမည်တပ်စာအုပ် […]
Posted On June 30, 2014, By Editorial

Myanmar Business Survey 2014

ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် စစ်တမ်းကောက်ယူမှုတစ်ရပ်ကOECD (Organization of Economic Cooperation and Development)  ၊ UNESCAP (United Nations Economic and Social Commission for Asia and the Pacific)  နဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းကောက်ယူခဲ့ပါတယ်။ စစ်တမ်းကောက်ယူမှုအတွက် ဂျပန်အစိုးရ၊ SDC (Swiss Agency for Development and Cooperation) ၊ GIZ (Deutche Gesellshaft fur Internationale Zusammenarbeit)  ၊The Asia Foundation  ၊ UNIDO (United Nations Industrial Development Organization) […]
Posted On June 30, 2014, By Editorial

လူသားတို့၏ အပြစ်ခြောက်ပါးနှင့်အလွမ်းဇာတ်

ဂေါ့ဒ်နှင့်အီကွေးရှင်း Big Bang ဆိုသည်မှာ စကြ၀ဠာကြီးအား စတင်ပေါက်ဖွားပေးလိုက်သောပေါက်ကွဲမှု ကြီးကို ရည်ñွှန်းသည်။ စကြ၀ဠာ၏အစသည် ဘစ်ဘင်ဖြစ်သည်။ ဤတွင် ဤဘစ်ဘင်ကို ဂေါ့ဒ် က ဖန်ဆင်းပေးလိုက်ခြင်းလော။ သို့တည်းမဟုတ် ဤဘစ်ဘင်သည် ဂေါ့ဒ်အား ညီမျခြင်း (Equation) ထဲမှ ဖယ်ရှားပစ်ခြင်းလောဟူ၍ အငြင်းပွားကြသည်။ ဤသို့ အငြင်းပွားကြရင်း စကြ၀ဠာကြီး၊ သို့မဟုတ် သဘာဝကြီး သည် ယိုယွင်းပျက်စီးလာသည်။ ထိုအခါ၌ အငြင်းထပ်ပွားကြပြန်သည်။ သဘာဝ ကြီးပျက်စီးယိုယွင်းမှုသည် စကြ၀ဠာကြီး နှစ်ပေါင်း ဘီလီယံနှင့် ချီရှိ၍ အီဗော်လူးရှင်းကို ဖြတ်သန်းခဲ့ရသဖြင့် ဇရာကြောင့် ဤသို့ဖြစ်လာခြင်းလော။ သို့တည်းမဟုတ် စကတည်းက လူသားတွေ မှားယွင်းခဲ့မှုကြောင့် သဘာဝ ကြီးပျက်စီးလာရခြင်းပေလောဟူ၍ အငြင်းပွားသည်။ ယခုအခါ ပညာရှင်အားလုံးလိုလိုက နှစ်ခုစလုံးကြောင့် သဘာဝကြီးပျက်စီးရသည်ဟု သဘောတူညီကြသည်။ လူသားတွေကြောင့်ဟု […]
Posted On June 19, 2014, By Editorial

Social Mobile Commerce Industry အနာဂတ်ကို ပုံဖော်မယ့် Facebook နဲ့ WhatsApp ရဲ့ deal

ဖေဖော်ဝါရီလတုန်းက ပြုလုပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံတန်ဖိုးရှိ Facebook  ရဲ့ ၀ယ်ယူမှုကSocial Mobile Commerce လုပ်ငန်းနယ်ပယ်ရဲ့ ဖြစ်ထွန်းလာမယ့်လမ်းကြောင်းကို ပုံဖော်ချင်တာပဲဖြစ်နိုင်တယ်လို့ သုတေသနကုမ္ပဏီတွေနဲ့ E-Commerce လောကရဲ့ ထိပ်တန်းကုမ္ပဏီတွေက ဆိုကြပါတယ်။ Facebook  က Smartphone ကနေ စာသား၊ ဓာတ်ပုံနဲ့  video တွေ ပို့လို့ရတဲ့ ၀န်ဆောင်မှုဖြစ်တဲ့ WhatsApp ကို ဒေါ်လာ ၁၉ ဘီလီယံအသုံးပြုဝယ်ယူကာ Mobile Platform  အသုံးပြုသူ နောက်ထပ် တစ်ဘီလီယံကို ထပ်မံရရှိဖို့ လောင်းကြေး ထပ်ထားတာဖြစ်ပါတယ်။ ဒီဝယ်ယူမှုက Facebook ကိုယ်တိုင်အတွက်လည်း အကြီးဆုံးရင်းနှီးမှုတစ်ခုဖြစ်သလို တခြား Google Inc နဲ့ Microsoft Corporation  ၊ Apple Inc  တို့ရဲ့ […]
Posted On June 18, 2014, By Editorial

Online မှ အစပြုထူထောင်နိုင်သော မြန်မာ့စီးပွားရေးဈေးကွက်

၂၀၁၃ ခုနှစ် ကမ္ဘာ့ကုမ္ပဏီကြီး များကို စီမံခန့်ခွဲရေးနည်းပညာ ပေးဆိုင်ရာ မစ်ကင်ဆီ (Mckinsey Global Institute) က မြန်မာ့စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အခြေခံ ယန္တရား လေးချက်ကို အရေးကြီး မဏ္ဍိုင်အဖြစ် ထားပြီး မြန်မာနိုင်ငံစီးပွားရေးကို ကမ္ဘာ့ စီးပွားရေးဆိုင်ရာ စင်မြင့်ပေါ်သို့ လက်လှမ်းမီနိုင်ဖို့ စုစည်းသုံးသပ် အကြံပေးခဲ့ပါတယ်။ ဒီအရေးကြီးဆိုင်ရာ နည်းလမ်းလေးသွယ် ကတော့         ၁။ ဒီဂျစ်တယ်လို့ခေါ်တဲ့ ဆက်သွယ်ပြန်ကြားရေး နည်းပရိယာယ်ပြောင်းလဲရေး၊ ၂။ အခြေခံ စိုက်ပျိုးရေးစနစ်မှ ထုတ်ကုန်စနစ်သို့ ပြောင်းလဲရေး၊ ၃။ နည်းစနစ်ကျ မြို့ပြတည်ဆောက် ချဲ့ထွင်ရေးနဲ့ ၄။ နိုင်ငံတကာ စီးပွားရေးကွန်ရက်ဆိုင်ရာနည်းစနစ်များ ကျင့်သုံးရေး ဖြစ်ပါတယ်။ ဒီလေးချက်နဲ့ပတ်သက်ပြီး စာရေးသူအနေနဲ့ နံပါတ်တစ်အချက်ဖြစ်တဲ့ Transformation of Digital […]
Posted On June 5, 2014, By Editorial

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ လုပ်ငန်းခွင်မှာ အားထားရတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာဖို့

      ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ လုပ်ငန်းခွင်မှာ အားထားရတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုလေ့ ကျင့် မွေးမြူမလဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ လုပ်ငန်းခွင်မှာ အား ထားရတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာဖို့ ရုပ်ပိုင်းရော စိတ် ပိုင်းပါ ပြင်ဆင်ရပါမယ်။ ရုပ်ပိုင်းအရ ရုံး၊ ဒါမှမဟုတ် လုပ်ငန်းခွင်နဲ့လိုက် လျောညီထွေဖြစ်တဲ့ အ၀တ်အစားမျိုးဝတ်ဖို့ အရေးကြီးပါ တယ်။ ဆံပင်ပုံစံ၊ ဆံပင်ထုံးဖွဲ့မှုက မိမိလုပ်ငန်းခွင်နဲ့ကိုက် ညီရပါလိမ့်မယ်။ ယောက်ျားလေးဆို လုပ်ငန်းခွင်မှာ နားကွင်း ၀တ်တာ ရှောင်ကြဉ်သင့်ပါတယ်။ စိတ်ပိုင်းကတော့ ပိုအရေးကြီးပါတယ်။ ၁။       ရိုးသားဖြောင့်မတ်ပြီးပြောတဲ့အတိုင်းလုပ်၊ လုပ်တဲ့အတိုင်း ပြောရပါမယ်။ ၂။       ကိုယ်ချင်းစာစိတ်ရှိပါ။ ၃။       မိမိတာဝန်ကို ကျေပွန်အောင်လုပ်ပါ။ ၄။       လုပ်ငန်းခွင်ကျင့်ဝတ်ကို လိုက်နာစောင့်ထိန်းပါ။ ၅။       အလုပ်ကို ခိုင်းမှမလုပ်ဘဲ ဦးဆောင်ပြီးလုပ်ပါ။ ၆။       လူတိုင်းကို လေးလေးစားစားဆက်ဆံပါ။ […]
Posted On May 29, 2014, By Editorial

စီးပွားရေးလုပ်ရာမှာ လိုက်နာထားရှိသင့်သည့် Ethics

စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ရဲ့ အရေးပါပုံ ကျွန်မအနေနဲ့ Business Ethics က ဘာကိုသွားထင်ဟပ်လည်းဆိုရင် Business ရဲ့ Philosophy တစ်ခုပဲ ဖြစ်တယ်လို့ပြောချင်ပါတယ်။ အတွေးအခေါ်ပိုင်းနဲ့ ကျင့်ဝတ် တစ်ခုပေါ့။ ဒါကြောင့် Ethics ဟာ ကိုယ့်စီးပွားရေးလုပ်ငန်းမှာ အရေးပါပါတယ်။ ဘယ်လို Business  ပဲဖြစ်ဖြစ် သူ့ရဲ့ Professional အလိုက်၊ ကုမ္ပဏီအလိုက် သူ့ Ethics နဲ့ သူရှိပါတယ်။ ကျင့်ဝတ်တစ်ခု၊ ဒါမှမဟုတ် Philosophy တစ်ခုအနေနဲ့ စီးပွားရေးမှာ အရေးပါတယ်။ ကျွန်မတို့ ကုမ္ပဏီမှာဆိုရင် Customer  နှစ်မျိုးရှိပါတယ်။ Internal Customer နဲ့ External Customer     နှစ်မျိုးပါ။ Internal Customer  က ကိုယ့်အတွင်းက၀န်ထမ်းဖြစ်ပြီး၊ External Customer   […]
Posted On May 29, 2014, By Editorial
1 85 86 87 88 89 94