advertisement-image
Articles

စတော့ရှယ်ယာဈေးကွက် -၅

ဒေါက်တာခင်စန်းရီ စတော့အိတ်ချိန်းကြီးများ ကမ္ဘာ့ပထမဦးဆုံးစတော့အိတ်ချိန်းကို ၁၄၆၀ ပြည့်လွန်နှစ်က Belgium နိုင်ငံ၊ Antwerp မြို့တွင်ဖွင့်လှစ်ခဲ့သည်။ မျက်မှောက်ကာလ၌အမေရိကန်နိုင်ငံရှိ New York Stock Exchange (NYSE) နှင့် National Association of Securities Dealers Automated Quotations တို့မှာကမ္ဘာ့အကြီးဆုံးစတော့အိတ်ချိန်းများဖြစ်သည်။ အမေရိကန်နိုင်ငံရှိအခြားမြို့ကြီးများဖြစ်သော Boston ၊ Chicago ၊ Philadelphia ၊ Denver ၊ San Francisco ၊ Los Angeles အစရှိသည့် မြို့ကြီးများတွင်လည်း စတော့အိတ်ချိန်းများရှိသည်။ နိုင်ငံတကာရှိအထင်ကရစတော့အိတ်ချိန်းကြီးများမှာ London Stock Exchange (LSE) ၊ Tokyo Stock Exchange (TSE) ၊ Shanghai Stock Exchange […]
Posted On January 6, 2021, By CEO Editors

မိမိရဲ့ Follower ကနေတစ်ဆင့်ရောင်းအားမြင့်စေမယ့် နည်းလမ်း ၄ ခု

Mainstream Marketing Advice အရ ဈေးကွက်အတွက် လူဦးရေအရေအတွက်က အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းအများစုတွေအတွက် ပုံမှန်ရောင်းအားရှိဖို့ Follower သောင်းဂဏန်းနဲ့အထက်ရှိဖို့မလိုပါဘူး။ ကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီးအကြံဉာဏ်ပေးသူ အိန္ဒိယနိုင်ငံကဂျက်ဆန်ဆိုသူက လူမှုကွန်ရက်ကစွန့်ဦးလုပ်ငန်းရှင်တွေနဲ့အသေးစားစီးပွားရေးတွေနဲ့ပတ်သက်ပြီး လေ့လာမှုတွေလုပ်ခဲ့ပါတယ်။ ဂျက်ဆန်ကသူ့ရဲ့ဖောက်သည်လုပ်ငန်းရှင်တွေကို ခြောက်နှစ်စာစာချုပ်ထဲမှာ Instagram ကနေ Follower ခြောက်ရာသာသာနဲ့ရောင်းအားကောင်းအောင်ကူညီထားပါတယ်။ လျို့ဝှက်ချက်ကတော့ Follower တွေနဲ့ အမြဲတစေထိတွေ့ဆက်ဆံမှုရှိဖို့ အလေးထားပြီး Fan Group တွေဖန်တီးကာသူတို့ကနေတစ်ဆင့် ကုန်ပစ္စည်းတွေကို ပြန်လည်ကြော်ငြာရောင်းချစေခြင်းဖြစ်ပါတယ်။ မိမိရဲ့လူမှုကွန်ရက်ပလက်ဖောင်း Account မှာ Follower နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေသူတို့နဲ့အမြဲထိတွေ့ဖို့ကိုဂရုပြုရပါမယ်။ မိမိရဲ့ပရိသတ်တွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေး ဖန်တီးနိုင်တယ်ဆိုရင်အဖွဲ့တွေရှိလာမှာဖြစ်ပြီး ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကို သူတို့ကပြန်လည်ကြော်ငြာပေးရုံသာမကရောင်းချပေးဖို့အထိလုပ်ဆောင်လာကြပါလိမ့်မယ်။ ဒီနေရာမှာလုပ်ငန်းတစ်ခုကြီးထွားဖို့ထက် ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ကို အလေးထားပါတယ်။ ဒါကြောင့်ဆက်ဆံရေးခိုင်မြဲပြီး နောက်အဆင့်တစ်ခုတက်နိုင်ဖို့ နည်းဗျူဟာလေးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ကျေးဇူးတင်စကား ပြောပါ။ Instagram […]
Posted On January 5, 2021, By CEO Editors

မလွန်ဆန်နိုင်သောဖြစ်ရပ်နှင့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာသိကောင်းစရာ

ကိုဗစ်-၁၉ ကြောင့် အခက်အခဲကြုံနေရသောလုပ်ငန်းများ၌ချုပ်ဆိုထားသည့် သဘောတူစာချုပ်များတွင်ပါရှိသည့် မလွန်ဆန်နိုင်သောဖြစ်ရပ်နှင့်အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာသိကောင်းစရာများကို ဖော်ပြပေးသွားပါမည်။ ဝဏ္ဏကျော်ထင်ဒေါက်တာထွန်းရှင်၊ Mr.Priyank Srivastava Coronavirus (ကိုဗစ်-၁၉)ရောဂါဖြစ်ပွားခြင်းကြောင့် ကမ္ဘာ့စီးပွားရေးဈေးကွက်အပေါ် သိသိသာသာထင်ရှားစွာအ ခက်အခဲဖြစ်စေသည့်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုပျံ့နှံ့မှုနှုန်းလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့သော ဖွဲ့ဖြိုးဆဲနိုင်ငံများတွင်လည်း အခက်အခဲများကြုံတွေ့ခံစားနေရပါသည်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ မြန်မာနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့မှုလျှော့ချနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှယာယီ Visa ပိတ်သိမ်းခြင်း၊ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော ခရီးသည်များအား အသွားအလာကန့်သတ်ခြင်း၊ ခရီးသွားများအားလုံးကို သတ်မှတ်နေရာများ၌စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine ပြုလုပ်ခြင်း)များကို မဖြစ်မနေဆောင်ရွက်ရမည့် စီမံချက်များအဖြစ်သတ်မှတ်ပြီး စတင်လုပ်ဆောင်ခဲ့ပါသည်။ သက်ဆိုင်သောစီမံချက် အချို့ကိုစာဖတ်သူများလွယ်ကူစွာသိရှိနိုင်ရန် စုစည်းတင်ပြလိုက်ပါသည်။ (က) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူအဆင်ပြေစေနိုင်ရန်အလို့ငှာ အိမ်သုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှုအတွက် ယူနစ် ၁၅၀ အထိကို ဧပြီလမှဇူလိုင်လအထိ အခမဲ့သုံးစွဲခွင့်ပြုခဲ့ပြီး၊ နောက်ထပ်အခမဲ့သုံးစွဲခွင့်ကို ၂၀၂၀ […]
Posted On December 31, 2020, By CEO Editors

ဂျပန်တို့၏ ဇာတ်ထုတ်အသစ်

(လှစိုးဝေ) အာဘေးရှင်ဆိုသည် ငယ်စဉ်ကာလက ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရန် စိတ်ကူးစိတ်သန်းရှိခဲ့သူဖြစ်သည်။ သို့သော် ဝန်ကြီးချုပ်တစ်ဦး၏ မြေး၊ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ၏သားဆိုသည့် မိသားစုနောက်ကြောင်းရာဇဝင်သည် သူ့အားသူစိတ်ကူးသလို ဖြစ်ခွင့်မပေးခဲ့ပေ။ နိုင်ငံရေးသမားတစ်ယောက်ဖြစ်လာခဲ့သည့် အာဘေးသည် ဂျပန် တို့ပြောလေ့ရှိသည့် ဂျပန်အကြောင်းကို ပြောင်းလဲရန် ဇာတ်ညွှန်းရေးလာခဲ့ပြီဖြစ်သည်။ ”ဂျပန်တွေ အခုလိုနေ တာ ဘာလဲဆိုရင် နေမင်းကြီးဆီ ရဲရဲစိုက်ကြည့်နိုင်တဲ့ ယုံကြည်မှုမျိုးပဲ၊ နွေခေါင်ခေါင်မှာပွင့်တဲ့ နေကြာပန်းလို ပေါ့ဗျာ” ဟု အာဘေးက ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ် ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ယခုလို ပြောလာခဲ့ခြင်းပင် ဖြစ်သည်။ သို့သော် ရုတ်ခြည်း နိုင်ငံရေးစင်မြင့်မှ ထွက်ခွာသွားခဲ့သဖြင့် သူ၏ ဇာတ်ညွှန်းသည် ဇာတ်ကားကြီး အဖြစ် အကောင်အထည်ပေါ်မလာခဲ့ပေ။ အာဘေးသည် သြဂုတ်လ ၂၈ ရက်တွင် နာတာရှည် ခံစားနေရသည့် အူရောဂါ […]
Posted On December 30, 2020, By CEO Editors

လုပ်ငန်းခွင်အတွင်း ဒေါသကိုထိန်းချုပ်ကိုင်တွယ်နိုင်မယ့်နည်းလမ်း ၅ ခု

လုပ်ငန်းခွင်ထဲမှာ စိတ်ခံစားချက်အမျိုးမျိုးဖြစ်ပေါ်တာက ပုံမှန်ပါပဲ။ စိတ်ရှုပ်ဒေါသထွက်တဲ့အချိန်ဆိုရင် သေချာရှင်းရှင်းလင်းလင်းမတွေးနိုင်ဘူး။ တခြားသူတွေအပေါ် အပြစ်ပြောမိမယ်၊ ကိုယ်နောက်မှ နောင်တရစေမယ့်စကားတွေ ဒေါသအလျောက်ပြောမိမယ်။ မှန်မှန်ကန်ကန်မဆုံးဖြတ်နိုင်တော့ဘူး။ ပုံမှန်အချိန်လုပ်ငန်းခွင်တွေမှာတောင် ဒီလို စိတ်ရှုပ်ထွေးမှုနဲ့ အဆင်မပြေမှုတွေကြုံတွေ့ရတဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပွတ်တိုက်မှုတွေ ဖြစ်ပါတယ်။ အခုလို အိမ်မှာအလုပ်လုပ်ရတဲ့အချိန်၊ အိမ်မှာတစ်လှည့် ရုံးမှာတစ်လှည့် တစ်ဝက်စီလုပ်ရတဲ့အချိန် စတဲ့အချိန်တွေမှာ အမျိုးမျိုးသောဖိအားတွေနဲ့ အဆင်မပြေမှု၊ မလွယ်ကူမှုတွေကြောင့် လုပ်ငန်းခွင်အတွင်း ပိုမိုပြီးပွတ်တိုက်မှုတွေဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လူချင်းမတွေ့ရဘဲ အင်တာနက်ပေါ်ကပြောကြဆိုကြတဲ့အခါလည်း နားလည်မှုလွဲမှားမှုတွေဖြစ်တတ်ပါတယ်။ ဝန်ထမ်းတွေကလည်း လူသားတွေဖြစ်တဲ့အတွက် အမှားတွေ၊ စိတ်ပျက်ခြင်းတွေ၊ ဒေါသနဲ့ စိတ်ကုန်စိတ်ပျက်ခြင်းတွေ၊ ပေါက်ကွဲခြင်းတွေ ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်ဖြစ်တာနဲ့အညီ ကိုယ့်ရဲ့ကိုယ်၊ နှုတ်၊ စိတ်နှလုံး သုံးခုစလုံးဟာ Professional ဆန်စွာပြုမူနေထိုင်ကျင့်သုံးရပါမယ်။ အခုကတော့ အဲဒီလိုဒေါသနဲ့စိတ်ရှုပ်ထွေးချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထိန်းချုပ်ပြုမူနေထိုင်သင့်သလဲဆိုတာနဲ့ပတ်သက်လို့ ပြောပြမှာဖြစ်ပါတယ်။ ၁။ […]
Posted On December 30, 2020, By CEO Editors

Millennials များကိုခြိမ်းခြောက်နေတဲ့ အူမကြီးကင်ဆာ

ဒေါက်တာကေ ပိုငယ်ရွယ်သောသူများအတွင်း အူမကြီးကင်ဆာတွေ့ရှိ မှုပိုမိုများပြားလာနေပါသည်။ အူမကြီးကင်ဆာနှင့် ပတ်သက်ပြီး သင်ဘာသိသင့်သလဲ။ အူမကြီးကင်ဆာဖြစ်ပွားမှုသည် နည်းပါးလာနေသည်ဟုဆိုနိုင်သော်လည်း အမေရိကန်လူမည်းလူငယ် ရုပ်ရှင်သရုပ်ဆောင်ချက်ဝှခ်ဘော့စမင် း (Chadwick Boseman) ၏ဝမ်းနည်းကြေကွဲဖွယ်ရာ လတ်တလောသေဆုံးရမှုက အူမကြီးနှင့်စအိုကင်ဆာများ မပျောက်ကွယ်သွားသေးကြောင်းကို သတိပေးလိုက်သလိုဖြစ်နေပါသည်။ အူမကြီးနှင့်စအိုကင်ဆာများသည် အမေရိကန်နိုင်ငံတွင် တတိယတွေ့ရအများဆုံးသောကင်ဆာအမျိုးအစားဖြစ်နေပါသည်။ အမျိုးသားများက အမျိုးသမီးများထက်ရောဂါဖြစ်နိုင်ခြေ အနည်းငယ်ပိုများပါသည်။ မြန်မာနိုင်ငံတွင်လည်း အူမကြီးကင်ဆာသည် အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အသည်းကင်ဆာ၊ အစာရေမျိုကင်ဆာ စသည်တို့ပြီးလျင် နံပါတ်ငါးအဆင့်တွေ့ရအများဆုံးသောကင်ဆာတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသားများအတွင်း နှစ်စဉ်ရောဂါဖြစ်ပွားသူ အသစ်တွေ့ရှိရမှု ရာခိုင်နှုန်းသည် အမျိုးသမီးများထက်အနည်းငယ်ပိုများသည် ကိုတွေ့ရပါသည်။ ”လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်စုလောက်အတွင်း အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးမှု (Colonoscopy) တွေ တိုးပြီးလုပ်လာနိုင်လို့ ရောဂါဖြစ်ပွားမှုနှုန်းက တဖြည်းဖြည်းချင်း ကျဆင်းလာနေတာကိုတွေ့ရပါတယ်” ဟု မြောက်ဝက်ချက်စတာဆေးရုံမှ အူမကြီးခွဲစိတ်ဌာန၏ညွှန်ကြားရေးမှူး ဒေါက်တာဝှရှ်နာကပြောပါသည်။ အမေရိကန်နိုင်ငံသားထက်ဝက်ခန့်သည် အူမကြီးကင်ဆာရှိမရှိစစ် […]
Posted On December 23, 2020, By CEO Editors

အောင်မြင်သူနှင့်စိတ်ကူးယဥ်သူ၏ကွာခြားချက်များ

ကျွန်တော်တို့အားလုံးအနာဂတ်ကို မှန်းဆကြည့်လေ့ရှိပါတယ်။ စားသုံးသူတွေဘာ ကိုလိုချင်မယ်။ ပြိုင်ဘက်တွေဘာကိုလုပ်ကြမယ်။ ရင်းနှီးမြှုပ်နှံမှုဘယ်လိုအကျိုးအမြတ်ရမယ်၊ အနာဂတ်မှာ ဘာဖြစ်လာမယ် အစရှိသဖြင့်ပေါ့။ တချို့ဆို ဗေဒင်ဆရာကိုတောင်မေးကြပါသေးတယ်။ စိစစ်ကြတယ်။ ခန့်မှန်းကြတယ်။ ဖြစ်နိုင်ခြေတွေ တွက်ချက်ကြတယ်။ စဉ်းစားတွေးခေါ် ကြံဆကြတယ်။ ဒါပေမဲ့ အမြဲတမ်းလိုလိုမှာ ကျွန်တော်တို့တွေ တကယ်ဖြစ်ဖြစ်မြောက်မြောက်ဘာမှမလုပ်ကြပါဘူး။ တကယ်တော့ ကျွန်တော်တို့ ဘယ်လောက်ကြိုးစားပြီးတွက်ချက်ပေမယ့် အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ ဒါကြောင့် အချိန်ယူတွက်ချက်ခန့်မှန်းနေမယ့်အစား လုပ်စရာရှိတာကိုမြန်မြန်ဆန်ဆန်အကောင်အထည်ဖေါ် လုပ်ဆောင်သင့်ပါတယ်။ ခန့်မှန်းလို့မရနိုင်တဲ့အရာတွေကို ပြဿနာတွေလို့မမြင်ဘဲအဖြေများလို့ မြင်သင့်ကြောင်း အမေရိကန်စာရေးဆရာ မေလ်ကွမ် ဂလဒ်ဝဲလ် (Malcolm Gladwell) က သူ့ရဲ့ဆောင်းပါးတစ်ခုမှာ အကြံပေးထားပါတယ်။ ဂလဒ်ဝဲလ် ကသူ့ရဲ့ အကြံပြုမှုဟာနာမည်ကျော်ဘောဂဗေဒပညာရှင် အဲလ်ဘတ်ဟာရှစ်မန်း (Albert Hirschmann) ရဲ့ အကြံပေးမှုနှင့်အတူတူပါပဲလို့ပြောပါတယ်။ “အနာဂတ်ကို ခန့်မှန်းလို့မရနိုင်မှုကြောင့် ကျွန်တော်တို့တွန့်ဆုတ်မှုမရှိဘဲ လွတ်လပ်စွာရှေ့သို့တိုးပြီး လုပ်စရာရှိတာလုပ်ချင်တာတွေကို […]
Posted On December 23, 2020, By CEO Editors

စတော့ရှယ်ယာဈေးကွက် -၄

ဒေါက်တာခင်စန်းရီ OTC ဈေးကွက် Over-the-Counter (OTC) သို့မဟုတ် Off-Exchange ဈေးကွက်တွင်ရောင်းဝယ်ကြသည့် စတော့ရှယ်ယာများသည် Unlisted စတော့ရှယ်ယာများဖြစ်သည်။ Unlisted ရှယ်ယာဆိုသည်မှာ NYSE နှင့် NASDAQ စသည့် Stock Exchange များတွင် စာရင်းမဝင်သည့်ကုမ္ပဏီစတော့ရှယ် ယာများကိုခေါ်သည်။ စတော့အိတ်ချိန်းကြီးများ၏ စည်းကမ်းကန့်သတ်ချက်များမပြည့်မီသည့် ကုမ္ပဏီများနှင့် ကုမ္ပဏီငယ်များ၏ရှယ်ယာများကို OTC ဈေးကွက်၌ ရောင်းဝယ်လေ့ရှိကြသည်။ OTC ဈေးကွက်ရှယ်ယာအရောင်းအဝယ်များကို တယ်လီဖုန်းဖြင့်လည်းကောင်း၊ Internet / Online ဖြင့်လည်းကောင်း ရောင်းဝယ်ကြသည်။ OTC ဈေးကွက်တွင် Market Makers သို့မဟုတ် Dealers များက ရှယ်ယာများကို ရောင်းဝယ်ပေးသည်။ Investor တစ်ဦးသည် OTC ရှယ်ယာဝယ်လိုရောင်းလိုပါက စတော့ရှယ်ယာပွဲစား (Broker)ကို ဦးစွာဆက်သွယ်ရသည်။ ယင်းရှယ်ယာပွဲစားက OTC […]
Posted On December 19, 2020, By CEO Editors

ကိုဗစ်ကာလအတွင်း စီးပွားရေးခေတ်သစ်တစ်ခု အသစ်တစ်ဖန်ပြန်လည်စတင်ခြင်း

ရဲညွန့် (မဟာဝိဇ္ဇာ၊နိုင် – ဆက်) ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ် -၁၉(Covid-19)ဟူသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဆိုးကြီးကူးဆက်ပြန့်ပွားလာမှုကြောင့်တချို့သော စီးပွားရေးလုပ်ငန်းများဆုတ်ယုတ်သွားသကဲ့သို့ တချို့သောစီးပွားရေးလုပ်ငန်းများမှာ လုံးဝနလံမထူနိုင်ဘဲရပ်ဆိုင်းသွားသည့်အခြေအနေသို့ ရောက်ကုန်ကြသည်။ ဤအခြေအနေဆိုးကြီးကြောင့် စီးပွားရေးပညာရှင်များအနေဖြင့် မက်ခိုစီးပွားရေး (macroeconomics)ကို မဖြစ်မနေပြန်လည်သုံးသပ်ဖို့ဖြစ်လာသည်။ သို့သော်လည်း မည့်သည့်ဦးတည်ဘက်လမ်းကြောင်းအတိုင်း သွားလိမ့်မည်ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေး။ ၁၉၃၆ ခုနှစ်တွင် ဂျွန်မေးနာ့ဒ်ကိန်းစ် (John Maynard Keynes) ဆိုသည့် ပညာရှင်က “The General Theory of Employment, Interest and Money” ဟူသောစာအုပ်ကို ရေးသားထုတ်ဝေလိုက်ခြင်းဖြင့် မက်ခရိုစီးပွားရေးဟုခေါ် သည့် ခြုံငုံသုံးသပ်သည့် စီးပွားရေးပညာရပ် စတင်ပေါ်ပေါက်လူသိများလာလေသည်။ ထိုနှစ်နောက်ပိုင်းကာလများကို ခေတ်သုံးခေတ်ပိုင်းခြား သိမြင်နိုင်သည်။ ၁၉၄၀ ပြည့်လွန်နှစ်များတွင် စတင်ခဲ့သည့် ပထမကာလမှာ”မူဝါဒခေတ်”(Era of policy) […]
Posted On December 18, 2020, By CEO Editors

လူကြီးလူညစ် ဂေါက်ပုံပြင် ၄၂

ယခင်လမှအဆက် မောင်စံပေါ ဒီတနင်္ဂနွေဂေါက်သီးရိုက်ရတာ ထူးခြားစွာ ဘာမှငြင်းကြခုံကြတာမရှိဘဲနဲ့ ၁၈ ကျင်းပြီးခဲ့တယ်။ ဒါကလည်း အကြောင်းရှိတယ်။ ရှေ့အတွဲမှာရိုက်နေတဲ့ ကိုရီးယားလင်မယားစုံတွဲနဲ့ ကိုရီးယားအမျိုးသမီးလေးတွေကိုငေးရင်း ဟိုဟိုဒီဒီပြောရင်းနဲ့ ကိုယ့်အချင်းချင်းပြဿနာရှာဖို့ မေ့ခဲ့ကြတာလေ။ လင်မယားစုံတွဲဆိုတာ သူဌေးလေးကယ်ဒီစပ်စုစိန်ပြောပြလို့သိတာ။၁၈ ကျင်းပြီးလို့ တက်လာချိန်မှာဝိုင်းဖွဲ့ကြတော့လည်း ပြောကြတာက အဲဒီကိုရီးယားအဖွဲ့အကြောင်းပဲပေါ့။ ”အဲဒီ ကကြီးကွာ၊ မိန်းမကို ဂေါက်သီးရိုက်သင်ပေးတယ်ဆိုတာ တော်တော်မိုက်တာကွ။” ”ဟေ့ ရှင်းအောင်ပြော။ မိုက်တယ်ဆိုတာကောင်းတာလား၊ မကောင်းတာလား။” ”မကောင်းတာ၊ မလိမ္မာတာ၊ ညံ့တာပေါ့အန်ကယ်ကြီး။” ”အေး မင်းတို့ကိုယ့်မိန်းမကို ဘယ်လောက်ချစ်ချစ်၊ ဘယ်လောက် အလိုလိုက်လိုက်၊ ဂေါက်သီးရိုက်တော့ မသင်ပေးသင့်ဘူး။ ဂေါက်ကွင်းလည်းမခေါ်သင့်ဘူး။” ”ဘာဖြစ်လို့တုန်း အန်ကယ်ကြီး။ ကိုလူသစ်တို့လို ခေါ်တောတစ်ထောင်အားနဲ့ ဝိုင်းငမ်းကြ၊ စိတ်ထဲက နေပြစ်မှားကြတာမျိုး မကြုံရအောင်လို့လား။” ဦးမောင်က ဝင်ထောက်ရင်းနဲ့ ကိုလူသစ်ကို စတယ်။ ကိုလူသစ်ကလည်း ချက်ချင်းပဲပြန်ချေတယ်။ […]
Posted On December 15, 2020, By CEO Editors
1 3 4 5 6 7 94