၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ ရောင်းအားအကောင်းဆုံး ကားထုတ်လုပ်သူ : တိုယိုတာ

ကားထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍအတွင်းအချက်အလက်တွေအရ တိုယိုတာ မော်တော် ကော့ပ်ဟာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကားထုတ်လုပ်သူအဖြစ် ဂျာမန်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းစုကြီး Volkswagen AG ကို ၃ နှစ်ဆက်တိုက် ကျော်ဖြတ်ကာ ထပ်ကိုရောက်ရှိနေပါတယ်။


ဂျပန်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းကြီး တိုယိုတာအနေနဲ့ ဒီကာလအတွင်းမှာ ကမ္ဘာတစ်ဝန်း အကြမ်းဖျဉ်းအားဖြင့် ယာဉ်အစီးရေ ၅.၁၄ သန်းရောင်းချခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။ အဲဒီအရောင်းပမာဏထဲမှာ တိုယိုတာရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ minivehicle တွေထုတ်လုပ်တဲ့ ဒိုင်ဟတ်ဆုမော်တော်ကုမ္ပဏီရဲ့ ရောင်းအားရယ်၊ ထရပ်ကားတွေထုတ်လုပ်တဲ့ ဟီးနိုးမော်တာလီမိတက်ရဲ့ ရောင်းအားတွေလည်း ပါဝင်တာပါ။ ဒီအရောင်းပမာဏက အရင်တစ်နှစ်ကထက် ၆ ရာခိုင်နှုန်းလျော့ကျသွားတာဖြစ်ပြီး နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီလိုရာခိုင်နှုန်းတစ်ခု လျော့ကျခဲ့တာလည်းဖြစ်ပါတယ်။


ဒီလိုအရောင်းရာခိုင်နှုန်းကျဆင်းခြင်းရဲ့အဓိကအချက်ထဲမှာ ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မှုပမာဏကလည်း ၃.၈ ရာခိုင်နှုန်း၊ အစီးရေအားဖြင့် ၅.၁၀ သန်းလျော့ကျထုတ်လုပ်ခဲ့တဲ့အတွက်ဖြစ်ပြီး ဒါဟာလည်း နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လျော့နည်းထုတ်လုပ်မှုဖြစ်ပါတယ်။ တိုယိုတာအနေနဲ့ ကမ္ဘာ့ကားထုတ်လုပ်သူတွေအကုန်လုံး ကြီးမားတဲ့အကျိုးရိုက်ခတ်မှုရှိစေခဲ့တဲ့ semiconductor ပြတ်တောက်မှုရဲ့ဒဏ်ကို အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။


Volkswagen ထက်တော့ ကမ္ဘာတစ်ဝန်းအရောင်းပမာဏက တိုယိုတာာက ပိုမိုမြားပြားခဲ့ပြီး Volkswagen ကတော့ ၂၂.၂ ရာခိုင်နှုန်းအရောင်းပမာဏလျော့ကျသွားပြီး အစီးရေအားဖြင့် ၃.၈၈ သန်းသာ ရောင်းချနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။


တိုယိုတာရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ အရောင်းပမာဏဆိုတာက ကျွန်တော်တို့အတွက် ဘယ်တုန်းကမှ အဓိကဦးစားပေးဖြစ်ခဲ့ဖူးတာမဟုတ်ပါဘူး။ ”ကျွန်တော်တို့ ဦးစားပေးတဲ့အချက်က လုံခြုံမှုနဲ့အရည်အသွေးဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ကားတွေထုတ်လုပ်နိုင်ဖို့ ကုမ္ပဏီက အမြဲကြိုးစားသွားဖို့သာဖြစ်တယ်”လို့ ဆိုပါတယ်။


ကားပစ္စည်းပြတ်တောက်မှုကြောင့် ဂျပန်နိုင်ငံအတွင်းမော်တော်ယာဉ်အရောင်းပမာဏက ၁၈.၁ ရာခိုင်နှုန်းလျော့ကျသွားပြီး အစီးရေအားဖြင့် ၉၅၄၁၇၃ စီးသာ ရောင်းချခဲ့နိုင်တာဖြစ်ပါတယ်။ ပြည်းတွင်း ထုတ်လုပ်မှုပမာဏကလည်း ၁၇.၇ ရာခိုင်နှုန်းလျော့ကျသွားပြီး အစီးရေ ၁.၇၄ သန်းသာ ထုတ်လုပ်ခဲ့တာဖြစ်ကာ အဓိကကတော့ ဂျပန်ပြည်တွင်းထုတ်ကားတွေဟာ ထိပ်တန်းအဆင့်ရှိတဲ့ semiconductor တွေကိုမှီတည်ပေါင်းစပ်ထုတ်လုပ်ထားတဲ့နည်းပညာမြင့်ကားတွေအများစုဖြစ်တာကြောင့်ပါ။


နိုင်ငံရပ်ခြား မော်တော်ယာဉ်အရောင်းပမာဏကလည်း ၂.၈ ရာခိုင်နှုန်းလျော့ကျသွားကာ အစီးရေအားဖြင့် ၄.၁၈ သန်းသာ ရောင်းချနိုင်ခဲ့တာပါ။ ဒါပေမယ့် နိုင်ငံရပ်ခြား မော်တော်ယာဉ်ထုတ်လုပ်မှုပမာဏကတော့ ၅.၆ ရာခိုင်နှုန်းတိုးလာခဲ့ပြီး အစီးရေအားဖြင့် ၃.၃၅ သန်း ထုတ်လုပ်နိုင်ခဲ့ကာ အကြောင်းရင်းကတော့ တရုတ်နိုင်ငံအတွင်း ထုတ်လုပ်ရေးcapacity ချဲ့ထွင်နိုင်ခဲ့တာကြောင့်ဖြစ်ါတယ်။ ဒီအတွက်ကြောင့် ပထမ ၆ လအတွင်း စံချိန်တင် ထုတ်လုပ်နိုင်မှုပမာဏကို ရရှိခဲ့တာပါ။


တိုယိုတာရဲ့ ဇွန်လအတွင်းက ကမ္ဘာတစ်ဝန်းရောင်းအားက (ဒိုင်ဟတ်ဆုနဲ့ဟီးနိုးတို့အပါအဝင်) ယခင် တစ်နှစ်ကထက်စာရင် ၃.၂ ရာခိုင်နှှုန်းလျော့ကျသွားခဲ့ပြီး အစီးရေအားဖြင့် ၈၁၇၃၂၁ စီးသာ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီလအတွင်း ကမ္ဘာတစ်ဝန်းက တိုယိုတာရဲ့ မော်တော်ယာဉ်ထုတ်လုပ်တဲ့ပမာဏကလည်း ယခင်နှစ်ထက်စာရင် ၄.၆ ရာခိုင်နှှုန်းလျော့ကျကာ အစီးရေ ၇၉၃၃၇၈ စီးသာ ထုတ်လုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Ref : BKK Post