advertisement-image
Articles

OXFORD BUSINESS GROUP အကြောင်း

Oxford Business Group (OBG) ဆိုတာ Oxford Business Group (OBG) ဟာ အရှေ့အလယ်ပိုင်း အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကဆိုတဲ့ ကမ္ဘာတစ်လွှားရှိ နိုင်ငံတွေရဲ့ ဈေးကွက်ဆိုင်ရာ အချက်အလက်တွေကို လေ့လာသုတေသနပြုခြင်း တွေ့ရှိချက်တွေကို ထုတ်ဝေဖြန့်ချိခြင်းနဲ့ အကြံဉာဏ်များပေးခြင်းတို့ကို အထူးအလေးထား ဆောင်ရွက်ရတဲ့အဖွဲ့ ဖြစ်ပါတယ်။ အတွေ့အကြုံ အလွန်များပြားလှတဲ့ ဆန်းစစ်ပညာရှင်များ တစ်နှစ်ပတ်လုံး တိုင်းပြည်များကို လက်တွေ့ကွင်းဆင်းလေ့လာပါ တွေ့ရှိချက်များကို ဖြန့်ဝေပေးနေတာဖြစ်တယ်။ ဒီအချက်အလက်တွေဟာ ကမ္ဘာတစ်လွှားရှိ ဖတ်ရှုလေ့လာသူများအတွက်  အမြဲခေတ်မီနေနိုင်တဲ့ အသိများ ရရှိစေဖို့ဖြစ်တယ်။ OBG ဟာ တိကျနိုင်တဲ့ ကိန်းဂဏန်းတွေကို ရှာဖွေရရှိနိုင်တဲ့အဖွဲ့ဖြစ်ပြီး သီးခြားလွတ်လပ်တဲ့ စိစစ် သုံးသပ်ထားချက်တွေကိုလည်း ရနိုင်သမျှရအောင် လုပ်နိုင်တဲ့ အဖွဲ့လည်းဖြစ်တယ်။ ရေရှည်ရင်းနှီးမြှုပ်နှံရေးအတွက် အခြေခံကျတဲ့ ဆုံးဖြတ်ချက်တွေကို အသိပညာရရှိနိုင်ခြင်းဟာ စွမ်းအားတစ်ပါးဖြစ်ရတဲ့ […]
Posted On November 13, 2015, By Editorial

မြန်မာနိုင်ငံတွင် Data Center စတင်ဖွင့်လှစ်ခဲ့တဲ့ TrueIDC

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ Operation စတင်ခဲ့တဲ့ TrueIDC Myanmar Data Center ဟာ စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၂ ရက် က ရန်ကုန်မြို့၊ Novotel Hotel Yangon Max မှာ ပြုလုပ်ခဲ့တာပါ။ ပွဲမှာ True IDC  Data Center ၊ Thailand မှ General Manager Mr Thanasorn Jaidee က မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်တဲ့ ဒီ Data Center ဟာ True ရဲ့ ထိုင်းနိုင်ငံပြင်ပ ပထမဆုံး Data Center ဖြစ်ကြောင်း၊ True ဟာထိုင်းနိုင်ငံအတွင်းမှာ Data Center လေးလုံးရှိပြီး […]
Posted On November 13, 2015, By Editorial

ဓာတ်လှေကားစီးရာမှာ သိထားသင့်တဲ့ကျင့်ဝတ်တွေ

ဓာတ်လှေကားစီးနေချိန်မှာ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာတွေဟာ လူတော်တော်များများအတွက် စိမ်းနေလေ့ရှိပါတယ်။ ဓာတ်လှေကားစီးတာဟာ ပိတ်လှောင် အကြောက်လွန်စိတ်ရောဂါ၊ အမြင့်ကြောက်တဲ့ရောဂါ ရှိတဲ့လူတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် စကားပြောရမှာကို ၀န်လေးတဲ့လူတွေ (လူကြောက်ရောဂါ) ရှိတဲ့ လူတွေအတွက်တော့ ဓာတ်လှေကားစီးရတာဟာ တအားကို စိတ်ပျက်စရာကောင်းနေမှာ ဖြစ်ပါတယ်။ တစ်ရက်မှာ လူဦးရေ ဘီလီယံ ၁၂၀ လောက်ဟာ ဓာတ်လှေကားစီးနေကြပေမဲ့ ဓာတ်လှေကားစီးနင်းရာမှာ သိထားသင့်တဲ့ ကျင့်ဝတ်တွေကို သိတဲ့လူတွေကတော့ နည်းပါတယ်။ ဒါကြောင့် ဓာတ်လှေကားစီးရာမှာ သင်ရော၊ သင့်ရဲ့ဘေးက ဓာတ်လှေကားစီးနင်းဖော်အတွက်ပါ အဆင်ပြေချောမွေ့စေနိုင်မယ့် ကျင့်ဝတ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ညာဘက်ခြမ်းမှာရပ်ပါ ဓာတ်လှေကားတံခါးကိုကိုင်ထားပါ လူကျပ်နေတဲ့ ဓာတ်လှေကားထဲ အတင်းတိုးမ၀င်ပါနဲ့ ဓာတ်လှေကားခလုတ်ကို နှိပ်ပေးတဲ့လူဖြစ်ပါစေ နောက်ဘက်ကို ဆုတ်နေပါ။ မြန်မြန်ထွက်ပါ
Posted On November 12, 2015, By Editorial

လုပ်ငန်းခွင်မှာ Change လုပ်ရတာတွေရဲ့ ကောင်းကျိုးဆိုးပြစ်

မေးခွန်းက ကျယ်ပြန့်ပါတယ်။ မေးတဲ့လူကလည်း တော်တော်မေးတတ်တယ်လို့ ပြောချင်တယ်။ လိုရင်းကို ပြောရရင်တော့ Environment ဆိုတာ ကိုယ်ထိန်းနိုင်တာနဲ့ ကိုယ်မထိန်းနိုင်တာ နှစ်ခုရှိတယ်။ ထပ်ရှင်းပြရရင် ကိုယ်ထိန်းနိုင်တဲ့ (I.E) Internal Environment နဲ့ မထိန်းနိုင်တဲ့ (E.E) External Environment မျိုးပေါ့။ ဥပမာ- ကုမ္ပဏီရဲ့ ငွေကြေးက I.E ဖြစ်ပြီးတော့ နည်းပညာမျိုးက E.E ပေါ့။ I.E Change တွေကို ကုမ္ပဏီချမှတ်ထားတဲ့ စည်းကမ်းဘောင်ထဲက ထိန်းနိုင်ပေမဲ့ EE Change ကတော့ လွှတ်ပေးလိုက်ရတာမျိုး ရှိတတ်ပါတယ်။ ဒါမှ ကုမ္ပဏီလုပ်ငန်း တိုးတက်မှာကိုး။ Management ကတော့ ကျယ်ဝန်းလှပါတယ်။ Management Quadrille ဆိုတဲ့  စီမံခန့်ခွဲမှုလေးမျိုးကတော့ ကိုယ့်ကုမ္ပဏီမှာ တစ်မျိုးမျိုးနဲ့တော့ 'ပိ' […]
Posted On November 9, 2015, By Editorial

အယ်ဒီတာ့အမှာ

လူ့ဘ၀သည် သင်ယူခြင်းမှ စတင်ရပါသည်။ ကလေးငယ်ဘ၀တွင် သင်ယူခဲ့၍သာ လမ်းလျှောက်ခြင်း၊ စကားပြောခြင်းများ တတ်မြောက်လာရခြင်းဖြစ်ပါသည်။ အသက်အရွယ်အလိုက် ဉာဏ်ပညာဖွံ့ဖြိုးမှုကို ရနိုင်ရန် သင်ယူခြင်းဖြင့်ပင် ဆက်လက်ထိန်းသိမ်းရပါသည်။ ထို့ကြောင့်လည်း Stop Learning? Start Failing ဟု ဆိုကြခြင်းဖြစ်သည်။ အောင်လက်မှတ်၊ ဘွဲ့လက်မှတ်များရခြင်းသည် သင်ယူခြင်းကို ဆက်လက်အားသန်နေအောင် တွန်းအားပေးခြင်းသာဖြစ်ပြီး ဆက်သင်ယူရန်မလိုတော့ဟု ဆုံးဖြတ်ပေးခြင်း မဟုတ်ပါ။ အတန်းကျောင်း အောင်လက်မှတ်သည် ဘ၀ကျောင်းအတွက် အထောက်အကူပြုမှု အတိုင်းအတာအကန့်အသတ်ရှိနေပါသည်။ ဘ၀၏ပြဿနာတော်တော်များများကို သင်ယူခြင်းဖြင့် ဖြေရှင်းရသလို တစ်ခါတစ်ရံဖြေရှင်းခြင်းမှလည်း သင်ယူရပါသည်။ Learning Pain ဟူသော စကားရပ်သည် သင်ယူခြင်းထက် စွန့်လွှတ်ရမှုကို သရုပ်ဖော်ပါသည်။ လူအများစုက မိမိထိမှ မှတ်သားတတ်ကြရာ သူတစ်ပါးအရှုံးကိုဝင်၍ သင်ခန်းစာယူတတ်မှုက ပိုပြီးခရီးတွင်နိုင်ပါသည်။ အမှားအားလုံးကို တစ်ဦးတည်းက ပြုမိ၍ သင်ခန်းစာယူရန်မှာ […]
Posted On November 9, 2015, By Editorial

The White House – Branded Collections

ဆိုင်တည်နေရာ ဆိုင်တစ်ကိုတော့ အမှတ် – ၂၉၆၊ အခန်း ၆ ၊ မြေညီထပ်၊ ရွှေတိဂုံဘုရားလမ်းနဲ့ န၀ဒေးလမ်းထောင့်၊ ဒဂုံမြို့နယ်ဖြစ်ပြီး ဆိုင်နှစ်ကတော့ အမှတ် ၁၇၃၊ အ ခန်း ၆ ရွှေဂုံတိုင်လမ်းနဲ့ ရေတာရှည်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။ ဖုန်းနံပါတ် ၀၉၅ ၀၄၁၂၈၆ ကို ဆက်သွယ်နိုင်ပြီး [email protected] နဲ့ www.facebook.com/knn.biz.gp မှာလည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန် ဆိုင်ဖွင့်ချိန်က မနက် ၁၀  နာရီကနေ ည ၈ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ စတင်ဖွင့်လှစ်တဲ့ခုနှစ်နဲ့ ရည်ရွယ်ချက် ဆိုင်တစ်ကို ၂၀၁၃   ခုနှစ်၊ ဒီဇင်ဘာလ  ၂၅ ရက်က ဖွင့်လှစ်ခဲ့ပြီး  ဒီရွှေဂုံတိုင်က ဆိုင်ကိုတော့ ၂၀၁၅  […]
Posted On November 6, 2015, By Editorial

ခံတွင်းနံ့ ဘာကြောင့် မကောင်းရတာလဲ

ခံတွင်းနံ့မကောင်းတာက အတော်ဆိုးပါတယ်။ ဒါဆိုရင် သင်ဘာလုပ်နိုင်မလဲ။ ပီကေ၀ါးမလား။ သကြားလုံးငုံမလား။ ဒီနည်းလမ်းတွေက အကျိုးတော့ဖြစ်ပါတယ်။ ဒါပေမဲ့ ခဏပဲခံပါတယ်။ ပြီးတော့ သွားတိုက်မလား။ သိပ်ကို အရေးကြီးပါတယ်။ ဒါပေမဲ့ ကုသမှုအနေနဲ့ဆိုရင်တော့ သိပ်ထိရောက်မှု မရှိပါဘူးလို့ ဘရာဇီးမှာပြုလုပ်ခဲ့တဲ့ သိပံ္ပနည်းကျ လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ ပြည့်စုံတဲ့ နည်းစနစ်တစ်ခုကို သင်လိုအပ်နေတာဖြစ်ပါတယ်။ ဒါဆိုရင် ခံတွင်းနံ့မကောင်းရခြင်းရဲ့ အရင်းအမြစ်ကနေ စတင်ဖို့ပဲဖြစ်ပါတယ်။ ဒါကတော့ Volatile Sulfur Compound (VSC) ဆာလဖာဒြပ်ပေါင်းအငွေ့ကြောင့်ပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရတော့ ဒါတွေက ခံတွင်းနံ့ဆိုးတွေကို ဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။ ဆာလဖာဒြပ်ပေါင်းတွေ များပြားလာရတဲ့ အကြောင်းအရင်းကတော့ ခံတွင်းထဲမှာ ဖြစ်ပွားတတ်တဲ့ သွားဖုံးရောဂါနဲ့ ရောဂါပိုးမွှားတွေရှိတဲ့နေရာမှာ ဗက်တီးရီးယားတွေကို တွေ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ Clinical Perodontology Journal မှာ […]
Posted On November 5, 2015, By Editorial

KBZ နှင့် Microsoft ပူးပေါင်းလိုက်လျှင် ပြည်တွင်းမှာဖြစ်ပေါ်လာမည့် အကျိုးဆက်များ

Microsoft နဲ့ သူရဲ့ Local Partner MIT ပူးပေါင်းပြီး KBZ Group အတွက် မြန်မာပြည်မှာ Microsoft ရဲ့ အကြီးဆုံး IT Project ကို KBZ Bank က စတင်အကောင်အထည်ဖော်ပြီး လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာမယ့် ကောင်းကျိုးတွေကတော့ KBZ Bank ရဲ့ Customer တွေဟာ Value Added Services အကျိုးတွေရရှိမှာ ဖြစ်ပါတယ်။ နံပါတ်တစ် အကျိုးကျေးဇူးကတော့ Cyber Security လုံခြုံရေးဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းတွေမှာ လုံခြုံရေးက အဓိကဖြစ်ပါတယ်။ ဘဏ်ရဲ့အချက်အလက်တွေသာမက ဘဏ် Customer တွေရဲ့အချက်အလက်တွေပါ လုံခြုံစွာသိမ်းဆည်းပြီး ၀န်ဆောင်မှုပေးနိုင်ဖို့က အရေးကြီးပါတယ်။ နံပါတ်နှစ်ကတော့ Workplace Modernization and Collaboration […]
Posted On November 4, 2015, By Editorial

လစာနဲ့ချီးမြှင့်ငွေတွေ အများဆုံးရကြတဲ့ CEO များ

သူတို့ဟာ ဟောလီးဝုဒ်က ရုပ်ရှင်ကြယ်ပွင့်တွေမဟုတ်ကြပါဘူး။ ရုပ်မြင်သံကြားဖန်သားပြင်က လူသိများတဲ့ သူတွေလည်း မဟုတ်ကြပါဘူး။ ခေတ်ပေါ်ရော့ခ်တီးဝိုင်းက လူတွေလည်း မဟုတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ဟာ လစာဝင်ငွေမှာတော့ အဲဒီလူတွေနဲ့ အတူတူပါပဲ။ ဒီလူတွေဟာ CEO တွေဖြစ်ကြပြီး ပြီးခဲ့တဲ့နှစ်ကဆိုရင် သူတို့ထဲက CEO ဆယ်ယောက်ဟာ မီဒီယာလုပ်ငန်းတွေမှာ လစာချီးမြှင့်ငွေအများဆုံးနဲ့ လုပ်ကိုင်ခဲ့ကြသူတွေ ဖြစ်တယ်။ သူတို့ထဲက David Zaslav ဟာ Shark Week လို့ခေါ်တဲ့ ရုပ်သံဇာတ်လမ်းကို ထုတ်လွှင့်ပြသနေတဲ့ Discovery Communications ကုမ္ပဏီရဲ့ CEO ဖြစ်တယ်။ သူဟာ CEO အဖြစ် အဲဒီမှာ ဆက်လက်ဆောင်ရွက်ဖို့ စာချုပ်သက်တမ်းတိုးလိုက်ပြီး နောက်ပိုင်း ၂၀၁၄ ခုနှစ်ထဲမှာ သူ့ရဲ့လစာချီးမြှင့်ငွေစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၅၆.၁ သန်းအထိ လေးဆတိုးမြှင့်ရရှိခဲ့တယ်။ နောက်မီဒီယာလုပ်ငန်းတစ်ခုဖြစ်တဲ့ […]
Posted On November 4, 2015, By Editorial

ဝယ်သူ၏ ခံစားမှုတွင် ပုံရိပ်ဖန်တီးခြင်း

အဓိကအားဖြင့် မိမိရောင်းချသော ကုန်ပစ္စည်းကို ၀ယ်သူတို့၏စိတ်တွင် စွဲမြဲမှတ်မိနေအောင် ဖန်တီးမှုများကို Branding ဟု သုံးနှုန်းသည်။ Branding သည် Marketing လုပ်ငန်းတွင်ပါဝင်ပြီး အမည်၊ ပုံရုပ်၊ တံဆိပ်၊ အသံ စသည်တို့ဖြင့် ထူးခြားမှတ်သားမိအောင် ဖန်တီးထားခြင်းဖြစ်သည်။ အချို့၏ Branding အောင်မြင်မှုမှာအတိုင်း တိုင်းအပြည်ပြည်အထိ ပျံ့နှံ့သည်။ ဥပမာ- Coca Cola ၊ Revlon ၊ Samsung စသည်တို့ ဖြစ်သည်။ ၀ယ်သူများအနေဖြင့် ရွေးချယ်မှုလွယ်ကူသည်၊ စိတ်ချသည်။ နာမည်ကြီးတံဆိပ်ကို ၀ယ်ယူသဖြင့် ဈေးအနည်းငယ် ပိုပေးရခြင်းကို ပြဿနာအဖြစ်မယူဆဘဲ အချို့ဆိုလျှင် နာမည်ကြီးပစ္စည်း ၀ယ်ယူသုံးစွဲရခြင်းကို ဂုဏ်ယူကြသည်။ အမှန်မှာ ကုန်အမှတ်တံဆိပ်ထက် ၀ယ်သူများစိတ်အထင်ပုံရိပ်က ပို၍အရေးကြီးသည်။ Brand ၏ အရေးပါမှုကြောင့် ၀ယ်သူများ၏စိတ်ဘ၀င်တွင် ငြိနေအောင် […]
Posted On November 4, 2015, By Editorial
1 76 77 78 79 80 94