AMCHAM ၏ Charity Golf Tournament မှ ကျောင်းသားကျောင်းသူများ ပညာသင်ထောက်ပံ့ကြေးအဖြစ် အမေရိကန်ဒေါ်လာ တစ်သောင်းခြောက်ထောင်ရရှိ

ဧပြီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ American Chamber of Commerce (AMCHAM) မှ ကြီးမှူးကျင်းပပြီး Chevron မှပံ့ပိုးကူညီကာ မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ခဲ့သော လူမှုကူ ညီရေးဂေါက် ရိုက် ပြိုင်ပွဲ (Charity Golf Tournament) ကို ပန်းလှိုင်ဂေါက်ကွင်းတွင်ကျင်းပခဲ့ပါသည်။ ထိုပြိုင်ပွဲမှရရှိသော ဆုကြေးငွေများအား ရန်ကုန်တက္ကသိုလ်မှ ချို့တဲ့နွမ်း ပါးသော ကျောင်း သားကျောင်းသူများအတွက် ကူညီ ထောက်ပံ့မည်ဖြစ်ပါသည်။ အသင်းဝင်ပေါင်း ၁၄ ဦးပါဝင်သော ၄င်းပြိုင်ပွဲ၌ ဂေါက်ရိုက်အသင်း (၃) သင်းတို့ ယှဉ်ပြိုင်ကစားကြရာ CEA Projects & Logistics မှ Professional flight ဆုကိုလည်းကောင်း၊ Myan Shwe Pyi Tractors မှ Championship flight ဆုကိုလည်းကောင်း၊ Isami Holding, Parami Energy, PWC နှင့် Santa FE Mobility Myanmar တို့စုပေါင်းအသင်းမှ Weekender flight ဆုတို့ကို အသီးသီး ဆွတ်ခူးခဲ့ကြပါသည်။

article landscape wartermark final

Chevron Thailand မှအုပ်ချုပ်မှုဒါရိုက်တာ Brad Middleton ၊ Unocal Myanmar မှနာယက Mariano Vela ၊ AMCHAM Myanmar Chapter ဥက္ကဌ နှင့် ဆုရပြိုင်ပွဲဝင်များ