advertisement-image
Articles

အလုပ်ပြောင်းချင်နေသူတွေအတွက် အကြံပြုချက်တချို့

လက်ရှိလုပ်နေတဲ့အလုပ်ကနေ မတူညီတဲ့ အခြားလုပ်ငန်းခွင်နယ်ပယ်ထဲကို  ပြောင်းချင်နေတဲ့သူတစ်ယောက်အနေနဲ့ ဘာတွေလုပ်သင့်ပါသလဲ။ ဆရာ့ရဲ့ အကြံ ပြုချက်တချို့ကို  ပြောပြပေးစေချင်ပါတယ်။ မေးခွန်းရှင်ကို ဆရာ့အနေနဲ့ ပထမဆုံးအကြံပေးချင်တာက ဖြစ်နိုင်ရင် (ဖြစ်နိုင် ရင်) အလုပ်တစ်ခုကနေတစ်ခု မပြောင်းစေချင်ဘူး။ တစ်ခုနှစ်ခု ပြောင်းတာက အရေးမကြီးပေမဲ့ ပြောင်းတာများရင် နောင်အလုပ်အတွက် မ ကောင်းဘူး။ ကိုယ့်ရဲ့ Job Career  မှာ Jumper ဆိုတဲ့ ‘ခဏခဏ ခုန်ကူးတဲ့သူ’ ဆိုပြီး သတ်မှတ်ခံရတတ်တယ်။ ကိုယ့်အကြောင်းနဲ့ကိုယ် ကိုယ်မှန်တယ်လို့ထင်ပေမဲ့ အား လုံးနားလည်အောင် ရှင်းပြနေဖို့က မလွယ်ဘူးကွဲ့။ နောက်တစ်ခုက ပြောင်းရွှေ့ချင်တဲ့ အခြားအကြောင်းအရာ တွေကိုခဏထား  ”နောက်အလုပ်က လစာပိုကောင်းလို့ ပါ ဆရာရေ” လို့ ပြောလာရင်လည်း ဆရာကလည်း ပြန် မေးရပါလိမ့်မယ်။ ”လောကမှာ ပိုက်ဆံဆိုတာ […]
Posted On May 6, 2015, By Editorial

ယဉ်ကျေးမှုအရင်းအနှီး

ဘီလီယံနာတစ်ဦးအဖြစ်သိထားကြသော ဘီလ်ဂိတ်က ”If yor business is not on the internet, then your business will be out of business.” ဟူ၍ စီးပွားရေးနှင့်စပ်လျဉ်းသော သူ့ယူဆချက်ကိုဖွင့်ဟဖူးသည်။ ထိုစကားရပ်သည်ယင်း၏စီးပွားရေးလုပ်ငန်းနှင့်ဆက်နွှယ်ပြောသောစကားဟုယူဆနိုင်သော်လည်း လက်တွေ့တွင် လည်း ကမ္ဘာ့နိုင်ငံအသီးသီးမှရှိရှိသမျစီးပွားရေးလုပ်ငန်းကြီးငယ်မဟူ IT ၊ သို့မဟုတ် Internet ကို အသုံးချနိုင်မှု မည်မျအားကောင်းသည်ဆိုသော အချက်ကဖြည့်အားတစ်ရပ်သဖွယ် လုပ်ငန်း၏အောင်မြင်မှုကို ပုံဖော်ပေးနိုင် သည့်သဘောအား လက်ခံကြရမည်သာဖြစ်သည်။ တစ်နိုင်ငံအတွင်းဖြစ်စေ၊ နိုင်ငံအချင်းချင်းဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ကမ္ဘာ့စီးပွားရေးဝန်းကျင်သည် ပြိုင်ဆိုင်မှုလေပြင်များ တိုက်ခတ်လာနေသည်မှာ တစ်စတစ်စပြင်းအားဖြင့်လာနေပြီဟု ညွှန်းဆိုနိုင်သည်။ ထိုသို့ဖြင့် ကမ္ဘာ့စီးပွားရေး၌ Globalization သဘောတရားများက ပို၍ပို၍ ထင်ရှားလွှမ်းမိုးလာခြင်း၊ Multinational Trading များဖြင့် ကမ္ဘာ့ဈေးကွက်တစ်ခွင်တစ်ပြင်တွင် […]
Posted On May 5, 2015, By Editorial

2015 Focus

CEO မဂ္ဂဇင်းကကြီးမှူးပြီး ၂၀၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာတွေနဲ့ပတ်သက်ပြီး 2015 Focus ဆိုတဲ့ ခေါင်းစဉ်နဲ့ Panel Discussion ကို ၂၀၁၄  ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်မှာ ကျင်းပခဲ့ပါတယ်။ ဆက်သွယ်ရေးကဏ္ဍ၊ ဘဏ္ဍာ ရေးကဏ္ဍ၊ လက်လီအရောင်းလုပ်ငန်းကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ အာဆီယံစီးပွားရေးအသိုက်အ၀န်း(AEC) အတွက် ပြင်ဆင်ထားရမယ့်အပိုင်း၊ SME တွေရဲ့အခန်းကဏ္ဍ စတဲ့ ကဏ္ဍအသီးသီးရဲ့ အလားအလာတွေကို ဆွေးနွေးသွားခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲရှိနေတာမို့ နိုင်ငံရေးအခြေအနေရဲ့ ရိုက်ခတ်မှုက စီးပွားရေးကဏ္ဍအပေါ် ဘယ်လိုအကျိုးသက် ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတဲ့အပေါ်မှာလည်း ပြည်တွင်းလုပ်ငန်းရှင်တွေရော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကပါ စိတ်ဝင်တစား ရှိနေကြပါတယ်။ ရှုထောင့်အမြင်တွေနဲ့ သုံးသပ်ချက်တွေအမျိုးမျိုးရှိနေပေမဲ့ ၂၀၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့အလှည့် အပြောင်းတွေ ယူဆောင်လာနိုင်မလားဆိုတာကတော့ လူတိုင်းစိတ်ဝင်စားနေတဲ့အချက်ပါ။ […]
Posted On May 5, 2015, By Editorial

2nd Myanmar Health Expo 2015

မြန်မာနိုင်ငံ ဆေးနဲ့ဆေးဝါးပစ္စည်းကုန်သည်များနဲ့ လုပ်ငန်းရှင်များအသင်း (Myanmar Pharmaceutical & Medical Equipment Entrepreneurs’ Association – MPMEEA) က ကြီးမှူးပြီး ဒုတိယအကြိမ် မြန်မာကျန်းမာရေးဆိုင်ရာပြပွဲ (2nd Myanmar Health Expo 2015) ကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်ကနေ ၇ ရက်အထိ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပလျက်ရှိပါတယ်။ ပြပွဲ ဖွင့်ပွဲနေ့မှာ မြန်မာနိုင်ငံ ဆေးနဲ့ဆေး ပစ္စည်းကုန်သည်များနဲ့ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူက အဖွင့်အမှာစကားနဲ့အတူ မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနေတဲ့ ဆေးဝါးတွေ၊ ဆေးဝါး ကုမ္ပဏီတွေ၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကဆေးရုံ၊ […]
Posted On February 6, 2015, By Editorial

မြန်မာကုမ္ပဏီများနှင့် CSR

စီးပွားရေးလုပ်ငန်းများ၏ လူမှုအသိုင်းအ၀ိုင်း အကျိုးစီးပွားအတွက် တာဝန်ယူဆောင်ရွက်မှု (CSR) ဆိုသည်မှာ မိမိတို့လုပ်ငန်းများလုပ်ကိုင်ရာတွင် စိးပွားရေးဆိုင်ရာ (အကျိုးအမြတ်ရရှိရန်) နှင့် ဥပဒေရေးရာ (ဥပဒေကို စောင့်ထိန်းလိုက်နာရန်) သာမကဘဲ မိမိတို့၏ ၀န်ထမ်းများ ဖောက်သည်များ မိမိတို့လုပ်ငန်းလည်ပတ်ဆောင်ရွက်သည့် လူထုအသိုင်းအ၀ိုင်းနှင့် ပတ်ဝန်းကျင်၏ အကျိုးစိးပွားကို ပိုမိုအလေးထား လုပ်ဆောင်ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။   CSR အမျိုးအစား CSR ကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်ပါသည်။ ၁။       သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ CSR (Environmental CSR) – သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးကိစ္စများ (ဥပမာ – ရာသီဥတုအပြောင်းအလဲဆိုင်ရာ) ကို အလေးထားဆောင်ရွက်ခြင်း။ ၂။       လူထုအသိုင်းအ၀ိုင်းအခြေပြု CSR (Community based CSR) – လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် နေရာရှိ ဒေသခံလူတို့၏ ဘ၀တိုးတက်မှုအတွက် […]
Posted On January 27, 2015, By Editorial

လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုတွေအတွက် သိရှိရမယ့် ကျင့်ဝတ် စည်းမျဉ်းတချို့

လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုတွေအတွက် သိရှိရမယ့် ကျင့်ဝတ် စည်းမျဉ်းတချို့ကို သိချင်ပါတယ်။ အပြုသဘောဆောင်တဲ့  ထင်မြင်ချက်တွေဖြစ်အောင်  ပြုလုပ် ပါ။ သင်ဟာ ဘယ်လိုလူမျိုးလဲဆိုတဲ့အပေါ် တခြားလူတွေရဲ့ ထင် မြင်ချက်က လုပ်ငန်းလောကမှာ အရေးပါပါတယ်။ တခြား လူတွေနဲ့ ပထမဆုံးတွေ့ဆုံချိန် ခဏလေးကနေ ပထမဆုံး ထင်မြင်ချက်( First Impressions) ဆိုတာ ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် သင်ဟာ အရည်အချင်းပြည့်ဝတဲ့သူတစ်ယောက် အဖြစ် First Impression ကောင်းအောင်ပြုလုပ်နိုင်မယ့် အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ – တစ်ဖက်လူနဲ့စကားပြောတဲ့အခါမှာ ခန္ဓာကိုယ်ကိုမတ်   မတ်ရပ်၊ မျက်လုံးချင်းဆုံပြီးပြောဆိုပါ။ နောက်ပြီး အရိုး သားဆုံး ပြုံးပြဖို့လည်းမမေ့ပါနဲ့။ – ရုံးကို စောစောရောက်အောင်သွားပါ။ ရုံးကသတ်မှတ် ထားတဲ့ အ၀တ်အစားပုံစံအတိုင်းဝတ်ဆင်ပါ။ – သင့်ရဲ့ပုံရိပ်ကိုကိုယ်စားပြုမယ့် နောက်ထပ်အရာတစ်ခုက သင့်ရဲ့လက်ဆွဲအိတ်ပါ။ […]
Posted On January 27, 2015, By Editorial

ပါရမီ စွမ်းအင်ကုမ္ပဏီရဲ့ Corporate Social Responsibility

၂၀၀၄ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ပါရမီစွမ်းအင်ကုမ္ပဏီဟာ အဓိက ရေနံနဲ့သဘာဝဓာတ်ငွေ့၊ စွမ်းအင်၊ ဆောက်လုပ်ရေး စတဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ပါရမီစွမ်းအင်ကုမ္ပဏီဟာ အခုလက်ရှိမှာ CSR Project  တွေကို စဉ်ဆက်မပြတ် နေရာဒေသမရွေး ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နေတဲ့ CSR Project တွေနဲ့ပတ်သက်ပြီး သိလိုသမျကို ပါရမီစွမ်းအင်ကုမ္ပဏီရဲ့ CEO ဦးကံထွန်း၊ Event Manager ဦးအောင်မြတ်မိုး၊ CSR Manager ဦးအောင်မျိုးရှိန်တို့နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ ပါရမီစွမ်းအင်ကုမ္ပဏီရဲ့ CSR အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက် မြန်မာပြည်မှာ CSR ဆိုပြီးပြောကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့လူမျိုး၊ ဓလေ့ဖြစ်တဲ့ မင်္ဂလာတရားတော်နဲ့အညီ စီးပွားရေးလုပ်နည်းဆိုတာ ရှိပါတယ်။ မင်္ဂလာတရားတော်နဲ့အညီ စီးပွားရေးလုပ်တဲ့အခါမှာ ကိုယ့်အတွက်လည်း ပိုက်ဆံရတယ်။ သူများလည်းပိုက်ဆံရတယ်။ ရတဲ့ပိုက်ဆံကလည်း Clean Money၊ Happy Money  […]
Posted On December 29, 2014, By Editorial

BIG DATA မှ SMART DATA သို့ ပြောင်းလဲရေး

Big Data သည် စိတ်လှုပ်ရှားဖွယ်ဖြစ်၏။ သို့သော် လူ တိုင်း နေထိုင်ကြသော အဲနာလော့ဂ် (Analogue) ကမ္ဘာ သည် ကျွန်ုပ်တို့၏အွန်လိုင်းအပြုအမူက ညွှန်ပြသည်ထက် အဆပေါင်းများစွာ ပိုမိုခက်ခဲရှုပ်ထွေးသည်။ ထို့ကြောင့်  Big Data  မှသည် စမတ်ဒေတာဖြစ်လာအောင် သုတေသနပညာရှင်တို့က ထိုနှစ်ခုကို ပေါင်းစပ်ပေးရန် လိုအပ် သည်။ Big Data  အနေဖြင့် သတင်းအချက်အလက်ကို အံ့သြဖွယ်ပေးစွမ်းနိုင်သည့်တိုင် နက်နဲသိမ်မွေ့သောတစ်စုံတစ်ခု လစ်ဟာနေသည်။ ကျွန်ုပ်တို့သည် အဲနာလော့ဂ်ကို လွဲချော်နေကြပြီး အယ်လ်ဂိုရီသမ်နည်းဖြင့် မည်မျပင် ညှိ နှိုင်းပြု ပြင်ပါစေ ထိုလွဲချော်နေမှုကို မဖြည့်ဆည်းပေးနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အနှစ်သာရအားဖြင့် လူ့လောက ကမ္ဘာကြီးသည် ဒစ်ဂျစ်တယ်အသွင်ပြောင်းနေဖွယ် ရှိသော် လည်း မှီတင်းနေထိုင်သူလူများမှာ အဲနာလော့ဂ်သဘာဝ ရှိနေသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏သဘာဝအတိုင်းပင် ဒစ်ဂျစ်တယ်/ […]
Posted On December 29, 2014, By Editorial

Shwe Taung Group ရဲ့ CSR

  ၁၉၉၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ရွှေတောင်လုပ်ငန်းစု (Shwe Taung Group) ဟာ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အိမ်ခြံမြေလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ပြီး  နှစ်ပေါင်း ၂၀ ကျော်အကြာ အခုအချိန်မှာတော့ အိမ်ခြံမြေလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ အင်ဂျင်နီယာလုပ်ငန်း၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်း၊ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းအပြငှ့်သစစငညါ ဃနညအနမ နဲ့ ဟိုတယ်လုပ်ငန်း  စတဲ့ အဓိကလုပ်ငန်းခြောက်ခုကို အကောင်အထည်ဖော်လုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ၀န်ထမ်းပေါင်း ခြောက်ထောင်ကျော်နဲ့ လည်ပတ်လုပ်ကိုင်လျက်ရှိတဲ့ ရွှေတောင်လုပ်ငန်းစုရဲ့ လူမှုရေးတာဝန်ယူမှုဆိုင်ရာလှုပ်ရှားမှုတွေ (CSR Activities) အကြောင်းကို  ရွှေတောင်လုပ်ငန်းစုရဲ့ Corporate Sustainable Team (CST) နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။     CSR လှုပ်ရှားမှုတွေ လုပ်ဆောင်ဖြစ်ခဲ့ပုံ CSR (Corporate Social […]
Posted On December 14, 2014, By Editorial

ဝါရင်ဘတ်ဖက်၏ နောက်ဆုံးဖဲချပ်များ

Berkshire Hathaway   ကုမ္ပဏီကြီးကို နှစ် ၅၀ မျ ၀ါရင်ဘတ်ဖက် (Warren Buffett) က ကိုင်တွယ်လည် ပတ်ခဲ့မှုသည် စီးပွားရေးလောက၌ အံ့သြဖွယ်အကောင်း ဆုံး အောင်မြင်ကြောတစ်ခုဖြစ်တော့သည်။ ရှေ့တွင်မည် သို့ အဆုံးသတ်လိမ့်မည်ဆိုသည်မှာ စိတ်ပါဝင်စားစရာ ကောင်းပေမည်။ ဤအချက်ကို The Economist စာစောင်က သူ့အား မေးမြန်းသောအခါ မစ္စတာဘတ်ဖက်က အမြဲ တမ်း အားရတက်ကြွနေသူပီသစွာဖြင့် ”နောင်နှစ် ၅၀ ကြာရင် ကျွန်တော်တို့နေ့လယ်စာအတူတူစားရင်း အမှန် တကယ်ရလဒ်နဲ့ စီမံကိန်းရေးဆွဲထားတာကို ယှဉ်ကြည့် ကြတာပေါ့” ဟု ပြန်လည်ဖြေကြားသည်။ (ထိုအချိန် ရောက်လျင် ဘတ်ဖက်အသက် ၁၃၄ နှစ် ရှိလိမ့်မည်။) လာမည့်နှစ် ၅၀ အတွင်း ကုမ္ပဏီကြီးအဖို့ အကြီးဆုံးစိန်ခေါ်ချက်မှာ စီမံချက်အုပ်ချုပ်ရေးတာဝန်ခံသစ် များသို့ […]
Posted On December 12, 2014, By Editorial
1 81 82 83 84 85 94