၁၀ ကြိမ်မြောက် အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများနှင့် ကူညီပံ့ပိုးပေးခဲ့သူများအား ဂုဏ်ပြုပွဲ

 

asean 3

 

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အောက်တိုဘာ ၁၉ ရက်ကနေ ၂၉ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ ၁၀ ကြိမ်မြောက် အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြုအသင်းနဲ့အတူ ပံ့ပိုးကူညီခဲ့ကြတဲ့ သူတွေကို ဂုဏ်ပြုခဲ့တဲ့ပွဲကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ Part Royal Hotel မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲမှာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး GIZ မှတာဝန်ရှိသူ တစ်ဦးဖြစ်သူ Mr. Konrad de Botorli က ပြိုင်ပွဲနဲ့အတူ ကျွမ်းကျင်မှု့ရှိတဲ့ အလုပ်သမားတွေလိုအပ်မှုနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကူညီပံ့ပိုးခဲ့သူ အသီးသီးအား ဒုတိယ၀န်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါတယ်။

၁၀ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲမှာ  မြန်မာနိုင်ငံအနေနဲ့ အစားအသောက်ဆိုင်ရာ ၀န်ဆောင်မှု့ကျွမ်းကျင်မှု၊ အချက်အပြုတ်လုပ်ငန်းကျွမ်းကျင်မှု၊ အီလက်ထရောနစ် ကျွမ်းကျင်မှု၊ လျှပ်စစ်သွယ်တန်း ကျွမ်းကျင်မှု၊ ပိုက်ဆက်ကျွမ်းကျင်၊ ပရိဘောဂနှင့် လက်သမား ကျွမ်းကျင်မှု စတဲ့ ကျွမ်းကျင်မှု (၆) မျိုးကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ အချက်အပြုတ်ကျွမ်းကျင်မှု ပြိုင်ပွဲတွင် မောင်မင်းစုပိုင်က Medallion of Excellence ဆုတစ်ခုကို ရရှိခဲ့ကြောင်းသိရပါတယ်။

Asean