အောင်မြင်သောသစ်သီးအရသာ သောက်ရေသန့်ကုမ္ပဏီ Hint ကိုတည်ထောင်သူ Kara Goldin

ကာရာဂိုးလ်ဒင်းဟာ တစ်ချိန်တုန်းက အဆီကျတဲ့ကိုလာ (Diet Cola) နေ့စဉ်ပျမ်းမျ ဆယ်ဘူးသောက်တဲ့အကျင့်စွဲလို့ ကျန်းမာရေးထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ၂၀၀၁ ခုနှစ်တုန်းက ဆီလီကွန်တောင်ကြားဒေသက အောင်မြင်တဲ့နည်းပညာရှင်တစ်ဦးဖြစ်တဲ့ ကာရာက ”အဲဒီအချိန်က ကျွန်မ Diet Cola သောက်တာနှစ်ပေါင်းမနည်းတော့ဘူး။ ကျွန်မလုပ်တာမှန်တယ်လို့ပဲထင်ခဲ့တယ်။ အချိုရည်ကုမ္ပဏီတွေရဲ့ အဆီကျအချိုရည်တွေသောက်ရင် အားလုံးသိပ်ကောင်းသွားမယ်လို့ပြောတာကို လိုက်နာမိတယ်” လို့ သူကပြောပါတယ်။ ဒါပေမဲ့ နေ့စဉ်ကဖင်းဓာတ်ပါရှိပြီး အချိုဓာတ်ရောထားတဲ့ အရည်သုံးလီတာခွဲသောက်တာကြောင့် သူထိုင်းမှိုင်းလာတယ်။ ဒါအပြင် အဆီချကိုလာကြောင့် ကိုယ်အလေးချိန်တိုးပြီး ဝက်ခြံတွေထွက်လာတယ်။

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု

အဲဒါနဲ့ AOL ကုမ္ပဏီရဲ့နည်းပညာရှင်အဖွဲ့အလုပ်မှ နုတ်ထွက်ပြီး သူ့ကလေးလေးယောက်နဲ့အတူ အိမ်မှာပဲနေတော့တယ်။ သူ့ဘဝနေမှုဟန်ကို လုံးဝပြောင်းလဲဖို့ ဆုံးဖြတ်ပြီးအချိုရည်တွေအစား ရိုးရိုးသောက်ရေပဲပြောင်းသောက်တယ်။ နောက်ရက်သတ္တနှစ်ပတ်ခွဲအတွင်းမှာ သူ့ဝက်ခြံတွေပျောက်ပြီး စွမ်းအင်ပြန်ပြည့်လာကာ ကိုယ်အလေးချိန်ပေါင်၂၀ ကျသွားတယ်လို့ ဆိုတယ်။ ရုတ်တရက်တိုးတက်မှုကြောင့် သူလန့်သွားတယ်။ ”ကျွန်မသေသေချာချာ အာရုံစိုက်စပြုတယ်။ ကျွန်မ ပါးနပ်တဲ့မိန်းမပါ။ ဒါပေမဲ့ ‘အဆီချ’ ဆိုတဲ့ ဝေါဟာရကြောင့် ကျွန်မပိုကျန်းမာမယ်၊ ပိုကောင်းလာမယ်လို့ထင်မိတာ မှားသွားတယ်” လို့ ကာရာကပြောတယ်။

အဲဒီအတွေ့အကြုံကြောင့် ကာရာဟာ ၂၀၀၅ ခုနှစ်မှာ ‘Hint’ ဆိုတဲ့ အချိုရည်အသစ်ကိုဖန်တီးဖြစ်ခဲ့တယ်။ အဲဒီလုပ်ငန်းဟာ ယခုအခါ နှစ်စဉ်ပျမ်းမျရောင်းရငွေဒေါ်လာ သန်းတစ်ရာဖိုးရှိတယ်။ အဲဒီအချိုရည်က သဘာဝသစ်သီးဝလံအရသာတွေ ရောစပ်ထားတဲ့ သောက်ရေသန့်ပုလင်းတွေ၊ ဘူးတွေဖြစ်ပြီး သကြား၊ ဒါမှမဟုတ် တခြားအချိုဓာတ်တွေ လုံးဝမပါဘူး။ ကာရာဟာ ဆန်ဖရန်စစ္စကိုမြို့ရှိ သူ့ရဲ့မီးဖိုခန်းထဲမှာပဲလုပ်ငန်းစတင် တည်ထောင်ခဲ့တယ်။ Hint ဟာ သူ့ကျန်းမာရေးပိုကောင်းစေဖို့ ဆန္ဒကြောင့်ချည်းမဟုတ်ဘဲ၊ ပျင်းရိငြီးငွေ့မှုကြောင့် ဖန်တီးထုတ်လုပ်ဖြစ်တာဖြစ်တယ်။ ကာရာဟာ အဆီချကိုလာအစား ရေပဲပြောင်းသောက်ပေမဲ့ကြာတော့ ရေအရသာကို ငြီးငွေ့လာတယ်။ ဒါကြောင့် စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ တလည်းသီးစတဲ့ သစ်သီးအပိုင်းအစလေးတွေကို ရေကရားထဲရောပြီး ရေခဲသေတ္တာထဲထည့်ထားတယ်။ ကာရာဟာ အချိုဓာတ်လုံးဝမပါတဲ့ သဘာ၀သောက်ရေသန့်ပုလင်းကို လိုက်ရှာဖွေရင်း Hint အတွက် စိတ်ကူးရခဲ့တာဖြစ်တယ်၊ ”ဘာဖြစ်လို့ ဒီပစ္စည်းကို ပုလင်းသွတ်ပြီး မရောင်းကြပါလိမ့်လို့ ကျွန်မတွေးမိတယ်။ လူတွေအနေနဲ့ သကြားသာမကဘဲ အဆီချတဲ့ အချိုဓာတ်တွေပါထည့်ထားတဲ့ အချိုရည်တွေသောက်မယ့်အစား သောက်ရေသန့်ကိုပဲ အရသာတွေ့အောင် ငါလုပ်ပေးနိုင်ခဲ့ရင်ကျန်းမာရေးကို ငါတို့ပြောင်းလဲစေနိုင်တယ်လို့ ကျွန်မတွေးမိတယ်” လို့ သူက ပြောပါတယ်။

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု

ကာရာရဲ့အဓိကစိန်ခေါ်မှုကတော့ အချိုဓာတ်တွေတာရှည်ခံပစ္စည်းတွေမပါဘဲ သစ်သီးအရသာပါတဲ့ သောက်ရေသန့်ကို အရေအတွက်အမြောက်အမြားထုတ်လုပ်ရေးပါပဲ။ သစ်သီးရည်ကို သက်တမ်းရှည်အောင် အပူပေးပြီး ပိုးသတ်နည်း သူသုတေသနလုပ်ပြီးတဲ့ သူ့ရဲ့ရေသန့်တွေအတွက် အလားတူနည်းပညာတစ်ခုကို သူ့ခင်ပွန်းသီယိုရဲ့အကူအညီနဲ့ တီထွင်ဖန်တီးတယ်။ သီယိုဟာ ယခင်ကကုန်ပစ္စည်းမှတ်ပုံတင်ရှေ့နေတစ်ဦးဖြစ်ပြီး ယခု Hint ရဲ့လုပ်ငန်းလုပ်ကိုင်ရေးအရာရှိဖြစ်တယ်။

”ကျွန်မတို့ဟာ တာရှည်ခံပစ္စည်းလုံးဝမပါဘဲ အပူပေးပိုးသတ်နည်းသုံးကာတီထွင်တဲ့ ပထမဆုံးသစ်သီးအရသာ သောက်ရေသန့်လုပ်ငန်းဖြစ်ပါတယ်” လို့ သူကပြောတယ်။ ကာရာဟာ သူ့ကုန်ပစ္စည်းကို အမြောက်အမြားအောင်မြင်စွာ ထုတ်လုပ်ပေမယ့်ကုမ္ပဏီတစ်ခုကို မအုပ်ချုပ်တတ်တာကြောင့် သူ့ရဲ့ SME လုပ်ငန်းကိုဝယ်မလားလို့ ကမ္ဘာကျော်အချိုရည် ကုမ္ပဏီကြီးတစ်ခုကို သူဆက်သွယ်ကမ်းလှမ်းတယ်။ ဒါပေမဲ့ အဲဒီကုမ္ပဏီအရာရှိတစ်ဦးက သူနဲ့ဖုန်းပြောရာမှာ သူ့ကိုအချစ်ကလေးလို့ခေါ်လို့ ယင်းနဲ့ သူလက်မတွဲတော့။ သူ့ဘာသာပဲ ဆက်လုပ်တာအောင်မြင်လာပါတယ်။

သူ့ရဲ့ နောက်ထပ်စိန်ခေါ်မှုက ရေသန့်နဲ့တခြားအချိုရည်တွေပိုင်ဆိုင်ထားတဲ့ Coca Cola နဲ့ Pepsi ကုမ္ပဏီကြီးတွေ ကြီးမားတဲ့ဈေးကွက်ထဲဝင်တိုးဖို့ ဖြစ်တယ်။ ”ဒီကုမ္ပဏီကြီးတွေရဲ့ သြဇာအရှိန်အဝါကို ကျွန်မတို့ဘာမှ မသိထားဘူး”လို့ သူကပြောတယ်။ သူက ပထမခြေလှမ်းအဖြစ် အဆင့်မြင့်စူပါမားကက်ဆိုင်ခွဲ လုပ်ငန်းကြီး Whole Foods ရဲ့ ဆန်ဖရန်စစ္စကိုဆိုင်ခွဲမှာ Hint ရေသန့်ပုလင်း ဒါဇင်တချို့ကိုသွားတင်တယ်။ အဲဒါက သူ့ရဲ့ စ တုတ္ထကလေးမွေးဖို့ နာရီပိုင်းအလိုဖြစ်တယ်။ သူ့ရဲ့ ရေသန့်ပုလင်းတွေ ညတွင်းချင်းပဲကုန်သွားတယ်။ သူ့ရဲ့ အကြီးမားဆုံးအောင်မြင်မှုကိုရတာက ဆီလီကွန်တောင်ကြားဒေသက ကုမ္ပဏီတွေနဲ့သူအဆက်အသွယ်ရှိခြင်း ကြောင့်ဖြစ်တယ်။ Hint ကို စတင်ထုတ်လုပ်စဉ်က နည်းပညာရှင်အလုပ်ပြန်ဝင်လုပ်ဖို့ စဉ်းစားပြီး Google ကုမ္ပဏီမှာ အင်တာဗျူးသွားဖြေတယ်။

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု

”အဲဒီအင်တာဗျူးမှာ ကျွန်မကအခုလျောက်တဲ့ အလုပ်ကိုစိတ်ဝင်စားပါတယ်။ ဒါပေမဲ့ တခြားစိတ်ဝင်စားစရာတစ်ခုလည်း ကျွန်မမှာရှိပါတယ်လို့ပြောပြီး Hint အကြောင်း ဆက်လက်ရှင်းပြတယ်”လို့ ကာရာကပြော တယ်။ သူ့ကို ‘ဗျူး’ တဲ့ Google အရာရှိက သူ့ရဲ့ Hint ရေပုလင်းတွေကုမ္ပဏီအတွက် ပေးသွင်းခိုင်းလို့ Google ရုံးချုပ်ကို သူကိုယ်တိုင်လာပို့ရတယ်။ မကြာခင် အဲဒီဒေသကတခြားကုမ္ပဏီတွေလည်း Hint ရဲ့ ဖောက်သည်တွေဖြစ်လာတယ်။ Facebook ရဲ့ C.O.O ဖြစ်တဲ့ ရှရယ်လ်ဆင်းဘာ့ဂ်လည်း Google ကနုတ်ထွက်ကာ FB ကို ပြောင်းလာပြီးနောက် Hint တွေကို ရုံးချုပ်အတွက်မှာ ယူခဲ့တယ်။

”ဆီလီကွန်တောင်ကြားမှာ ကျွန်မတို့ရဲ့ Hint က အကြီးမားဆုံးအဖျော်ယမကာကုမ္ပဏီပါပဲ” လို့ အာရီဇိုးနားပြည်နယ်မှာကြီးပြင်းခဲ့တဲ့ ကာရာ ၅၁ နှစ်က ပြောပါတယ်။ အဲဒီနောက်ပိုင်းမှာ Hint ဟာ ဆီလီကွန်တောင် ကြားဒေသသာမကဘဲ တခြားအရပ်ဒေသတွေအထိ ဈေးကွက်ပုံမှန်တိုးချဲ့ခဲ့ပြီး ယခုအခါ အမေရိကန်နိုင်ငံမှာ အယ်ကိုဟောလ်မပါတဲ့ အကြီးမားဆုံး တသီးပုဂ္ဂလအဖျော် ယမကာကုမ္ပဏီဖြစ်တယ်လို့ ဆိုပါတယ်။

ဆန်ဖရန်စစ္စကို မြို့အခြေစိုက်ကုမ္ပဏီ Hint မှာ ယခုအခါ အမှုထမ်းဦးရေနှစ်ရာရှိပြီး နာမည်ကျော်အဆိုတော် ဂျွန်လဲဂျင်းလို ရင်းနှီးမြှုပ်နှံသူတွေလည်းရှိတယ်။ Hint ကို ဖရဲသီး၊ မက်မွန်၊ ဘလက်ဘယ်ရီအပါအဝင် သစ်သီးအရသာ ၂၆ မျိုးဖြင့်ထုတ်ပြီး စပါကလင်နဲ့ ကဖင်းပါတာရော၊ ကလေးသီးသန့်ပါ ထုတ်လုပ်ရောင်းချတယ်။ Hint ဟာရေသန့်အပြင်နေလောင်ကာကွယ်မှု သဘာဝခရင်မ်တွေရော၊ ချွေးနံ့ပျောက်ဆေးတွေပါ ဆက်ထုတ်လုပ်နေပါပြီ။ Hint ကို အမေရိကန်နိုင်ငံပြင်ပက ဗြိတိန်လိုတခြားနိုင်ငံတွေအထိ ဖြန့်ချိဖို့ မျော်လင့်ကြောင်းကာရာကပြောတယ်။

Mintel ရဲ့ အစားအစာနဲ့ အဖျော်ယမကာ သုတေသီအဲလက်ဇ်ဘက်ကက်က ”သစ်သီးအရသာပါတဲ့ သောက်ရေသန့်ဟာ သကြားပါတဲ့ အချိုရည်တွေမှာတွေ့ရတဲ့ စိတ်ဝင်စားစရာအရသာတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ရေသန့်နဲ့ ပေါင်းစပ်ထားလို့ ကမ္ဘာတစ်ဝန်းလူကြိုက်များတာဖြစ်တယ်လို့ ပြောပါတယ်။ ”ကာရာဂိုးလ်ဒင်းဟာ အရသာရှိပြီး အလုပ်ဖြစ်တဲ့ သောက်ရေရဲ့ ရေရှည်အလားအလာကို သဘောပေါက်သူ၊ ရှေ့ကိုကြိုမြင်တတ်သူဖြစ်တယ်” လို့ ယင်းကပြောပါတယ်။

ကာရာဟာ Hint ကုမ္ပဏီကို အုပ်ချုပ်နေရင်း တစ်ဖက်မှာလည်း အဝလွန်သူဦးရေတိုးလာခြင်းနဲ့ အမျိုးအစား နှစ် ဆီးချိုရောဂါတို့လို ကျန်းမာရေးပြဿနာတွေကို ပညာပေးလှုံ့ဆော်ဖို့ အာရုံစိုက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ”ကျွန်မတို့ လူ့အဖွဲ့အစည်းဟာ ဒုက္ခရောက်နေပါတယ်။ ကမ္ဘာတစ်ဝန်းက စားသုံးသူပြည်သူအားလုံး ကျန်းမာရေးပြန်ကောင်းလာအောင် ကျွန်မတို့ ကူညီနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်” လို့ ကာရာကပြောပါတယ်။

ကာရာဂိုးလ်ဒင်းကိုယ်ရေးအကျဉ်း…
ကာရာဂိုးလ်ဒင်းခေါ် ကာရာအယ်င်ဂိုးလ်ဒင်းဟာ အမေရိကန်နိုင်ငံ၊ အာရီဇိုးနားပြည်နယ် တင်ပီမြို့မှဝီလျံနဲ့ ကေးကီးနန်တို့ရဲ့သားသမီးငါးယောက်အနက်အငယ်ဆုံးဖြစ်ပြီး မင်နီယယ်ပိုးလစ္စမြို့ကနေ ပြောင်းရွှေ့ပြီး အာရီဇိုးနားပြည်နယ်၊ စကော့စဒေးလ်မြို့မှာ ကြီးပြင်းခဲ့ပါတယ်။ သူဟာ ၁၉၈၉ ခုနှစ်မှာ အာရီဇိုးနားပြည်နယ်တက္ကသိုလ်မှာ ဆက်သွယ်ရေးနဲ့ ဘဏ္ဍာရေးအဓိကဘာသာဖြင့် ဘွဲ့ရခဲ့တယ်။ ဘွဲ့ရပြီးနောက် Time မဂ္ဂဇင်းနဲ့ CNN သတင်းဌာနတွေမှာ အလုပ်ဝင်လုပ်ပြီး AOL Inc. ရဲ့ Shopping နဲ့ E-Commerce Partnerships ဌာန၊ ဒုဥက္ကဋ္ဌတာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ AOL က Netscape ကို ဝယ်ယူလိုက်တဲ့အခါ သူကအလုပ်ထွက်ပြီး မိသားစုနဲ့အတူနေရင်း ကျန်းမာတဲ့ဘဝနေမှုဟန်ဖြင့်နေထိုင်ဖို့ ဆုံးဖြတ်ပါတယ်။ ကလေးသုံးယောက်မွေးပြီးမှ တိုးလာတဲ့ကိုယ်အလေးချိန်လျော့ချဖို့ ခက်နေခြင်းဟာ Diet Cola ကို သူစွဲလမ်းစွာသောက်ခြင်းကြောင့်ဆိုတာ ရိပ်မိရာကသစ်သီးအရသာပါတဲ့ Hint သောက်ရေသန့်တွေ ဖန်တီးထုတ်လုပ်ဖို့ စိတ်ကူးရခဲ့တာပဲ။

ယခု ၁၂ နှစ်သက်တမ်းရှိတဲ့ Hint ဟာ အထူးအောင်မြင်နေပြီး ၂၀၁၁ ခုနှစ်မှာ ကာဘွန်ဓာတ်ငွေ့ပါတဲ့ Hint Fizz နဲ့ ၂၀၁၇ ခုနှစ်မှာ နေလောင်ဒဏ်ကာကွယ် ရေးခရင်မ်တွေထုတ်လုပ်ခဲ့ပါတယ်။ ဘဝတူ စွန့်ဦးထွင်လုပ်ငန်းရှင်တွေကိုဆက်သွယ်ပြီး ကူညီလမ်းပြဖို့၊ ယင်းတို့အကြောင်းဖွင့်ပြောဖို့ The Kara Network ကိုလည်း သူတည်ထောင်ခဲ့တယ်။ ၁၄ နှစ်အရွယ်က စကော့စဒေးလ်မြို့က ကစားစရာအရုပ်ဆိုင်မှာ အလုပ်လုပ်ခြင်းက မိမိကို စွန့်ဦးထွင်လုပ်ငန်းရှင်လမ်းကြောင်းပေါ်သို့ ပို့ပေးခဲ့တယ်လို့ သူကဆိုပါတယ်။ ကာရာဟာ CNN မှာ အလုပ်ဝင်ခါနီး NYU တက္ကသိုလ်က ဥပဒေကျောင်းသား Theo နဲ့ တွေ့ပြီး ၁၉၉၅ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။

နိုင်သီဟ

ရည်ညွှန်း –BBC.com မှ A former diet cola addict built a $100m firm ကိုဆီလျော်အောင် ဘာသာပြန်ဆိုသည်။