Apple Macbook User များနဲ့ Tablet User များအတွက်ပါ နှစ်မျိုးလုံးပြောင်းလဲအသုံးပြုလို့ရမယ် Verbatim 5 in 1 Extension Adapter မိတ်ဆက်

ယခုဆိုရင် 5 in 1 အသုံးပြုလို့ရတဲ့ Verbatim အမှတ်တံဆိပ် Extension Adaoter ဟာ ဈေးကွက်ထဲကို စတင်ဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။ ဒီ Verbatim 5 in 1 Type C Hub ဟာဆိုရင် Mac Book Series User တွေအတွက်ရော၊ Type C အသုံးပြု စမတ်ပစ္စည်းတွေအတွက်ပါ အထူးထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။

USB 3.0 Port နှစ်ခု၊ USB Type C Port တစ်ခု၊ SD Card Port တစ်ခုနဲ့ Micro SD Card Port တစ်ခု စုစုပေါင်း Extension Port ငါးခုပါဝင်တဲ့အပြင် Memory Card ၊ Hard Drive တွေနဲ့ USD Stick ထဲက Data တွေကို Type C စနစ်ကွန်ပျူတာတွေနဲ့ အလွယ်တကူချိတ်ဆက် အသုံးပြုလို့ရနိုင်ပါတယ်။ Performance အနေ နဲ့ 4K/30Hz အသုံးပြုလုပ်ဆောင်နိုင်ပါတယ်။ Desing ပိုင်းအနေနဲ့ Metal Body ဖြင့်ပြုလုပ်ထားတဲ့အတွက် ပေါ့ပါးကျစ်လျစ်ပြီး အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ်။ ဒီပစ္စည်းလေးကို ဈေးနှုန်း ၉၁,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။