၀န်ထမ်းကောင်းတွေရွေးချယ်နိုင်ဖို့ စံသတ်မှတ်ချက်ဆိုတာ ရှိပါသလား။ ဘယ်လိုလက္ခဏာမျိုးတွေ ဖြစ်ပါသလဲ။

၀န်ထမ်းကောင်းတွေရွေးချယ်နိုင်ဖို့ စံသတ်မှတ်ချက်ဆိုတာရှိပါသလား။ ဘယ်လိုလက္ခဏာမျိုးတွေ ဖြစ်ပါသလဲတာကို ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)မှ အကြံပြုဖြေကြားပေးထားပါတယ်။

လုပ်ငန်းတစ်ခုရဲ့ အနေအထားကို သုံးသပ်ကြည့်တဲ့အခါ လုပ်ငန်းကို စနစ်တကျစီမံအုပ်ချုပ်နေတဲ့ အဆင့်မှာ ရှိနေပြီဆိုရင်တော့ ဝန်ထမ်းတစ်ယောက်ကိုခန့်အပ်တော့မယ်ဆိုရင် ခန့်မယ့်ရာထူးအတွက် ဘာအလုပ်တွေလုပ်ရမယ်ဆိုတဲ့ Job Description ဆိုတာရှိရပါတယ်။ Description မှာပါတဲ့ သတ်မှတ်ချက်တွေအပြင် စိတ်သဘောထား Attitude တို့၊ Communication ဆက်ဆံရေးတို့၊ အရင်အလုပ်အတွေ့အကြုံတို့ကိုလည်း အလေးထားကြရပါတယ်။ ဒါတွေက Job Interview မှာအကဲခတ်နိုင်သလို Application မှာ သူကိုယ်တိုင်ရေးသားတာနဲ့ Reference ကောင်းကောင်းရရင် အလေးပေးစဉ်းစားလို့ရနိုင်ပါတယ်။

ဒါအပြင် တကယ်အလေးထားဖို့ လိုအပ်ရင် အစမ်းခန့်လပိုင်း၊ နှစ်ပိုင်းသတ်မှတ်ပြီး သဘောတူညီမှုယူနိုင်ပါတယ်။ အခုခေတ်အခါ ကုမ္ပဏီလုပ်ငန်းအဖွဲ့ အစည်းတွေမှာ အသုံးများနေတဲ့ အဖွဲ့နဲ့ညှိနှိုင်းပူးပေါင်း လုပ်ကြတဲ့ Teamwork ပုံစံကို ကိုယ့်လုပ်ငန်းမှာလည်း သုံးနေတယ်ဆိုရင် အကဲခတ်ရတာ ပိုလွယ်ကူနိုင်ပါတယ်။ ခြောက်လအစမ်းခန့်အစီအစဉ်မျိုးလည်းသုံးနိုင်ပါတယ်။