advertisement-image
Ethics

ပထမဆုံး လုပ်ငန်းအစည်းအဝေးအတွက် ဆောင်ရန်၊ ရှောင်ရန် ၂၀

လုပ်ငန်းကိစ္စစကားဝိုင်းအစည်းအဝေးတွေအတွက် သတိထားစရာဆောင်ရန်ရှောင်ရန်အချက်တွေကများပါတယ်။ တချို့သိပြီးသား၊ နားလည်လိုက်နာပြီးသားဖြစ်မှာပါ။ အဲဒါကြောင့် လုပ်ငန်းခွင်စလူငယ်တွေ၊ တက်သစ်စမန်နေဂျာတွေ၊ အခုမှ အပြင်လူနဲ့ဆက်ဆံရမယ့် ဝန်ထမ်းတွေအတွက် လိုတိုရှင်းအချက် ၂၀ ကို ဖော်ပြပေးလိုက်ပါတယ်။ ဆောင်ရန်တွေက ၁။ လူတစ်ယောက်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံရမယ်ဆိုရင် မတွေ့ခင်အဲဒီပုဂ္ဂိုလ်အကြောင်းသိအောင် ကြိုတင်လေ့လာပါ။ ၂။ အင်တာနက်ကတစ်ဆင့် သူ့ရဲ့လုပ်ငန်းအကြောင်းရော၊ ပြိုင်ဘက်ကုမ္ပဏီတွေအကြောင်းကိုရော တော်တော်များများသိထားတယ်လို့ ကိုယ့်ကိုယ်ကိုယ်ယူဆထားရင်တောင် အဲဒီပုဂ္ဂိုလ်နဲ့ တွေ့ဆုံစဉ်မှာသူပြောတာကို သေချာနားထောင်ပါ။ ၃။ တွေ့ဆုံဖို့အတွက် သူ့ရဲ့ရုံးမှာ၊ ဒါမှမဟုတ် တွေ့ဖို့ချိန်းထားတဲ့နေရာရောက်တဲ့အခါ ရှက်ကြောက်စိတ်မရှိပါနဲ့။ ၄။ ကိုယ့်အလုပ်ကို ကိုယ်နားလည်ကျွမ်းကျင်တယ်ဆိုရင် အတင်းကြီး ဘာမှကြိုးစားစရာမလိုပါဘူး။ ကိုယ့်အရှိအတိုင်းကိုယ်နေပါ။ ၅။ Client ဖြစ်လာနိုင်တဲ့သူနဲ့စတွေ့ချိန်မှာ ကိုယ့်အကြောင်းကို မေးလာတဲ့အခါ မရှက်ကြောက်ပါနဲ့။ တိုတိုနဲ့လိုရင်းဖြေလိုက်ပါ။ ၆။ တွေ့ဆုံချိန်မှာပြောမယ့်အကြောင်းအရာတွေကို တအားကြိုတင်လေ့ကျင့်မှုတွေလုပ်ဖို့မလိုပါ။ အပြန်အလှန်ဆွေးနွေးညှိနှိုင်းပါ။ ၇။ တစ်ချိန်လုံး Note […]
Posted On February 26, 2020, By CEO Editors

ချစ်သူများနေ့မှာ ကုမ္ပဏီဝန်ထမ်းများလိုက်နာသင့်တဲ့ စည်းမျဉ်း ၁၀ ခု

ကမ္ဘာတစ်ဝန်း လူသန်းပေါင်းများစွာအတူတကွ ပြုလုပ်လေ့ရှိတဲ့ နေ့တွေထဲကတစ်ခုဖြစ်တဲ့ ချစ်သူများနေ့မှာကုမ္ပဏီဝန်ထမ်းတွေအနေနဲလည်း နှင်းဆီပန်းစည်းတွေ၊ ချောကလက်တွေ၊ လက်ဆောင်ကဒ်တွေ၊ လက်ဆောင်တွေနဲ့အတူ မိမိချစ်သူကိုပေးကမ်းပိုးပန်းကာ အတူဆင်နွဲကြပါလိမ့်မယ်။ ဒါပေမဲ့လုပ်ငန်းခွင်အတွင်းမှာတော့ ဒီလိုချစ်ရေးချစ်ရာကိစ္စတွေကို ရှောင်ရှားရမှာပါ။ ၁။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်၊ တစ်စုတည်းကိုပဲကွက်ပြီး လက်ဆောင်မပေးပါနဲ့။ကိုယ့်မှာ လုပ်ဖော်ကိုင်ဖက်တွေအများကြီးရှိတဲ့အထဲကမှ တစ်ယောက်တည်း၊ နှစ်ယောက်တည်းကိုပဲ ချစ်သူများနေ့မှာ လက်ဆောင်ပေးတာက လက်ခံရယူသူအဖို့ ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ ၂။ လုပ်ဖော်ကိုင်ဖက်တွေကို ဈေးကြီးတဲ့မသင့်လျော်တဲ့လက်ဆောင် မပေးမိပါစေနဲ့။ဒီလိုပေးလိုက်မိရင် ကိုယ့်ကိုအထင်လွဲသွားပါလိမ့်မယ်။ (ကိုယ်က သူ့ကို ကြိတ်ကြိုက်နေတယ်ဆိုတာမျိုးသဘော ပေါက်သွားနိုင်ပါတယ်။) ၃။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကလူကျီစယ်တာမျိုးမလုပ်ပါနဲ့။တကယ်တမ်း ကိုယ့်လုပ်ဖော်ကိုင်ဖက်ကို စိတ်ဝင်စားမိနေရင်တောင်မှ အလုပ်ထဲမှာ ကိုယ့်ခံစားမှုကို မထုတ်ဖော်ပြပါနဲ့။ ၄။ လုပ်ငန်းခွင်အတွင်း အထိအတွေ့မလုပ်ပါနဲ့။လုံး၀ မလုပ်မိပါစေနဲ့။ ၅။ ချစ်သူများနေ့ကို မဟုတ်တာလုပ်လည်း အဆင်ပြေတဲ့နေ့ဆိုပြီး သဘောမထားပါနဲ့။လုပ်ငန်းခွင်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုနေ့ကမှ မဟုတ်မဟတ်အပြုအမူတွေအတွက် အဆင်မပြေပါဘူး။ ၆။ […]
Posted On February 26, 2020, By CEO Editors

စီးပွားရေးလုပ်ငန်းရှင်တိုင်း သိထားသင့်တဲ့ စီးပွားရေးလုပ်ငန်းကျင့်ဝတ် ၂၂ ချက်

စီးပွားရေးလုပ်ငန်းကျင့်ဝတ်တွေကို အခြေခံအားဖြင့် နားလည်ထားဖို့ဟာ သိပ်အရေးကြီးပါတယ်။ ဒီအတွက် စာရေးဆရာမ Barbara Patcher ရဲ့ The Essentials of Business Etiquette စာအုပ်ထဲက အရေးကြီးဆုံးအချက် ၂၂ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ တစ်စုံတစ်ယောက်နဲ့ မိတ်ဆက်ပေးခံရတဲ့အခါ သင်မတ်တတ်ရပ်နေပါ။ မတ်တတ်ရပ်ခြင်းဟာ သင်ရှိနေခြင်းကို ကူညီဖော်ထုတ်ပေးပါတယ်။ သင်မတ်တတ်မရပ်ရင် သင့်ကို သူများ တွေ လျစ်လျူရှုဖို့လွယ်လိမ့်မယ်။ ၂။ သင့်နာမည် အပြည့်အစုံအမြဲပြောပါ။ စီးပွားရေးလုပ်တဲ့အခါ သင့်နာမည်အပြည့်အစုံပြောသင့်သလို သူများတွေက ဘယ်လိုမိတ်ဆက်စေချင်တယ်ဆို တာလည်း အာရုံစိုက်ပါ။ ၃။ သင်ဟာ ရာထူးကြီးသူ၊ ဒါမှမဟုတ် ပွဲရှင် (ဧည့်ခံသူ) ဖြစ်ရင် ဦးစွာလက်ဆွဲနှုတ်ဆက်ပါ။ အခုခေတ်လုပ်ငန်းခွင်မှာ အိမ်ရှင် (သို့) ရာထူးပိုကြီးသူ ဟာ ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ […]
Posted On February 4, 2020, By CEO Editors

စီးပွားရေးဆိုင်ရာ စာတိုပို့ရာမှာလိုက်နာသင့်တဲ့ အချက် ၁၀ ချက်

စီးပွားရေးလုပ်ငန်းရှင်တော်တော်များများက စမတ်ဖုန်းတွေကို စီးပွားရေးလုပ်ငန်းသုံး ဆက်သွယ်ရေးကိရိယာအနေနဲ့ အသုံးပြုလာကြပါပြီ။ သုံးစွဲမှုအရေအတွက်များလာတာနဲ့အမျ ဘယ်လိုအခြေအနေမှာ ဘယ်လိုမျိုးပို့ဆောင်ဆက်သွယ်ရမလဲဆိုတာ လုပ်ငန်းရှင်တချို့က သေသေချာချာမသိတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့လာရပါတယ်။ စီးပွားရေးဆိုင်ရာ စာတိုရေးသားပေးပို့မှုမှာ အရေးကြီးတဲ့အချက်က အမှန်တကယ်လိုအပ်တဲ့အချိန်၊ သင့်တော်တဲ့အချိန်မှာ ပို့ပြီးဆက်သွယ်ဖို့ပဲ ဖြစ်ပါတယ်။ ၁။ စီးပွားဖော်စီးပွားဖက်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ Client တွေရဲ့ ဖိတ်ကြားချက်၊ ဒါမှမဟုတ် ခွင့်ပြုချက်မရဘဲ ဘယ်တော့မှ စာမပို့ပါနဲ့။ ၂။ အလုပ်ချိန်ပြင်ပမှာ ဖိတ်ကြားထားခြင်းမရှိတဲ့ စာတွေကိုမပို့ပါနဲ့။ ၃။ အတိုကောက်စာလုံးတွေဖြစ်တဲ့ USA ၊ BBC ၊ FAQ အစရှိတဲ့ စာလုံးအသုံးအနှုန်းတွေကို အတတ်နိုင်ဆုံးရှောင်ပါ။ ၄။ အသေးစိတ်ရေးသားထားတဲ့ Email နဲ့ ဖုန်းခေါ်ဆိုမှုတွေမှာ အစားထိုးသုံးတာ မဟုတ်တဲ့အတွက် စာတွေကို ကဏ္ဍအလိုက်ခွဲသုံးပါ။ ၅။ ရှိသမျပုဂ္ဂိုလ်တွေက ပါဝင်ဆောင်ရွက်ဖို့ […]
Posted On February 3, 2020, By CEO Editors

Seminar ၊ Conference တွေ တက်ရောက်တဲ့အခါ လိုက်နာသင့်တဲ့ Etiquette များ

အရေးပါတဲ့အခမ်းအနားတစ်ခုကို တက်ရောက်ခြင်းဆိုတဲ့ အနုပညာတစ်ခုရှိပါတယ်။ အချိန်သင့်တိုင်းအခမ်းအနားတွေ တက်ရောက်ခြင်းရဲ့ကျင့်ဝတ်ထုံးတမ်းတွေအကြောင်း အမြဲလိုလိုမေးခွန်းတွေရှိတတ်ကြပါတယ်။ ပွဲတစ်ပွဲကိုတက်ရောက်တယ်ဆိုတာ အခကြေးငွေပေးရုံ၊ လူလုံးပြရုံနဲ့လုံလောက်တယ်လို့ ယူဆပါသလား။ ပြန်လည်ဆန်းစစ်ကြည့်ပါ။ ကိုယ်ဟာအခမ်းအနားတွေ တက်ရောက်ရာမှာ အတွေ့အကြုံရှိသူတစ်ယောက်လား၊ ဒါမှမဟုတ် အခုမှစတင်တက်ရောက်မယ့်သူလား။ ကိုယ့်ရဲ့ငွေကြေး၊ အချိန်နဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်အရင်းအနှီးတွေအသုံးပြုရမယ့် ပွဲတစ်ပွဲကိုတက်ရောက်မယ်ဆိုမှတော့ အတွေ့အကြုံကောင်းတွေရှာဖွေဖို့ လိုတာပေါ့။ အခမ်းအနားမတက်မီ ၁။ ကိုယ့်ရဲ့အချိန်ဇယားကို ကြိုတင်ပြင်ဆင်ထားပါ။ ပွဲတစ်ပွဲကို တက်ရောက်ဖို့အတွက် အချိန်ယူပြီးကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ပွဲမတိုင်မီသက်ဆိုင်တဲ့ အချက်အလက်တွေအားလုံးကို ကြိုပြီးလေ့လာဖတ်ရှုထားပါ။ ဆွေးနွေးပွဲမတိုင်မီ ရက်သုံးဆယ်အတွင်း ကြီးမှူးကျင်းပတဲ့အဖွဲ့အစည်းကဆွေးနွေးပွဲနဲ့သက်ဆိုင်တဲ့ ထုတ်ပြန်ချက်အသစ်တွေကို ဝက်ဘ်ဆိုက်ကဖြစ်စေ၊ အီးမေးလ်ကဖြစ်စေ ပြန်လည်စစ်ဆေးကြည့်ဖို့လည်း လိုပါတယ်။ ဒါအပြင် ကိုယ်တကယ်တက်ရောက်လိုတဲ့ ပွဲမျိုးတွေကို မှတ်သားထားပါ။ အခမ်းအနားကျင်းပမယ့် တည်နေရာ၊ ရာသီဥတုနဲ့လိုက်ဖက်မယ့် အဝတ်အစားအတွက် ကြိုတင်ပြင်ဆင်မှုကို စတင်လိုက်ပါ။ တချို့အခမ်းအနားတွေအတွက် လိုက်ဖက်တဲ့အဝတ်အစားကို ရွေးချယ်ပြီး အလေးထားမှုပြသဖို့လိုပါတယ်။ […]
Posted On February 3, 2020, By CEO Editors

စီးပွားရေးလုပ်ငန်းတွေမှာ မိတ်ဆက်စာကို အီးမေးလ်နဲ့ပို့တဲ့အခါမှာ လိုက်နာသင့်တဲ့ ကျင့်ဝတ် ၆ ခု

စီးပွားရေးလုပ်တဲ့အခါ လုပ်ငန်းပိုမိုအောင်မြင်အောင် တိုးချဲ့နိုင်ဖို့အတွက် တခြားစီးပွားရေးလုပ်ငန်းတွေနဲ့ မိတ်ဆက်ရတာက အစဉ်အလာပါပဲ။ လူကိုယ်တိုင်သွား ရောက်မိတ်ဆက်တာကကောင်းပေမဲ့ လူကိုယ်တိုင် သွားရောက်ဖို့ အဆင်မပြေတဲ့အခါမှာတော့ အီးမေးလ်ကနေတစ်ဆင့်ပဲ မိတ်ဆက်ရပါတယ်။ ဒါကြောင့် ကိုယ်က မိတ်ဆက်စာပို့တဲ့အခါဘဲဖြစ်ဖြစ်၊ တခြားသူပို့လာတဲ့ မိတ်ဆက်စာကို ပြန်ရတဲ့အခါဘဲဖြစ်ဖြစ် လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ရမှာက မဖြစ်မနေဆောင်ရွက်ရမယ့် အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့လုပ်ငန်းဟာ ရေရှည်မှာတိုးတက်အောင်မြင်လာမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်၊ လုပ်ငန်းတစ်ခုနဲ့တစ်ခု အပြန်အလှန် မိတ်ဆက်ထားတာဟာ ကိုယ့်လုပ်ငန်းအတွက် အများကြီးအထောက်အကူပြုသလို ရေရှည်အတွက် ခိုင်မြဲတဲ့ဆက်ဆံမှုတစ်ခုကိုလည်း ဖြစ်စေပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ လုပ်ငန်းတစ်ခုနဲ့တစ်ခုဟာ အတိုင်းအတာတစ်ခုထိ ခင်မင်ရင်းနှီးမှုရှိနေတယ်ဆိုရင် အခက်အခဲတွေ ကြုံလာတဲ့အခါမှာ အလွယ်တကူကျော်လွှားနိုင်မှာဖြစ်သလို လုပ်ငန်း မှာလိုအပ်တဲ့ လိုအပ်ချက်တွေကိုလည်း ပိုပြီးမြင်လာစေပါတယ်။ ၁။ ချက်ချင်းစာပြန်ပါ။ချက်ချင်းစာပြန်ဖို့က လွယ်လွယ်လေးလို့ထင်ရပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် တချို့လူတွေဟာ စာပြန်ပို့ဖို့ […]
Posted On February 3, 2020, By CEO Editors

အဂတိပယ်ခွာပြည်သာယာ (၁၅)

အများပြည်သူဝန်ဆောင်မှု၌ ဖြောင့်မတ်တည်ကြည်မှုရှိခြင်းအများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ပေးရန်တာဝန်ရှိသော အစိုးရဌာနအဖွဲ့အစည်းများဖြစ်စေ၊ အများပြည်သူဆိုင်ရာ စီးပွားရေးလုပ်ငန်းကုမ္ပဏီများဖြစ်စေ ဖြောင့်မတ်တည်ကြည်မှုရှိကြောင်းအထင်အရှားပြသနိုင်မှသာ ပြည်သူလူထု၏ ယုံကြည်မှုကိုရရှိနိုင်ပေသည်။ ပြည်သူလူထု၏ ယုံကြည်မှုအထိုက်အလျောက်ရရှိထားပြီးဖြစ်လျင်လည်း ဖြောင့်မတ်တည်ကြည်မှုရှိကြောင်း အစဉ်တစိုက်ပြသနေနိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲသောယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ ဖြောင့်မတ်တည်ကြည်မှုကို ဖောက်ဖျက်ကြောင်း တစ်ခါတစ်ရံတွေ့ရှိရုံမျဖြင့်ပင် အဆိုပါရုံးဌာနလုပ်ငန်းအဖွဲ့အစည်းတစ်ခု၏ ယုံကြည်မှုသည် ရုတ်တရက်ချက်ချင်းဆုံးရှုံးသွားစေလိမ့်မည်ဖြစ်ပါသည်။ သို့ဖြစ်လျင် ရုံးဌာနလုပ်ငန်းအဖွဲ့အစည်းတစ်ခုသည် အများပြည်သူဝန်ဆောင်မှု၌ ဖြောင့်မတ်တည်ကြည်မှုရှိကြောင်း မည်ကဲ့သို့ပြသနိုင်ပါမည်နည်း။ ပုဂ္ဂလိကအကျိုးစီးပွားနှင့် အများပြည်သူအကျိုးစီးပွားယှဉ်လာလျင် အမြဲတမ်းအများပြည်သူအကျိုးစီးပွားကိုသာ ဦးစားပေးရပါမည်။ ပုဂ္ဂလိကအကျိုးစီးပွားဆိုသည်မှာ မိမိတစ်ဦးတည်းအတွက်သာမက မိမိမိသားစု၊ မိမိနှင့်ဆက်နွှယ်သော လူအစုအဖွဲ့၊ ရုံးဌာနလုပ်ငန်းအဖွဲ့အစည်းတစ်ခု၊ လူ့အသိုက်အဝန်းတစ်ခုအထိပါဝင်နိုင်သည်ကို သတိပြုရမှာဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ပုဂ္ဂလိကအကျိုးစီးပွားက တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်းတစ် ရပ်ရပ်အရ မှန်ကန်နေသည့်တိုင်၊ အများပြည်သူအကျိုးစီးပွားကို သေချာပေါက်ထိခိုက်စေမည်ဆိုလျင် ထိုကိစ္စကိုဆောင်ရွက်ခြင်းမပြုသေးဘဲ ပြန်လည်သုံးသပ်သင့်ပါသည်။ လုပ်ပိုင်ခွင့်အာဏာကိုသုံးစွဲရာတွင် ဥပဒေနှင့်ညီညွတ်သော ရည်ရွယ်ချက်လိုလားချက်အတိုင်းပေါက် မြောက်အောင်မြင်သည်အထိ တာဝန်ခံမှုရှိစွာသုံးစွဲရပါမည်။ မည်သည့်လှုပ်ရှားဆောင်ရွက်မှုမဆို (သတင်းမီဒီယာနှင့်တွေ့ဆုံခြင်းအပါအဝင်) […]
Posted On January 23, 2020, By CEO Editors

လေယာဉ်စီးနင်းချိန် မဝတ်သင့်သောအရာ ၈ မျိုးနှင့် ဘယ်လိုစတိုင်လ်ကျကျ ဝတ်သင့်လဲ

ဒီအကြောင်းအရာတွေကို အတွေ့အကြုံရှိတဲ့ လေယာဉ်မောင် /မယ်တို့ဆီမှ ရယူထားခြင်းဖြစ်ပါတယ်။ သူတို့ပေးတဲ့အကြံဉာဏ်တွေကတစ်ဆင့် သင်ခရီးသွားချိန်မှာ ဘာတွေကိုဆောင်သင့်ပြီး၊ ဘာတွေရှောင်သင့်သလဲဆိုတာကို လေ့လာနိုင်ပြီး သက်သက်သာသာ၊ စတိုင်လ်ကျကျ ခရီးသွားလာနိုင်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ လေယာဉ်စီးနင်းချိန်နဲ့ လိုရာခရီးပန်းတိုင်ရောက်သည်အထိ စတိုင်လ်ပျက်စရာမရှိဘဲ သက်သောင့်သက်သာခရီးသွားချင်မှာပါ။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း ခရီးသွားချိန်ဝတ်ထားတဲ့ အဝတ်အစားက အဆင်မပြေဘူးဆိုရင်တော့ ခရီးစဉ်တစ်လျောက်လုံး မပျော်ရွှင်ရဘဲ၊ လေယာဉ်စီးချိန်မှာသာမက လုံခြုံရေးတွေရှေ့မှာပါ စိတ်ဒုက္ခရောက်ချင်စရာ ကောင်းလှပါတယ်။ ကျွန်တော်တို့အနေနဲ့ The Association of Flight Attendants ရဲ့ လူထုဆက်ဆံရေးနည်းဗျူဟာ Coordinator ဖြစ်သူ Taylor Garland ဆီကို သွားရောက်ခဲ့ပါတယ်။သူဆီက လေယာဉ်စီးနင်းချိန် ဘာတွေကိုရှောင်သင့်ပြီး ဘာတွေကိုတော့ လုပ်သင့်တယ်ဆိုတာကို မေးမြန်းခဲ့ပါတယ်။ လက်ဝတ်ရတနာနဲ့ ပစ္စည်းအလေးများ…သတ္တုပစ္စည်းတွေ ယူဆောင်သွားခြင်းက သင့်ကိုလုံခြုံရေးဂိတ်မှာ ကြန့်ကြာစေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်မှာရှိတဲ့ သတ္တုချောင်းတွေကြောင့် […]
Posted On January 23, 2020, By CEO Editors

Social Media သုံးတာကြောင့် ကိုယ့် Professional Life ကို မထိခိုက်စေချင်ရင် လိုက်နာသင့်တာတွေ . . .

ဒီနေ့ခေတ်မှာ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေရဲ့ ၇၁ ရာခိုင်နှုန်းလောက်က Social Media ကို နေ့စဉ်အသုံးပြုနေကြပါပြီ။ ဒီကိန်းဂဏန်းတွေထက်ပိုပြီး တုန်လှုပ်ဖို့ကောင်းတာက အမေရိကန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ဝန်ထမ်းတွေရဲ့ သုံးပုံတစ်ပုံလောက်က အလုပ်ချိန်အတွင်းမှာ အနည်းဆုံးတစ်နာရီလောက် Social Media ကို အသုံးပြုနေကြတယ်လို့ ထုတ်ပြန်ထားတာပါ။ ဒီသုတေသနမှာပဲ ဝန်ထမ်းတွေရဲ့ လေးပုံတစ်ပုံလောက်ဟာ လုပ်ငန်းရှင်က လုပ်ငန်းခွင်မှာ Social Media အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ရင် အလုပ်မလုပ်ဘဲနေကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ လုပ်ငန်းရှင်တော်တော်များများဟာ ဝန်ထမ်းတွေ Social Media သုံးတာကြောင့် သူတို့ရဲ့အလုပ်လုပ်နိုင်စွမ်းတွေ ကျဆင်းသွားမှာကို စိုးရိမ်ကြပေမယ့် တစ်ဖက်ကနေလည်း Social Media သုံးတာကြောင့် ရလာတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို လက်မလွှတ်နိုင်ကြဘဲ ဖြစ်နေကြပါတယ်။ လုပ်ငန်း တော်တော်များများဟာ အခုအခါမှာ လုပ်ငန်းခွင်မှာ လိုက်နာရမယ့် Social […]
Posted On January 15, 2020, By CEO Editors

လေယာဉ်နဲ့ခရီးသွားရာမှာ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ

လေယာဉ်ပေါ်မှာ ကိုယ့်ရဲ့ထိုင်ခုံကို နောက်ဘက်ကိုလှန်ချပြီး ထိုင်သင့်မသင့်… ဒါက ခရီးစဉ်ပေါ်မှာပဲမူတည်ပါတယ်။ ခရီးတိုလေးကိုပဲ ကိုယ့်ရဲ့ထိုင်ခုံကို နောက်ကိုလှန်ပြီးထိုင်တာက ကိုယ့်ရဲ့ အနောက်ဘက်ခုံကခရီးသည်ကို စိတ်ဆိုးစေနိုင်ပါတယ်။ ဒါပေမဲ့ ခရီးရှည်ကြီးသွားရတာမျိုး၊ ညအိပ်ခရီးသွားရတာမျိုးဆိုရင်တော့ ကိုယ့်ရဲ့ခုံကို နောက်ကိုမလှန်ချခင် ကိုယ့်အနောက်ခုံကခရီးသည်ကို ကြိုတင်ခွင့်တောင်းပါ။ တကယ်လို့ ကိုယ်ခွင့်မတောင်းခင် သူက သူ့ရဲ့နောက်ခုံကိုလှန်ချပြီးသားဖြစ်ရင်တော့ သူ့ကိုခွင့်မတောင်းဘဲနဲ့ ကိုယ့်ခုံကို နောက်လှန်ချနိုင်ပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်မှာအိပ်တဲ့အခါမှာ အခြားခရီးသည်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ခေါင်းစောင်းအိပ်တာမျိုး၊ နေရာပိုယူပြီး အိပ်တာတွေနဲ့ အအိပ်ကြမ်းတာတွေကို သတိထားစေလိုပါတယ်။ အစာစားချိန် လေယာဉ်ပေါ်မှာ ဘယ်လိုပြုမူသင့်လဲဆိုတာ… ပုံမှန်လေယာဉ်စီးတဲ့အခါမှာ ကိုယ့်ရဲ့တံတောင်၊ ဒါမှမဟုတ် အသားနဲ့ တခြားလူကို သွားမထိထားသင့်ဘူးဆိုပေမဲ့ လေယာဉ်ပေါ်မှာ အစားစားတဲ့အခါမှာတော့ ဒါကခြွင်းချက်တစ်ခုဖြစ်လာပါတယ်။ လေယာဉ်ထိုင်ခုံက ကျဉ်းလည်းကျဉ်းတဲ့အခါကျတော့ ကိုယ့်ရဲ့ဘေးနဲ့ ကိုယ့်ရဲ့ အနောက်ကလူတို့တွေကို တတ်နိုင်သမျ အနှောင့်အယှက်မဖြစ်စေဖို့၊ ဘေးကလူကို […]
Posted On January 10, 2020, By CEO Editors