advertisement-image
Feature

လုပ်ငန်းရှင် ဖြစ်လိုသော်

ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်သူတွေအတွက် အောက်ပါအကြံဉာဏ်များကို တင်ပြလိုက်ပါတယ်။ ကိုယ်ပိုင်လုပ် ငန်းထူထောင်လုပ်ကိုင်ရတာဟာ အကျအရှုံးတွေ ရှိနိုင်သလို အကျိုးအမြတ်တွေလည်း ရှိနိုင်တယ်။ စိတ်ကျဉ်း ကျပ်မှုတွေ ခံစားရတတ်တယ်ဆိုတာလည်း မှန်ပေမဲ့ အကျိုးကျေးဇူးတွေလည်း အများကြီး၊ အောင်မြင်လို့ ခံစားရရှိတဲ့စိတ်ချမ်းသာမှုတွေလည်း အများကြီးပါ။ ကိုယ်ပိုင်အလုပ် ထူထောင်လုပ်ကိုင်ရတာ ထင်သလောက် မခက်ပါဘူး။ လုံ့လ၀ီရိယအသင့်အတင့်၊ သည်းခံ စိတ်အသင့်အတင့်ရှိဖို့ပဲ လိုတယ်။ အကြံဉာဏ်ကောင်းကတော့ ရှိရမှာပေါ့။ ဒါဆိုရင် ထင်ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန်ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ဦးဖြစ်လာမှာပါ။   ၁။ စိတ်ကူးကောင်းကောင်းရအောင် ကြိုးစားပါ စီးပွားရေးလုပ်ငန်းအများစုဟာ စိတ်ဝင်စား စရာစိတ်ကူးစိတ်သန်းတစ်ခုခုနဲ့ စခဲ့ကြရ တာချည်းပါပဲ။ လူတွေလိုအပ်နေတဲ့ ၀န် ဆောင်မှုတစ်မျိုးမျိုးဖြစ်ဖြစ်၊ နေ့စဉ်လုပ်ကိုင်ရတဲ့ အလုပ်ကလေးတွေ လွယ်ကူသက်သာသွားစေနိုင်တဲ့ အသုံးတည့်တဲ့ပစ္စည်းမျိုးဖြစ်ဖြစ် အဲဒီလို လိုအပ်ချက် နှစ်မျိုးကို ဖြည့်ဆည်းပေးနိုင်တဲ့ဟာမျိုးပဲဖြစ်ဖြစ် လုပ် ဖို့ရာမှာ စိတ်ကူးကောင်းဖို့ […]
Posted On October 26, 2014, By Editorial

Online Banking အသုံးပြုမယ်ဆိုရင်

တိုးတက်လာနေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ နိုင်ငံရဲ့ နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေကလည်း တဖြည်းဖြည်း အရှိန်ရလာနေပါပြီ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးမှုအတိုင်းအတာကို သူ့ရဲ့ Online Banking  ဘယ်လောက်တိုးတက်လာသလဲဆိုတာနဲ့ တိုင်းတာမယ်ဆိုရင် Banking Industry ကလည်း တကယ့် အရေးပါတဲ့နေရာမှာ ရှိနေတာပါ။ Banking Sector မှာ နည်းပညာပါ ၀င်ကူမယ်ဆိုရင် အကောင်းဆုံးဖြစ်ပေမဲ့သူ့မှာလည်း Risk က ရှိနေတာ ဖြစ်ပါတယ်။ ယခုအခါ Internet Banking  နဲ့ ပတ်သက်ပြီး ဧရာဝတီဘဏ်က ပထမဆုံးစတင်လုပ်ကိုင်လျက်ရှိပြီး တခြားဘဏ်  တွေကလည်း ပြင်ဆင်လျက်ရှိနေတာဖြစ်လို့ မကြာခင်အချိန်အတွင်း ဖွံ့ဖြိုးလာတော့မယ့်Online Banking  ဆိုတာကို လုံခြုံရေး ရှုထောင့်ကနေ တင်ပြချင်ပါတယ်။ ကိုယ့်ရဲ့ Bank Account ကို ဘဏ်ကိုသွားပြီး အသုံးပြုတာမဟုတ်ဘဲ […]
Posted On October 24, 2014, By Editorial

မြန်မာနိုင်ငံနှင့် FRANCHISE BUSINESS

ဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်တွေမှာ နိုင်ငံတကာက လုပ်ငန်းကြီးတွေ Franchise လုပ်လာတာနဲ့အမျှ မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ Franchise လုပ်ငန်းနဲ့ပတ် သက်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့လိုပါတယ်။ Franchise လုပ်ခြင်းအားဖြင့် မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းကို ဘယ်လိုကြီးထွားအောင်လုပ်မလဲဆိုတာနဲ့ ပတ်သက်တဲ့ ဖိုရမ်တစ်ခုကို CEO စီးပွားရေးနှင့် စီမံခန့်ခွဲ မှုမဂ္ဂဇင်းက ကြီးမှူးစီစဉ်ပြီး၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့၊ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ ဖိုရမ်ရဲ့ခေါင်းစဉ်က How Should I Grow My Business Through Franchising ဖြစ်ပြီး Certified Franchise Executive ရဲ့ Senior Practising Mangement Consultant & CEO ဖြစ်သူ […]
Posted On October 23, 2014, By Editorial

ရွေးထားတဲ့ Career မှာ Professional ဖြစ်စေဖို့

စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ယှဉ်ပြိုင်မှုများပြားလာတဲ့ ယနေ့ခေတ်မှာ လုပ်သားဈေးကွက်က Professional လို့ခေါ်တဲ့ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သူတွေကို တောင်းဆိုလာတာကို တွေ့ရပါတယ်။ စစ်မှန်တဲ့  Professional တွေ ထွက်ပေါ်လာဖို့ ရည်ရွယ်ချက်နဲ့အတူ TODAY Foundation  က ကြီးမှူးပြီး  ‘ရွေးထားတဲ့ Career မှာ Professional ဖြစ်ဖို့’ ခေါင်းစဉ်နဲ့ Panel Dicussion  ကို  ၂၀၁၄ ခုနှစ်၊ ဇွန်လ ဂ ရက်က ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) မှာ T-Club  မဂ္ဂဇင်းက စီစဉ်ကျင်းပခဲ့ပါတယ်။ Panelist တွေအဖြစ် ဦးထွန်းထွန်းနိုင် ၊ မသီတာ (စမ်းချောင်း) နဲ့ ဒေါ်တင်မိုးလွင်တို့ ဆွေးနွေးပေးခဲ့ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်မှာ Professional  […]
Posted On October 23, 2014, By Editorial

စီးပွားရေးထိုးကျမှုတွေနဲ့ မျက်မှောက်ခေတ်ဘဏ္ဍာရေး

ဘဏ္ဍာရေးဟူသည် စီးပွားရေးအကျပ်အတည်းများကို ဖြစ်ပေါ် စေလေ့ရှိရုံမက ယင်းတို့၏ပုံသွင်းခြင်းကိုလည်း ခံရသည်။ နိုင်ငံတော်ထောက်ပံ့ငွေနှင့် အာမခံချက်တို့က ငွေရေးကြေး ရေးကဏ္ဍကို တိုက်စားကာ အန္တရာယ်သစ်များ ဖန်တီးပေး နေသည်။ သမိုင်းဝင်စီးပွားရေးအကျပ်အတည်းငါးခုတို့က မျက်မှောက်ခေတ် ငွေရေးကြေးရေးစနစ်၏ လက္ခဏာသွင်ပြင် များ အစပြုခဲ့ပုံကို ဖော်ပြကာ ယနေ့စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းပေးနေသူတို့အား သင်ခန်းစာတွေ ပေးအပ်နေပါသည်။ လူသားတို့၏ အကြီးကျယ်ဆုံးတီထွင်မှုဟာ ဘာလဲ ဟုမေးလျင် ပေးလေ့ရှိသောအဖြေမှာ ပုံနှိပ်စက်၊ သို့မဟုတ် လျပ်စစ်စွမ်းအားကဲ့သို့ နည်းပညာတစ်ခုခုဖြစ်သည်။ ယင်း တို့လောက်ပင် အရေးပါသည့် ငွေရေးကြေးရေးပဋိညာဉ် (Financial Contract) ဟူ၍ကား ဖြေကြဖွယ်မရှိလှပါ။ ဘဏ္ဍာရေးဟူသည် လူတို့က ရွံ့မုန်း၊ အစွန်းအထင်းမကင်း ဟု မကြာခဏ ယူဆကြသည့်တိုင် လူသားဖွံ့ဖြိုးတိုးတက် မှုတွင် အနည်းဆုံးနှစ် ခုနစ်ထောင်မျ မရှိမဖြစ်အခန်းကမှ ပါဝင်နေခဲ့ပြီးဖြစ်တော့သည်။ […]
Posted On October 14, 2014, By Editorial

နိုင်ငံခြားဘဏ်တွေ၊ ပြည်တွင်းဘဏ်တွေရဲ့ လက်ရှိအနေအထားနဲ့ ဗဟိုဘဏ်ရဲ့အခန်းကဏ္ဍ

မြန်မာအစိုးရဟာ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ နိုင်ငံခြားဘဏ်တွေ မြန်မာနိုင်ငံကို ၀င်ရောက်ရင်း နှီးမြှုပ်နှံလာတာကို ခွင့်ပြုခဲ့ရာမှာ Standard Chartered Bank ၊ Siam Commercial Bank ၊ ICBC Bank၊ Bangkok Bankု ၊DBS Bank  နဲ့ United Overseas Bank  အပါအ၀င် နိုင်ငံခြားဘဏ် ၃၅ ခုဟာ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးတွေ လာရောက်ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။  အဲဒီဘဏ်တွေထဲက ဆယ် ခုခန့်ကို စိစစ်ရေးအဖွဲ့က Koland Berger  အကြံပေးကုမ္ပဏီရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အတူ စိစစ်ရွေးချယ်ပြီး ကန့်သတ်ချက်နဲ့ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို စက်တင်ဘာလအကုန်မှာ ထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ သိရှိရပါတယ်။  နိုင်ငံခြားလုပ်ငန်းတွေကို ချေးငွေထုတ်ချေးခြင်းအပါအ၀င် ကန့် သတ်ဝန်ဆောင်မှုလုပ်ငန်းအချို့ကို […]
Posted On September 21, 2014, By Editorial

အာဆီယံရဲ့ အနာဂတ်အတွက် အလေးထားဆွေးနွေးခဲ့ကြတဲ့ ၁၁ ကြိမ်မြောက် အာဆီယံခေါင်းဆောင်မှုဆိုင်ရာဖိုရမ်

မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး(24th ASEAN Summit) ကို ၂၀၁၄ ခုနှစ်၊ မေလ ၁၀ ရက်ကနေ ၁၁ ရက် အထိ နေပြည်တော်ရှိ MICC-I  မှာ ကျင်းပခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံကုန်သည်/စက်မှုအသင်း ချုပ် UMFCCI) ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ Asian Strategy & Leadership Institute(asli)  က စီစဉ်ဦးဆောင်ပြီး ၁၁ ကြိမ်မြောက်   အာဆီယံခေါင်းဆောင်မှုဆိုင်ရာဖိုရမ်  (11th ASEAN Leadership Forum)  ကို မေလ ၁၁ ရက်ကနေ ၁၂ ရက်အထိ MICC-II မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ဖိုရမ်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အင်ဒိုနီးရှား […]
Posted On September 5, 2014, By Editorial

ဖာဂူဆန်၏ စီမံခန့်ခွဲမှု

”Apple  နဲ့ စတိဂျော့ဗ်ကို ခွဲမရသလိုမန်ချက်စတာယူနိုက်တက်လို့ပြောရင် ဆာအဲလက်စ်ဖာဂူဆန်ကို လူတွေက မြင်ယောင်မိကြမှာ ဖြစ်တယ်” ဒါက မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း ဒေဗစ်ဂီးလ်ပြောတဲ့မှတ်ချက်ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် (မန်ယူ) လို့ ဆိုလိုက်တာနဲ့ နိုင်ငံတကာ ဘောလုံးလောကမှာ အဲဒီနာမည်ကို မသိတဲ့သူ ရှားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာဆိုရင်လည်း ဘောလုံးပရိသတ် အများစုက မန်ယူပရိတ်သတ်တွေဖြစ် ပါတယ်။ ဒီလိုပရိသတ် အများစုရဲ့အားပေးမှုကို ခံယူရရှိတဲ့ နောက်ခံအကြောင်း အရင်းကတော့ မန်ယူလို့ပြောလိုက်တာနဲ့ ပြိုင်ပွဲ နောက်ဆုံး မိနစ်အထိ စုစည်းညီညွတ်မှု အင်အား (Synergy) နဲ့ အနိုင် မခံ အရှုံး မပေးဘဲ ရေကုန်ရေခမ်း ယှဉ်ပြိုင်အနိုင်ယူတတ်မှု နဲ့အတူ ရေရှည်အောင်မြင်မှု ရယူထားနိုင်တဲ့ အင်္ဂလန်ပရီး မီးယားလိဂ်ဘောလုံးသမိုင်းရဲ့ အအောင်အမြင်ဆုံးဘောလုံး အသင်းအဖြစ် ရပ်တည်နေတာကြောင့်ပဲဖြစ်ပါ တယ်။ […]
Posted On August 28, 2014, By Editorial

ကမ္ဘာ့စီးပွား ကမ္ဘာ့ဖလား

2014 ခုနှစ် ဇွန်လ ၁၂ ရက်ကနေ ဇူလိုင်လ ၁၃ ရက်နေ့ အထိ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကနေ ကျင်းခဲ့တာဖြစ်ပါတယ်။ လေးနှစ်တစ်ကြိမ် ကျင်းပ တာကြောင့် လွန်ခဲ့တဲ့လေးနှစ် ၂၀၁၀ပြည့်နှစ်က တောင်အာဖရိက မှာကျင်းပစဉ်က အမှတ်တရအဖြစ် Waka Waka သီချင်းနဲ့ ဗူဗူဇီလာခရာတို့က တစ်ကမ္ဘာလုံးမှာ စွဲကျန်ခဲ့ပါတယ်။ ဘော လုံးကစားနည်းဟာ ကမ္ဘာ့လူကြိုက်အများဆုံး အားကစားဖြစ်တဲ့ အတွက် အိုလံပစ်တို့၊SEA Games တို့လိုပွဲတွေမှာ ဘောလုံး ပွဲစဉ်ပြီးသွားရင် ကျန်တဲ့အားကစားပြိုင်ပွဲတွေမှာ စိတ်ဝင်စားမှု လျော့ကျသွားတာပါပဲ။ ဒါကြောင့်လည်း ကုမ္ပဏီကြီးတွေက စီးပွားရေးဈေး ကွက်ဖော်ဆောင်မှုတွေကို ကမ္ဘာ့ဖလားပွဲမှာ အသွင်အမျိုးမျိုးနဲ့ ပါဝင်ဆောင်ရွက်လာတာတွေ့ရပါတယ်။ ဘောလုံးနဲ့ တွဲဖက် ဖော်ဆောင်တဲ့ Marketing တွေ၊ ကုန်ပစ္စည်း Promotion […]
Posted On August 12, 2014, By Editorial

လူသားတွေရဲ့ စိတ်ခံစားမှုကို သိရှိတုန့်ပြန်နိုင်မယ့် စက်ရုပ်

စက်ရုပ်တွေကသိမ်မွေ့ပြီး လူတွေကို ပြုံးအောင်လုပ်ပေး သင့်တယ်လို့ပြောခဲ့သူ softBank  ရဲ့founder, chairman and CEO Masayoshi Son  ကြောင့် လူပုံပိုပေါက်ပြီး ခံစား မှုကို ဖော်ပြနိုင်တဲ့စက်ရုပ်တွေ ဂျပန်မှာထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ Son ရဲ့ ရေရှည်အိပ်မက်ကတော့ Personal Robot Business ဖြစ်တယ်လို့ ပြောပါတယ်။ Son ရဲ့Mobile Phone Company  ဖြစ်တဲ့ Softbank က သူတို့ရဲ့ Pepper လို့ နာမည်ပေးထားတဲ့ စက်ရုပ်ကို နောက်နှစ် ဖေဖော်ဝါရီလမှာ ယန်း ၁၉၈ç၀၀၀ (အမေရိကန်ဒေါ်လာ ၁၉ç၀၀၀) နဲ့ စတင်ရောင်းချမယ်လို့ သိရပါတယ်။ နိုင်ငံခြား တင်ပို့ရောင်းချမှုတွေအတွက်တော့ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။ Pepper ကို Softbank  နဲ့အတူ […]
Posted On August 6, 2014, By Editorial
1 38 39 40 41 42 44