advertisement-image
Health

Myanmar Fitness Club

တည်နေရာနဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် . . . အမှတ် ၁၃၂ (က)၊ အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဝင်းအတွင်းမှာ တည်ရှိပါတယ်။ ဖုန်းနံပါတ် ၀၉ – ၄၄၀၃၉၁၉၈၃၊ အီးမေးလ် [email protected] ကို ဆက်သွယ်နိုင်ပါတယ်။ Myanmar Fitness Club ဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက် . . . ကျွန်တော်တို့နဲ့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး အနာဂတ်မှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ကစားသမားတွေကို မွေးထုတ်သွားဖို့ ရည်ရွယ်ပါတယ်။ လှေလှော်အားကစားနည်းက တချို့ကစားနည်းတွေဆိုရင် ကျွန်တော်တို့ Gym ကစားနည်းနဲ့ နီးစပ်တာတွေရှိပါတယ်။ ကစားသမားတွေ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်အောင် ပံ့ပိုးပေးသွားဖို့ ရည်ရွယ်ပါတယ်လို့ တာဝန်ခံ ကိုစူးရှက ပြောပါတယ်။ ၀န်ဆောင်မှုပိုင်း . . […]
Posted On July 14, 2017, By Editorial

ခါးနာသက်သာစေမယ့် နည်းလမ်း ၈ မျိုး

အလုပ်စားပွဲ၊ စာကြည့်စားပွဲမှာ အချိန်တော်တော်များများ ထိုင်နေရတတ်သူတွေအတွက် ခါးနာတာက အဖြစ်များပါတယ် … ဒါကြောင့် တကယ်လို့များ ခါးနာတတ်တဲ့သူတစ်ယောက်ဆိုရင် ဘယ်လိုနည်းလမ်းလေးတွေက အထောက်အကူဖြစ်မယ်ဆိုတာ သိနိုင်စေဖို့ ခါးနားသက်သာစေမယ့် နည်းလမ်း ၈ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ လေ့ကျင့်ခန်း ပြုလုပ်ပါ လေ့ကျင့်ခန်း မပျက်မကွက် နေ့စဉ် ပြုလုပ်ပါ။  ခါးနာတာ သက်သာဖို့အတွက်ဆိုရင် အကြောလျှော့တာနဲ့ ခြေလက်တွေကို ဆန့်တန်းပြီး ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေက အဓိကသော့ချက်ပါပဲ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက လှုပ်ရှားမှု ပေါ့ပါးလာစေတဲ့အပြင် အာရုံကြောတွေနဲ့ ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါအပြင် နာကျင်မှုလျော့နည်းစေပြီး ကြွက်တက်တာမျိုးတွေလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ လေ့ကျင့်ခန်းပြုလုပ်ချိန်မှာတော့ ဖြည်းဖြည်းနဲညင်သာစွာပြုလုပ်ပါ။ အလေးနဲ့ ကစားတဲ့ လေ့ကျင့်ခန်းတွေက သင့်ရဲ့ကျောရိုးကို ထောက်ပံ့တဲ့ ကြွက်သားတွေကို သန်မာစေတာမို့ သိပ်ကိုအရေးကြီးပါတယ်။ […]
Posted On May 22, 2017, By Editorial

City Gym

Gym တည်နေရာနဲ့ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ် . . . ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်၊ ပုလဲကွန်ဒို၊ တိုက် C တတိယထပ်မှာ တည်ရှိပါတယ်။ ဖုန်းနံပါတ် ၀၁-၇၀၉၉၉၉၊၀၉-၇၉၄၉၉၉၇၇၇ ဖြစ်ပါတယ်။ Facebook Page ကတော့ @city.gym.myanmar ဖြစ်ပါတယ်။ Gym ကို မနက် ၆ နာရီခွဲကနေ ည ၉ နာရီ အထိ ဖွင့်လှစ်ထားပါတယ်။ City Gym ဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက် . . . အခုဆိုရင် ကမ္ဘာပေါ်မှာ လေ့ကျင့်ခန်းလုပ်တဲ့သူတွေက အတော်လေး များလာတယ်။ လေ့ကျင့်ခန်းလုပ်ရင် ကျန်းမာတယ်ဆိုတာကိုလည်း သိလာကြတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းကို နည်းစနစ်မှန်ကန်အောင် မလုပ်နိုင်ကြတဲ့အတွက် လေ့ကျင့်ခန်းကနေပေးတဲ့ ဒဏ်ရာတွေကို ခံစားရတယ်။ ကျွန်တော်တို့ […]
Posted On May 11, 2017, By Editorial

အားကစားရုံသွားရင် သိထားသင့်တဲ့ အချက် ၁၀ ချက်

၁။ သင်ပုံမှန်မရောက်ဖြစ်ဘူး။ လေ့ကျင့်ခန်းစလုပ်တဲ့ လူတွေထဲမှာ တစ်ဝက်လောက်ဟာ ခြောက်လအတွင်းမှာ ရပ်နားလိုက်ကြပါတယ်။ ဒါကြောင့် ပုံမှန်ကစားနိုင်ဖို့ဆိုရင်တော့ မိနစ်သုံးဆယ်လောက် ပြေးခြင်း၊ လမ်းလျှောက်ခြင်းတွေနဲ့ အစပြုသင့်ပါတယ်။ ဒါမှမဟုတ်လည်း အေရိုးဗစ်လေ့ကျင့်ခန်းတွေ စတင်ပြုလုပ်သင့်ပါတယ်။ အစပိုင်းမှာ လေ့ကျင့်ခန်း အပြင်းစားတွေ စတင်ပြုလုပ်တဲ့သူတွေဟာ နောက်ပိုင်းမှာ စိတ်ဓာတ်ကျသွားတာမျိုးတွေ ကြုံရတတ်ပါတယ်။ ၂။ သင်သွားမှ တစ်ရက်စာပေးတဲ့နည်းလမ်းက ကုန်ကျမှုပိုနည်းပါတယ်။ University of Calfornia (Berkeley) က စီးပွားရေးပညာရှင်တစ်ယောက်ရဲ့ ဖော်ပြချက်အရတော့ လအလိုက်၊ ဒါမှမဟုတ် နှစ်အလိုက် ပိုက်ဆံကြိုတင်သွင်းထားတဲ့သူတွေဟာ သူတို့သွင်းတဲ့ ပမာဏရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို မသုံးနိုင်ခဲ့ပါဘူး။ သွားကစားတော့မှ ရှင်းတဲ့သူတွေက ပိုမိုပြီး ကုန်ကျမှုနည်းပါတယ်လို့ ဆိုပါတယ်။ ၃။ တချို့သူတွေက လေ့ကျင့်ခန်းကို မှားယွင်းစွာ ပြုလုပ်တတ်ပါတယ်။ အလေးမတဲ့အခါမှာ မနိုင်လို့ […]
Posted On April 28, 2017, By Editorial

အာရှတော်ဝင်၏ ပဲ့ကိုင်ရှင်နှင့် တွေ့ဆုံခြင်း

အာရှတော်ဝင်ဆေးရုံရဲ့ အောင်မြင်မှုသက်တမ်းဟာ အခုဆိုရင် နှစ်ပေါင်း ၃၂ နှစ် ရှိလာပါပြီ။ စတင်တည်ထောင်ခဲ့တဲ့အချိန်ကစပြီး အခုလက်ရှိမှာ ဘယ်လိုဝန်ဆောင်မှုတွေ တိုးမြှင့်ပြုလုပ်နေသလဲ၊ ဘယ်လိုအဆင့်မြှင့်တင်နေသလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာတွေကို အာရှတော်ဝင်ဆေးရုံပိုင်ရှင် ဒေါက်တာမြတ်သူနဲ့ ဆေးရုံရဲ့ အဆင့်မြှင့်တင်မှုပိုင်းမှာ အဓိကအခန်းကဏ္ဍဖြစ်တဲ့ Risk Management ပိုင်းကို အထူးတာဝန်ယူထားတဲ့ ပါမောက္ခဒေါက်တာသိန်းဇော်တို့နဲ့ တွေ့ဆုံခိုက်မှာ အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။ အာရှတော်ဝင်ရဲ့သမိုင်းကြောင်းကို အရင်ဆုံးပြောပြပေးပါ . . . အာရှတော်ဝင်ဆေးရုံအကြောင်း ပြောရမယ်ဆိုရင် တော်ဝင်ဆေးခန်းကနေ စပြောရမယ်။ ၁၉၈၅ ခုနှစ်မှာ တော်ဝင်ဆေးခန်းကို ကျွန်တော်ဆေးကျောင်းသား Final Part II ကတည်းက စတင်တည်ထောင်ခဲ့တာပါ။ တော်ဝင်ဆေးခန်းကိုအခြေခံပြီး အာရှတော်ဝင်ဆေးရုံ ဖြစ်လာခဲ့တာပါ။ ကျွန်တော်နဲ့အတူ တွဲလုပ်ခဲ့တဲ့ Final Part II တစ်ယောက်က တော်ဝင်ဆေးခန်းထက်ကြီးတဲ့ ဆေးရုံတစ်ခုဖွင့်ချင်တယ်လို့ […]
Posted On April 7, 2017, By Editorial

လာမယ့်တစ်ပတ်တာအတွက် တနင်္ဂနွေနေ့မှာ ဘယ်လိုအားယူမလဲ

တနင်္ဂနွေနေ့ညနေရောက်ပြီဆိုရင် နောက်တစ်ပတ်ကို ရင်ဆိုင်ဖို့အတွက် စိုးရိမ်ပူပန်နေတတ်ကြပါတယ်။ စနေနဲ့တနင်္ဂနွေနေ့ ပိတ်ရက်နှစ်ရက်ဟာ သိပ်ကိုတိုတောင်းတယ်လို့ ခံစားရတတ်ပါတယ်။ ဒီမှာတော့ တနင်္လာနေ့တွေကို ဘယ်လိုပျော်ရွှင်အောင် ဖြတ်သန်းကြမလဲဆိုတာကို ဖော်ပြချင်ပါတယ်။ ၁။ တနင်္ဂနွေနေ့တွေမှာ ကောင်းတဲ့အရာတွေကိုပဲ အာရုံထားပါ ညနေပိုင်းမှာ အားရပါးရရေချိုးပါ။ ညစာကို သင်ချစ်တဲ့သူတွေနဲ့အတူစားပါ၊ ဒါမှမဟုတ် သူငယ်ချင်းဆီကို ဖုန်းဆက်ပါ။ သင်ဘာပဲလုပ်လုပ် စိတ်ချမ်းသာစရာရှိတာပဲလုပ်ပါ (စိတ်ဖိစီးမှုများမယ့်အရာတွေကို မေ့ထားပါ)။ ၂။ မိမိကိုယ်ကို အပြစ်တင်ခြင်းကို ရပ်တန့်လိုက်ပါ သင့်ရဲ့ တနင်္ဂနွေနေ့ကို ည၀တ်အင်္ကျီဝတ်ပြီး ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းပါ။ သင်လုပ်ကိုင်နေတာတွေ အရှိန်လျှော့ချလိုက်ပြီး သင့်စိတ်ကို လွတ်လပ်ခွင့်ပေးထားလိုက်ပါ။ ဘ၀ဆိုတာ ရှည်ကြာသလိုပဲ အနိမ့်အမြင့် အတက်အကျတွေလည်း ရှိပါတယ်။ ၃။ သင့်ရဲ့အလိုဆန္ဒတွေကို လျှော့ထားပါ သင့်ရဲ့ မိတ်ဆွေတွေနဲ့လည်း သင်အချိန်ကုန်ဆုံးချင်တယ်၊ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ချင်တယ်၊ အိမ်ကိုလည်း […]
Posted On April 7, 2017, By Editorial

Training Group

Gym တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ အီးမေးလ် . . . Asia Business Center ၊ အမှတ် 10-H ၊ ပထမထပ်၊ ၄၈ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၉-၄၅၈၈၈၇၂၇၂ ၊ ၀၉-၄၅၈၈၈၇၅၇၅ ဖြစ်ပါတယ်။ အီးမေးလ်ကတော့ [email protected] ဖြစ်ပါတယ်။ Gym အကျယ်အ၀န်းနဲ့ ဖွင့်ချိန် . . . အကျယ်အ၀န်းက စတုရန်းပေ ရှစ်ထောင် ကျယ်ဝန်းပါတယ်။ Gym ဖွင့်ချိန်ကတော့ မနက် ၆ နာရီကနေ ည ၁၀ နာရီထိ ဖြစ်ပါတယ်။ Gym ဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက် . . […]
Posted On March 24, 2017, By Editorial

သူ့ထက်သူ လူစွမ်းကောင်း

ပီဂျီအေတိုး၏ ၂၀၁၆-၁၇ ဂေါက်သီးရာသီသည် Safeway Open (၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃-၁၆) မှ စတင်ခဲ့ပြီး Tour Championship (၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၁-၂၄) ဖြင့် အဆုံးသတ်ပါမည်။ ပီဂျီအေတိုးဟု ဆိုလိုက်ရာတွင် အမေရိကန်ပီဂျီအေတိုးအားပြောခြင်းပါ။ အခြားဂေါက်တိုးများသည် ဥရောပတိုး၊ ဂျပန်ဂေါက်တိုး၊ သြစတြေးလျပီဂျီအေတိုး၊ အေရှံတိုး စသဖြင့် 'တိုး' ရှေ့က ဒေသအမည်များ ထည့်လေရှိသော်လည်း အမေရိကန်ပီဂျီအေတိုးတွင်မူ ရှေ့ကအမေရိကန်ဟူသော အမည်အားထည့်ရန် မလိုအပ်ပါ။ အဘယ်ကြောင့်ဆိုသော် ဤတိုးသည် ကမ္ဘာပေါ်တွင် ပထမဆုံးပေါ်ပေါက်လာခဲ့သော တိုးဖြစ်ပြီး ပီဂျီအေတိုးဟုဆိုလိုက်သည်နှင့် အမေရိကန်ပီဂျီအေတိုးမှန်း အားလုံးက နားလည်ထားပြီး ဖြစ်နေ၍ပါ။ ပီဂျီအေတိုး၏ ပြိုင်ပွဲများသည် အမေရိကန်ပြည်ထောင်စုတွင်သာမက အခြားနိုင်ငံများတွင်ပါ ကျင်းပပါသည်။ မလေးရှား၊ တရုတ်၊ မက္ကစီကို၊ ပေါ်တိုရီကို၊ […]
Posted On March 23, 2017, By Editorial

သင့်စွမ်းအင်ကို မြှင့်တင်ဖို့ နည်းလမ်း ၁၃ မျိုး

စွမ်းအင်မြှင့်တင်ဖို့ လိုအပ်နေပါသလား၊ သင့်ရဲ့အားနည်းနေတာတွေကိုတိုက်ထုတ်ဖို့ အာမခံနိုင်တဲ့ ယခုဖော်ပြမယ့် ကျန်းမာစေတဲ့ အလေ့အကျင့် ၁၃ မျိုးကို အသုံးချလိုက်ပါ။ ၁။ သင့်စွမ်းအင်တွေကို ပရိုတင်း (အသားဓာတ်) ကြွယ်ဝတဲ့ နံနက်စာနဲ့ စတင်လိုက်ပါ သင့်နံနက်စာမှာ ပရိုတင်းပါဝင်အောင် စားသုံးပါ။ အိပ်စက်အနားယူချိန်မှာ ခန္ဓာကိုယ်ဟာ ပြန်လည်ပြုပြင်မှုတွေလုပ်သလို အဲဒီအတွက် စွမ်းအင်တွေလိုအပ်ပါတယ်။ ၂။ အစာပြေစားခြင်းဖြင့် သင့်စွမ်းအင်တွေကို မြှင့်တင်လိုက်ပါ အစာပြေ တစ်ခုခုစားလိုက်ခြင်းက သင့်စွမ်းအင်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။ ပန်းသီး၊ ဒါမှမဟုတ် အခွံမာသီး တစ်ခုခုစားတာမျိုး၊ အရွက်တွေနဲ့ အသားဓာတ်ပါဝင်တာမျိုးကို စားတာကလည်း သင်နောက်တစ်ကြိမ် အစာစားရာမှာ များစွာအကူအညီဖြစ်စေပါတယ်။ ၃။ စိတ်ဖိစိးမှုတွေကို လျှော့ချခြင်းဖြင့် စွမ်းအင်တွေကိုမြှင့်တင်နိုင်ပါတယ် စိတ်ဖိစီးမှုဆိုတာ စွမ်းအင်ကို လျှော့ချတဲ့အရာတစ်ခုပါပဲ။ ဖိစီးမှုကို သင့်ခန္ဓာကိုယ်က စိတ်လေးလံထိုင်းမှိုင်းတာမျိုးနဲ့ တုံ့ပြန်ပါတယ်။ National […]
Posted On March 3, 2017, By Editorial

Prael Spa Yangon

Chemical မပါဘဲ သဘာဝပစ္စည်းစစ်စစ်တွေနဲ့ ထုတ်လုပ်ထားတဲ့ Prael Products တွေနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေကို ကာကွယ်နိုင်ဖို့ ၀န်ဆောင်မှုတွေပေးနေတဲ့ Prael Spa အကြောင်း မိတ်ဆက်ဖော်ပြလိုက်ပါတယ်။ ဆိုင်ဖွင့်ရတဲ့ရည်ရွယ်ချက် . . . Prael Products တွေကို အိမ်မှာဝယ်သုံးဖို့ အချိန်မပေးနိုင်တဲ့သူတွေနဲ့ Prael Product တွေကို သိမ်းဆည်းရတာ အဆင်မပြေတဲ့သူတွေအတွက် Prael Spa မှာ အပန်းလည်းဖြေရင်း နုပျိုလှပမှုကို ထိန်းသိမ်းနိုင်ကြဖို့ ရည်ရွယ်ချက်နဲ့ ဆိုင်ဖွင့်ဖြစ်ခဲ့ပါတယ်။ ဆိုင်လိပ်စာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် . . . Prael Spa Yangon ရဲ့လိပ်စာက အမှတ် ၄ ၊ ရွှေတောင်ကြား ၁ လမ်း၊ ကမ္ဘောဇရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ […]
Posted On February 17, 2017, By Editorial
1 3 4 5 6 7 9