advertisement-image
Health

ထိုင်းသူလေးက ၂၀၁၆ မှာ ကမ္ဘာ့အကောင်းဆုံးဂေါက်သီးမယ်ဖြစ်လာခြင်း

ထိုင်းနိုင်ငံမှာ ယခင်ကဆိုပါလျှင် မြန်မာထက်ပင် ဂေါက်သီးအဆင့်အတန်း နိမ့်ကျခဲ့သောနိုင်ငံပါ။ ပူထရာဖလား ပြိုင်ပွဲတွင် မြန်မာတို့ ၁၉၈၀ ပြည့်နှစ်က ဗိုလ်စွဲခဲ့သည့်အချိန်အထိ ထိုင်းဂေါက်သီးအသင်း ပူထရာတွင် မနိုင်ဘူးခဲ့သေးပါ။ ၁၉၈၅ ခုနှစ်တွင်မှ ဘွန်ချူးပါဝင်သော တိုင်းအသင်း ပူထရာအောင်ပွဲ စတင်ရရှိခဲ့သည်။ အာရှပတ်လည်ပွဲများတွင် မြအေးတို့ အောင်မြင်ခဲ့စဉ်က ထိုင်းမှ ဂေါက်သီးကျော် မပေါ်ထွက်ခဲ့သေးပါ။ စင်ကာပူအိုးပင်းဂေါက်သီးပြိုင်ပွဲကြီး၌ မြအေး၊ ကြည်လှဟန်၊ ဇော်မိုးတို့ ချန်ပီယံဖြစ်ချိန်အထိ နာမည်ကျော်ထိုင်းဂေါက်သီးသမားဟူ၍ တစ်ဦးမျှ မတွေ့ခဲ့ရသေးပါ။ ယခုအခါတွင်မူ ထိုင်းမှနာမည်ကျော် အမျိုးသားဂေါက်သီးပရိုများသည် ကမ္ဘာ့အဆင့်အထိ တက်လှမ်းနေကြပါပြီ။ ဂျိုင်ဒီးသည် ကမ္ဘာ့အဆင့် ၅၀ အတွင်းသို့ ရောက်နိုင်ခဲ့သော ပထမဆုံးထိုင်းပရိုဖြစ်လာသည်။ ဂျိုင်းဒီးနှင့် ကီရာဒက်တို့က ဥရောပတိုးတွင် အောင်ပွဲများ ရနေချိန်တွင် ပရာယတ်မတ်စိန်ကလည်း ဂျပန်တိုးတွင် အောင်ပွဲများရနေခဲ့သည်။ အာရှတိုးပြိုင်ပွဲများ၌ မြန်မာပရိုများ […]
Posted On February 16, 2017, By Editorial

မျက်လုံးကျန်းမာရေး ဂရုစိုက်ပေး

တစ်နေကုန် ကွန်ပျူတာကြည့်၊ စာတွေဖတ်ရတဲ့အခါ သင့်ရဲ့မျက်လုံးတွေ နာကျင်ပြီး မျက်ကျောတင်းတာတွေ ဖြစ်လာတတ်ပါတယ်။ ဒီအတွက် ဂရုစိုက်ရမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။ ၁။ မျက်လုံးကို ခေတ္တအနားပေးပါ သင်လုပ်နေရတဲ့အလုပ်က အာရုံစူးစိုက်မှုများများ လိုအပ်တယ်ဆိုရင်တော့ မိနစ် ၂၀ ကို တစ်ကြိမ်ခန့် အနားယူပြီး အဝေးတစ်နေရာကို လှမ်းကြည့်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ဥပမာ – နံရံပေါ်က ရုပ်ပုံပန်းချီကားချပ်ကိုကြည့်တာမျိုး၊ ဒါမှမဟုတ် ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်တာမျိုးကို အနည်းဆုံး စက္ကန့် ၃၀ ခန့် ပြုလုပ်သင့်ပါတယ်။ သင့်မျက်လုံးတွေကို အမြင်အာရုံလွှဲပေးလိုက်တာက မျက်လုံးတွေကို အနားပေးလိုက်တာပဲဖြစ်ပါတယ်။ ၂။ မျက်လုံးကို ဂရုစိုက်ပါ သင့်လက်တွေကို အသုံးပြုပြီး မျက်လုံးကို ခပ်ဖွဖွလေး ပွတ်ပေးပါ။ နောက် သင့်လက်ဖမိုးကို ပိတ်ထားတဲ့ သင့်မျက်လုံးပေါ်ကို စက္ကန့်အနည်းငယ်မျှ […]
Posted On February 8, 2017, By Editorial

လူတန်းစားမရွေး ကစားနိုင်အောင် စီစဉ်ပေးထားတဲ့ YGN GYM

နိုင်ငံတကာမှာ ကျန်းမာရေးကို လူတိုင်းအလေးပေးပြီး လိုက်စားနေသလိုပဲ မြန်မာလူမျိုးတွေလည်း ကျန်းမာရေးကို လိုက်စားလာကြပါတယ်။ ကျန်းမာပြီး ပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေကို လူတိုင်းမဖြစ်မနေပြုလုပ်ဖို့ လိုအပ်သလို လူတန်းစားအလွှာအသီးသီး ဆော့ကစားနိုင်အောင် စီစဉ်ပေးထားတဲ့ YGN GYM နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ GYM အမျိုးအစားများ . . . GYM တွေကို Grade A ၊ Grade B ၊ Grade C ဆိုပြီး အမျိုးအစားသုံးခုနဲ့ ဖွင့်လှစ်ထားပါတယ်။ အခုလောလောဆယ်မှာတော့ ကျောက်တံတားမြို့ နယ်က လွစ်လမ်း၊ တာမွေမြို့နယ်က ကျောက်မြောင်းဈေးရှေ့၊ လှည်းတန်းက လှည်းတန်းစင်တာဘေးကပ်လျက်နဲ့ လှိုင်မြို့နယ်က ပါရမီစိန်ဂေဟာရှေ့တို့မှာ Grade C GYM လေးခုကို ဖွင့်လှစ်ထားပါတယ်။ Grade B […]
Posted On February 2, 2017, By Editorial

တစ်နေ့တာလုပ်ငန်းဆောင်တာတွေမှာ ရလဒ်ကောင်းတွေ ထွက်ပေါ်စေမယ့် မနက်ပိုင်းမိနစ် ၉၀

စီမံခန့်ခွဲတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေရသူတစ်ယောက်အနေနဲ့ တစ်ရက်ကို ၁၂ နာရီလောက် အလုပ်ချိန်ရှိနေတာဟာ မဆန်းကြယ်လောက်ပါဘူး။ သင်ရုံးမှာ ည ၉ နာရီ ၁၀ နာရီလောက်အထိ နေကောင်းနေမယ်၊ ဒါမှမဟုတ် သင့်ရဲ့ နောက်ထပ်ဖတ်ဖို့ ကျန်သေးတဲ့ အီးမေးလ်တွေတောင်မစစ်နိုင်ဘဲ ညစာတောင် အချိန်လုစားရမယ့် အခြေအနေမျိုးတွေရှိနေမှာပါ။ နောက်တစ်ရက်မှာလည်း သင်အိပ်ရာကပြန်ထပြီးရင် အလားတူနေ့ရက်ကို ပြန်လည်ဖြတ်သန်းရမှာပဲ။ ဒါဟာ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ၁၃ နှစ်တာ ခရီးတစ်ခုပါ။ တစ်ရက်ကနေ နောက်တစ်ရက်ကို ကူးပြောင်းသွားပြီးသကာလမှာ သမမျှတစွာနေဖို့ လိုအပ်လာပြီဆိုတာ ကျွန်တော်သတိထားမိလာတယ်။ ကျွန်တော့်ရဲ့အလုပ်ကို စနစ်တကျလုပ်ကိုင်လိုတဲ့စိတ်ရှိသလို အလုပ်ပြင်ပက ကျွန်တော့်ရဲ့ဘ၀ကိုလည်း အကျိုးရှိရှိ အသုံးချချင်လာတယ်။ ကျွန်တော့်ရဲ့ နေ့စဉ်အလုပ်လုပ်ကိုင်တဲ့နေ့ကို ပြောင်းလဲဖို့အတွက် ကျွန်တော့်ရဲ့ နံနက်ခင်းတွေကို စတင်ပြောင်းလဲဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။ ဒီကနဦး မိနစ် ၉၀ က […]
Posted On January 20, 2017, By Editorial

ဦးနှောက်ကို  နုပျိုလန်းဆန်းစေမယ့် နည်းလမ်းကောင်း ၁၂ သွယ်

ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ဟာ အသက်အရွယ်ကိုလိုက်ပြီး ပြောင်းလဲလာပါတယ်။ အဲဒီလိုပဲ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေလည်း ပြောင်းလဲလာတတ်ပါတယ်။ ဒီအသက်အရွယ်ကိုလိုက်ပြီး  မှတ်ဉာဏ်ဆုံးရှုံးမှုတွေကို လျော့နည်းအောင် ကူညီပေးမယ့် နည်းလမ်း ၁၂ ခုကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ၁။ ဦးနှောက်ကို အလုပ်ပေးပါ လူတွေနဲ့ ကြွက်တွေကို အခြေခံပြီး ဆရာဝန်တွေ သုတေသနပြုချက်အရ ဦးနှောက်အသုံးပြုတဲ့အခါ ဦးနှောက်မှာရှိတဲ့ အာရုံကြောဆိုင်ရာဆဲလ်တွေ တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ ဆက်နွှယ်မှုအသစ်တွေကို လှုံ့ဆော်ပေးပါတယ်။ ပြီးတဲ့နောက် ဦးနှောက်အတွက် ဆဲလ်အသစ်တွေကို ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် ဦးနှောက်ကို အလုပ်ပေးတာက  ဦးနှောက်ဆဲလ်တွေ ဆုံးရှုံးမှုကို တားဆီးနိုင်ပါတယ်။ ဒါပြင် စိတ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းတာကလည်း ဦးနှောက်စွမ်းဆောင်ရည်မြင့်မားဖို့ အကူအညီပေးပါတယ်။ စာဖတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းလုပ်ခြင်း (တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတွေ) လုပ်ဆောင်သင့်ပါတယ်။ စကားလုံးပဟေဠိဂိမ်းကစားတာ၊ ပုံဆွဲတာ၊ လက်မှုပစ္စည်းပြုလုပ်တာ၊ […]
Posted On December 27, 2016, By Editorial

မှတ်ဉာဏ်ကိုအထောက်အကူပြုမယ့် အစားအစာ ၉ မျိုး

၁။ အဆီဓာတ်ကိုအခြေခံထားတဲ့ Salad Dressings များ ဗီတာမင်အီး ပါဝင်မှုနှုန်းများတဲ့ အဆီဓာတ်ကို အခြေခံထားတဲ့ Salad Dressings တွေ၊ အစေ့တွေ၊ အခွံမာသီးတွေ၊ မြေပဲနဲ့ ဂျုံတို့ စားပါ။ ၂။ ငါး ဆော်လ်မွန်ငါး၊ တူနာငါး၊ ပလာတူးငါး စတဲ့ ငါးတွေဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ Omega 3 ၊ Fatty Acids တွေနဲ့ Docosahexaenoic Acid(DHA) တွေ အပြည့်အ၀ ပါဝင်ပါတယ်။ ဦးနှောက်မှာဆိုရင် DHA ဟာ အာရုံကြောရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို အထောက်အကူပြုပါတယ်။ ၃။ အစိမ်းရင့်ရောင် အရွက်များများပါတဲ့ ဟင်းသီးဟင်းရွက်များ ကိုက်လန်၊ ဂေါ်ဖီထုပ်၊ ဟင်းနုနယ်၊ ပန်းမုန်လာတွေဟာ ဗီတာမင်အီးနဲ့ ဖောလစ်ဓာတ်ပါဝင်မှုနှုန်း မြင့်မားပါတယ်။ ၄။ […]
Posted On December 22, 2016, By Editorial

Health House

ကျန်းမာရေးနဲ့ Message ပိုင်းကို အဓိကထားပြီး ၀န်ဆောင်မှုပေးနေတဲ့ Health House အကြောင်း ဖော်ပြလိုက်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ ဖိစီးမှုတွေများပြီး အညောင်းမိနေသူတွေကို အပန်းပြေပြီး ကျန်းမာလှပစေမယ့် နေရာလေးတစ်ခုဖြစ်ပါတယ်။ ဆိုင်လေးအကြောင်းကို Health House ရဲ့ ဒါရိုက်တာ ဒေါ်နန်းသန္တာအေး (Jasmine) က ပြောပြပေးပါတယ်။ ဆိုင်စဖွင့်ခဲ့တဲ့ခုနှစ်နဲ့ ရည်ရွယ်ချက် . . . ၂၀၁၅ ခုနှစ်၊ နိုင်ဝင်ဘာလမှာ Health House (Waizayandar) ကိုစဖွင့်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မတ်လမှာတော့ Health House (Nat Mauk Yeik Thar) ကို ဖွင့်ခဲ့ပါတယ်။ ကိုယ်တိုင်က ၀ါသနာလည်းပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုလည်း လုပ်ချင်တဲ့အတွက် ဆိုင်ဖွင့်ဖြစ်ခဲ့ပါတယ်။ အလှအပထက် ကျန်းမာရေးကို အဓိကထားပြီး […]
Posted On December 21, 2016, By Editorial

တစ်ခဏတာအနားယူခြင်းရဲ့ အကျိုးကျေးဇူးများ

အလုပ်ထဲမှာ ငါးနာရီကြာ ဆက်တိုက်ထိုင်မိနေပြီဆိုရင် ပခုံးနှစ်ဖက်လည်း လျော့ကျနေပြီ၊ မျက်ခွံတွေလည်း လေးနေပြီ၊ စိတ်အာရုံတွေလည်း ကစဥ့်ကလျားထွေ ပြားနေပြီဆိုတာ သေချာပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် အချိန်အနည်းငယ်သာပေးရတဲ့ အကြောဆန့်တာမျိုး လုပ်ပေးလိုက်ပြီး လန်းဆန်းတက်ကြွမှုတွေ ပြန်လည်ရယူနိုင်ပါတယ်။ ''သင်ပြေးနေပြီး သင့်ခန္ဓာကိုယ်ကို အားမဖြည့်ပေးဘူးဆိုရင် သင်လဲကျသွားနိုင်ပါတယ်'' လို့ Turner Efficiency Coaching (စီးပွားရေးလုပ်ငန်းတွေက ၀န်ထမ်းတွေရဲ့ထုတ်လုပ်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးတဲ့လုပ်ငန်း) ရဲ့ CEO ဖြစ်သူ Karen Turner က ပြောပါတယ်။ ဒီသဘောတရားအတိုင်းပဲ မရပ်မနားဘဲ ဆက်တိုက်အလုပ်လုပ်နေတာက သင့်ကိုယ်သင် ဖျက်ဆီးရာကျပါတယ်လို့ ဆိုပါတယ်။ ဒီလိုတစ်ခဏတာ အနားယူလိုက်တာက ဘာမှသက်ရောက်မှုမရှိဘူးလို့ ထင်ရပေမယ့် သင့်လက်ထဲက လုပ်လက်စအလုပ်တွေကနေ တစ်ခဏတာအနားယူလိုက်တာကနေ သင့်ဦးနှောက်ကို အသစ်ပြန်ဖြစ်လာစေသလို ဆက်လုပ်မယ့် သင့်အလုပ်အတွက် စိတ်ဓာတ်ခွန်အားတိုးလာစေရုံသာမက သင့်အလုပ်မှာ ပိုမိုအာရုံစိုက်လာနိုင်အောင် […]
Posted On December 7, 2016, By Editorial

အိုလံပစ်တွင် ဂေါက်သီး ဆက်လက်ပါဝင်ဦးမည်လော (၁)

ယခုနှစ် သြဂုတ်လက ဘရာဇီးနိုင်ငံတွင်ကျင်းပခဲ့သည့် ၂၀၁၆ ခုနှစ် နွေရာသီအိုလံပစ်ပွဲတော်ကြီး၌ ဂေါက်သီးအားကစား ပြန်လည်ပါဝင်ခဲ့ပါသည်။ အိုလံပစ်သမိုင်းတွင် ၁၉၀၀ ပြည့်နှစ်နှင့် ၁၉၀၄ ခုနှစ်များက နှစ်ကြိမ်သာ ပါခွင့်ရသော ဂေါက်သီးအားကစားကို နှစ်ပေါင်း ၁၁၂ နှစ်ကြာပြီးနောက် ပြန်လည်ပါဝင်ခွင့်ရအောင် ကမ္ဘာပေါ်ရှိ ဂေါက်သီးအသင်းအဖွဲ့များ စုစည်းတည်ထောင်ထားသည့် International Golf Federation က ကြိုးပမ်းခဲ့ရာ အောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်၌ ပါဝင်ခွင့်ရစေရန် ၂၀၀၉ ခုနှစ်ကတည်းက စတင်ကြိုးပမ်းခဲ့ကြရသည်။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၉ ရက်နေ့အထိ ကျင်းပခဲ့သော International Olympic Committee ၏ ၁၂၁ ကြိမ်မြောက် အထွေထွေညီလာခံ အစည်အဝေးကြီးတွင် အဆုံးအဖြတ်ရခဲ့ပါသည်။ ဂေါက်သီးအားကစားကို ၂၀၁၆ […]
Posted On December 1, 2016, By Editorial

Fit Way Gym & Supplements

ဖွင့်လှစ်ဖြစ်ပုံ . . . ကျွန်တော်တို့ Gym ကို ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်လှစ်ဖြစ်တာက ကျွန်တော်ငယ်ငယ်က နိုင်ငံခြားတိုင်းပြည်က Gym တစ်ခုမှာ အလုပ်လုပ်ဖူးပါတယ်။ အဲဒီမှာ ရေကူးကန်တွေလည်း ရှိပါတယ်။ အဲဒီတုန်းက ကိုယ်တွေဆီမှာ မရှိသေးဘူး။ အဲအချိန်ကတည်းက ကျွန်တော်တို့ဆီမှာလည်း ဒီလိုမျိုး Gym လေးဖွင့်ကြည့်ရင် ကောင်းမှာပဲဆိုပြီးတော့ စိတ်ကူးယဉ်ကြည့်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လေး၊ ငါး၊ ခြောက်နှစ်လောက်တုန်းက ဂျပန်က ဆေးရုံတစ်ရုံမှာ စကားပြန်အနေနဲ့ အလုပ်လုပ်ခဲ့ပါသေးတယ်။ အဲဒီမှာ ဆရာဝန်နဲ့လူနာတွေအကြား ဘာသာပြန်ပေးရတဲ့အခါမှာ တစ်ချိန်လုံးကြားနေရတာက လေ့ကျင့်ခန်းလုပ်ပါ၊ Gym သွားပါ၊ ၀ိတ်လျှော့ပါ ဆိုတာတွေချည်းပဲ။ ဒီလိုကြားနေရတော့ တကယ်တမ်း အလုပ်လုပ်ဖြစ်တဲ့အခါမှာ ဒီဘက်ကို အားသန်လာခဲ့ပါတယ်။ ဒီ […]
Posted On November 30, 2016, By Editorial