အောင်မြင်သူများ ဆုံးဖြတ်ချက်ချလျှင် အသုံးပြုသည့် နည်းဗျူဟာ ၁၀ မျိုး

အလုပ်အကိုင်လျှောက်ထားခြင်းမှအစ၊ ယနေ့ ဝတ်ဆင်ရ မည့်အဝတ်အ စားများရွေးချယ်မှုအထိ၊ ကျွနု်ပ်တို့သည် တစ်နေ့လျှင်၊ ဆုံးဖြတ်ခက် ပေါင်း ၇၀ ခန့် ချမှတ်နေကြရသည်။ အောင်မြင်နေသည့်ပုဂ္ဂိုလ်များထံတွင် ဆုံးဖြတ်ချက်ချ ခြင်းနှင့်ပတ်သက်သော စိတ်ဖိစီးမှုကို မည်သို့ ရှောင်ရှားရ မည်ဆိုသည့်အချက်အား အထောက်အကူပြုသည့် မှတ် သားစရာ အလေ့အကျင့်အပြုအမူများ ရှိထားကြသည်။

သင့်တစ်နေ့တာအချိန်သည်၊ ချမှတ်ရမည့်ဆုံး ဖြတ်ချက်များဖြင့်ပြည့်လျက်ရှိသည်။ Columbia University မှ လေ့လာတွေ့ရှိချက်တစ်ခုအရ၊ ကျွနု်ပ်တို့သည် တစ်ရက်လျှင်ဆုံးဖြတ်ချက်ပေါင်း ၇၀ ခန့်အထိချ မှတ်နေ ကြရကြောင်းတွေ့ရှိရသည်။

အစာစားခြင်း၊ အလုပ်သွားဖို့လမ်းကြောင်းရွေးခြင်း၊ မည်သည့်အလုပ်ကိုစတင်ကိုင်တွယ်ရမည် စသည်ဖြင့် အချို့ဆုံးဖြတ်ချက်များသည် အရေးမပါလှသော်လည်း၊ မိမိအားလက်ခံသည့် အလုပ်နှစ်ခုကြား ရွေးချယ်ရခြင်း၊ မိမိချစ်ခင်နှစ်သက်သူများအတွက် မြို့သစ်တစ်ခုသို့ ပြောင်း ရွှေ့နေထိုင်ခြင်းပြုမပြုဆုံးဖြတ်ရေး၊ မိမိကိုဒုက္ခပေးနေသူအား အဆက်ဖြတ်ရေးမဖြတ်ရေး စသည့်ကိစ္စရပ်အချို့မှာ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အခက်အခဲတွေ့ရလေ့ရှိသည်။

တစ်နေ့တာအတွင်း များပြားလှသည့် ဆုံးဖြတ်စရာများကြားတွင်၊ သင့်အောင်မြင်မှုနှင့် ဘဝပျော်ရွှင်မှုများအတွက်၊ ဆုံးဖြတ်ချက်များအား၊ အကျိုးထိရောက်မှုအရှိ ဆုံးဖြစ်အောင် ဦးစားပေးရွေးချယ်ချမှတ်ခြင်းသည် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်သည်။ အကျိုးထိရောက်သော ဆုံးဖြတ်ချက်များချမှတ်ရေးအတွက်၊ အောင်မြင်သည့် ပုဂ္ဂိုလ်များ နေ့စဉ်အသုံးပြုလျှက်ရှိသော နည်းဗျူဟာများ စွာနှင့် ကျွနု်ပ်ရင်းနှီးကျွမ်းဝင်ထားသည့်အလျောက်၊ ယင်း တို့ထဲမှ အကောင်းဆုံးအချက်များကို ဖော်ပြလိုက်သည်။

ယင်းတို့သည် သေးငယ်သောဆုံးဖြတ်ချက်များအား နေ့စဉ်ပုံမှန်လုပ်ငန်းများအဖြစ် ပြောင်းလဲပစ်ကြသည်။
ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် ကျွနု်ပ်တို့၏ြွကက်သားများကဲ့သို့ဖြစ်သည်။ တစ်နေ့တာအသုံးပြုပြီးချိန်တွင်ပင်ပန်းနွမ်းနယ်မှုကြောင့် ထိရောက်စွာ စွမ်းဆောင်နိုင်ခြင်း မရှိတော့ပေ။ ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် သက်ဆိုင်သော ပင်ပန်းနွမ်းနယ်မှုအတွက် အောင်မြင်သူများအသုံးပြုသည့် အကောင်းဆုံးနည်းဗျူဟာမှာ သေးငယ်သော ဆုံးဖြတ်မှုများအား ပုံမှန်လုပ်ရပ်များအသွင်ပြောင်းလဲ ဖျောက်ဖျက် ပစ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် ပိုမိုရှုပ်ထွေး သော ဆုံးဖြတ်မှုများအတွက် မိမိတို့၏ စိတ်လွတ်လပ်မှု ရရှိစေမည်ဖြစ်သည်။

Steve Jobs သည် အလုပ်ခွင်သို့ နေ့စဉ်အနက်ရောင်လည်စွပ်အင်္ကျီဝတ်ဆင်လာလေ့ရှိကြောင်း လူအ များသိကြသည်။ Mark Zuckerberg သည် ခေါင်းစွပ်ပါ သောအင်္ကျီကိုဝတ်ဆင်ဆဲဖြစ်သည်။ နှစ်ဦးလုံးက ဤနေ့ စဉ်ပုံရိပ်များသည် ယင်းတို့ဆုံးဖြတ်ရမည့်အရာ အချို့အား လျှော့ချရေးအတွက် လုပ်ဆောင်ချက်ဖြစ်ကြောင်းပြောပြကြသည်။ ယင်းတို့နှစ်ဦးလုံးက နေ့စဉ်အကောင်းဆုံး ဆုံး ဖြတ်ချက်များ ချမှတ်နိုင်သည့်အရည်အချင်းများကို သတိ ထားမိကြသည်။ “ကျွန်တော် အမြဲတမ်းအပြာရောင်ဝတ်စုံ၊ သို့မဟုတ် မီးခိုးရောင်ဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိတာ ခင်ဗျားတို့တွေ့ရမှာဖြစ်တယ်။ ဆုံးဖြတ်မယ့် အလုပ်တချို့ ကိုလျှော့ချတာဖြစ်တယ်။ ဘာစားမယ် ဘာဝတ်မယ်ဆို တာတွေအပေါ် ဆုံးဖြတ်မနေတော့ပါဘူး။ တခြားဆုံးဖြတ် စရာကိစ္စတွေအများကြီးရှိနေပါတယ်” ဟုပြောခဲ့သော Barack Obama ၏ ဆိုစကားအတိုင်းပင် ဖြစ်သည်။

ထို့ပြင် ကြီးမားသည့်ဆုံးဖြတ်ချက်များကို နံနက်ပိုင်းတွင် ပြုလုပ်ကြသည်။
ဆုံးဖြတ်ချက်ချခြင်း၏ ပင်ပန်းနွမ်းနယ်မှုအား ကျော်ဖြတ် နိုင်သည့် နောက်ထပ်နည်းလမ်းတစ်ခုမှာ သေးငယ်သည့် ဆုံးဖြတ်ချက်များအား (အပင်ပန်းဆုံးအချိန်ဖြစ်သည့်) အလုပ်ပြီးမှ ပြုလုပ်ဖို့ဖယ်ထားရန်နှင့်၊ ခက်ခဲရှုပ်ထွေး သော ဆုံးဖြတ်ချက်များကို သင်စိတ်ကြည်လင်နေသည့် နံနက်ခင်းတွင် ပြုလုပ်ရန်ဖြစ်သည်။ အရေးပါသော ဆုံး ဖြတ်စရာများနှင့် ဆက်တိုက်ရင်ဆိုင်ရသောအခါများတွင် အကောင်းဆုံးအကြံပြုချက်မှာ (နာငေူ များ၊ ဖုန်းခေါ်ခြင်း များစသော) အခြားစိတ်ထွေပြားစရာများ မရှိသေးသည့် နံနက်စောစောအချိန်တွင် အိပ်ရာမှထပြီး အခက်ခဲဆုံး၊ဆုံး ဖြတ်ချက်များအတွက် အချိန်ပေးခြင်းဖြစ်သည်။ အလား တူ နည်းဗျူဟာတစ်ခုမှာ သေးငယ်သည့်အချက်အချို့အား နောက်တစ်နေ့လုပ်ငန်းများမစမီ၊ ညအချိန်တွင်လုပ်ဆောင် ရန်ဖြစ်သည်။ ဥပမာအားဖြင့် နောက်တစ်နေ့ အဝတ်အ စားများကို ညအချိန် ကြိုတင်ရွေးချယ်ချထားခြင်း ကြောင့် နောက်တစ်နေ့ အိပ်ရာမှနိုးချိန်တွင် ထိုအချက်ကို စဉ်းစားဖို့လိုတော့မည်မဟုတ်ပေ။

ယင်းတို့၏ ခံစားချက်များကို အလေးပေးဂရုစိုက်ကြသည်။
“တဒင်္ဂခံစားမှုများအပေါ်မူတည်၍ တစ်သက်တာ ဆုံးဖြတ် ချက်များ မချမိပါစေနှင့်” ဟူသည့်ရှေးဆိုရိုးစကားရှိခဲ့ဖူး သည်။ အလွန်မှန်ပေသည်။ အောင်မြင်သောပုဂ္ဂိုလ်များသည် ယင်းတို့၏ခံစားချက်များကို ကောင်းစွာသိရှိ နားလည်ကြသည်။ ထို့ ကြောင့် ယင်းတို့သည် ဆုံးဖြတ်ချက်များအား ကြောင်းကျိုး ဆက်စပ်၍ အတတ်နိုင်ဆုံး သမာသမတ်ကျကျ မှန်ကန် စွာ ရှုမြင်သုံးသပ်နိုင်ကြပေသည်။

ကံဆိုးစွာပင် လူများစုသည် ယင်းတို့၏ တဒင်္ဂ ခံစားမှုများကို ထိန်းချုပ်နိုင်စွမ်းမဆိုနှင့် ဝေဖန်ခွဲခြားနိုင် စွမ်းပင် မရှိကြပေ။ Talent Smart ကုမ္ပဏီသည် လူပေါင်းတစ်သန်းကျော်ကို စမ်းသပ်ခဲ့ပြီးနောက် ထိုသူများထဲမှ ၃၆ ရာခိုင်နှုန်းကသာ ဖြစ်ပေါ်လာသည့် ခံစားမှုများကို မှန်ကန်တိကျစွာ အဓိပ္ပာယ်ဖော်ဆိုနိုင်ကြကြောင်း တွေ့ ရှိခဲ့သည်။ တစ်နည်းအားဖြင့် ဆုံးဖြတ်ချက် အခိုင်အမာ ချသူများမှာ စိတ်ကောင်းဝင်သည့် အချိန်များ၌ ချမှတ် သော ဆုံးဖြတ်ချက်များတွင် ရုတ်တရက်ယုံကြည်မှု လွန် ကဲသွားနိုင်သကဲ့သို့ စိတ်ခံစားမှုအဆင်မပြေသော အချိန် များတွင်လည်း အဆင်ခြင်ကင်းမဲ့သည့် ဆုံးဖြတ်ချက်များ ကို ရုတ်တရက်အလွယ်တကူ ချမှတ်တတ်ကြသည်။

ယင်းတို့၏ရွေးချယ်မှုများကို ရည်ရွယ်ချက်ရှိစွာ အကဲဖြတ်ကြသည်။
ဆုံးဖြတ်ချက်ချဖို့ စဉ်းစားဆင်ခြင်နေသော အချိန်များတွင် အောင်မြင်သည့်ပုဂ္ဂိုလ်များသည် ယင်းတို့၏ ရွေးချယ်မှု များကို ယင်းတို့ ကြိုတင်ကြံဆထားသည့် စံနှုန်းများဖြင့် ချိန်ဆတွက်ချက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထို သို့ ပြုခြင်းဖြင့် ဆုံးဖြတ်ချက်ချခြင်းကို ပိုမိုလွယ်ကူအ ကျိုးသက်ရောက်မှုရှိစေကြောင်း သိရှိထားကြသော ကြောင့်ဖြစ်သည်။ ထည့်သွင်းစဉ်းစားရမည့် ချိန်ဆမှုများ အတွက် အထောက်အကူဖြစ်မည့် အချက်အချို့မှာ –
– ဤဆုံးဖြတ်ချက်က ကျွနု်ပ်အား မည်သို့အကျိုးဖြစ် စေနိုင်သနည်း၊
– ကျွနု်ပ်အား မည်သို့ ထိခိုက်မှုဖြစ်စေနိုင်မည်နည်း။
– မည်သို့ အကျိုးပြုသနည်း၊
– မည်သို့ ထိခိုက် နစ်နာစေသနည်း။
– ဆုံးဖြတ်ချက်က မိမိ၏တန်ဖိုးအပေါ် မည်သို့ ရောင် ပြန်ထင်ဟပ်စေသနည်း၊
– ဤဆုံးဖြတ်ချက်ချခြင်းအတွက် ကျွနု်ပ်နောင်တရမိ မှာလား။
– ဤဆုံးဖြတ်ချက်မချလိုက်မိခြင်းအတွက် ကျွနု်ပ်နောင် တရမှာလား၊
– ဤဆုံးဖြတ်ချက်ချခြင်းက ကျွနု်ပ်၏တန်ဖိုးအပေါ် အကျိုးသက်ရောက်မည်လား စသည်တို့ဖြစ်သည်။

ဆုံးဖြတ်ချက်ချဖို့ နောက်တစ်နေ့အထိအချိန်ယူလေ့ရှိကြသည်။
ဆုံးဖြတ်ချက်ချရန် နောက်တစ်နေ့သို့ ရွှေ့ဆိုင်းခြင်းက၊ နောက်တစ်နေ့တွင် ဖြေရှင်းဖို့ကြိုးစားရာ၌ ပိုမိုရှင်းလင်းစွာ တွေးတောစဉ်းစားနိုင်စေမည်ဖြစ်သည်။ သင့်ခံစားချက် များအတွက် အချိန်ရစေမည်လည်းဖြစ်သည်။ အဆောတ လျင်ပြုမူရန် ကြိုးစားခြင်းက ခံစားချက်များအပေါ် တုံ့ ပြန်လိုလေ့ရှိသည်။ သို့သော် အချိန်ပိုပေး၍၊ ပိုမိုအာရုံစိုက် တွေးတောခြင်းအားဖြင့် ယခင်က မစဉ်းစားမိခဲ့သော အရေးကြီးသည့်အချက်များကို ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ခွင့်ရစေမည်ဖြစ်သည်။

သို့သော် ကြာမြင့်စွာအချိန်ယူလေ့မရှိပါ၊
အောင်မြင်သည့်ပုဂ္ဂိုလ်များသည် သတင်းအချက်အလက်များ၊ ရနိုင်သမျှစုဆောင်းခြင်း၏ အရေးပါမှုကို သိရှိထားကြသည်။ တစ်ချိန်တည်းမှာပင် အတွေးခေါင်မှု၊ သို့မဟုတ် အသေးစိတ်စိစစ်လွန်းမှု၏ သားကောင်များမဖြစ်စေဖို့လည်း သတိထားကြသည်။ အောင်မြင်သည့်ပုဂ္ဂိုလ်များသည် အရာရာတိုင်းက နေသားတကျဖြစ်လာမည့်အချိန်ကို စောင့် ဆိုင်းနေမည့်အစား မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရန် အချိန်ဇယားဆွဲ၍ လုပ်ဆောင်ရန်လိုအပ်ကြောင်း သိရှိကြသည်။ အချိန်သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက် ထိုသတ်မှတ်သည့်အချိန်အတွင်း အကောင်အထည်ဖေါ် နိုင်စေရန် လေးနက်စွာတွေးတော ဆင်ခြင်မှုနှင့် မိမိတို့ လုပ်စရာရှိသည်တို့ကို လုပ်ဆောင်ရန် အားယူကြတော့ သည်။

ပြန်လည်အားဖြည့်ရန် လေ့ကျင့်ခန်းလုပ်ကြသည်။
အဓိကဆုံးဖြတ်ချက်တစ်ခုအတွက် ကြိုးစားအားထုတ်ခြင်း ၏ စိတ်ဖိစီးမှုက သဘာဝအလျောက် ဃသမအငျသူ တစ်နည်း အားဖြင့် (hydrocortisone) ဆိုသည့် ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်ပေးသည်။ ထိုဓာတုပစ္စည်းသည် ဆက် လက်တိုက်ခိုက်သွားခြင်းနှင့် အားလျှော့စွန့်လွှတ်ခြင်းတို့ ကြား ရွေးချယ်ရမည့် အခြေအနေတစ်ရပ် ခံစားဖြစ်ပေါ်စေ သည်။ Cortisol က သင့်စဉ်းစားတွေးခေါ်မှုကို ဝေဝါးစေသည်။ ဆုံးဖြတ်ချက်တစ်ခုချရန် စိတ်ရောကိုယ်ပါ ပင် ပန်းနွမ်းနယ်နေပြီဆိုလျှင် လေ့ကျင့်ခန်းလုပ်ရန် ကြိုးစား ပါ။ မိနစ် ၃၀ ခန့်မျှသာ အချိန်ပေးရုံဖြင့် Endorphins ဟော်မုန်းများ ပြည့်ဝလာပြီး စိတ်ကြည်လင်မှု ပြန်လည် ရရှိမည်ဖြစ်သည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက “ဆက်လုပ်ရန်နှင့် စွန့်လွှတ်ရန်” စိတ်ဒွိဟခံစားမှုဖြစ်ခြင်းမှ ကျော်လွှားနိုင်ရေးအတွက် Cortisol အားလက်တွေ့ကျကျ အသုံးချခြင်းဖြင့်လည်း အထောက်အကူပြုမှာဖြစ်သည်။ စမ်းသပ်မှုများက ပုံမှန်လေ့ကျင့်ခန်းများ တာရှည်လုပ်ခြင်း က ဆုံးဖြတ်ချက်ချခြင်းနှင့် သက်ဆိုင်သည့် ဦးနှောက်အ စိတ်အပိုင်း၏ စွမ်းဆောင်မှုကို တိုးတက်စေကြောင်း ဖော် ပြကြသည်။

ယင်းတို့သည် မိမိတို့၏ မူလကိုယ်ကျင့်တရားများအတိုင်း အမြဲတ စေ ပြန်လည်ကျင့်သုံးလေ့ရှိကြသည်။
အောင်မြင်သည့်ပုဂ္ဂိုလ်များသည် အရေးပါသောဆုံးဖြတ် ချက်များချမှတ်ရာတွင် မိမိတို့၏ကိုယ်ကျင့်တရားကို မလွတ်တမ်း ဆုပ်ကိုင်ထိန်းသိမ်းထားရန် မည်မျှအရေးကြီး ကြောင်းသိရှိထားကြသည်။ သင့်ခံစားချက်များက လမ်း လွဲများသို့ဆွဲဆောင်နေသည့် အချိန်တွင် သင့်ကိုယ်ကျင့် တရားက ယုံကြည်စိတ်ချရသည့် လမ်းညွှန်တစ်ဦးသဖွယ် သင့်အား စောင့်ရှောက်နေလိမ့်မည်ဖြစ်သည်။

ယင်းတို့သည် ပြင်ပအကြံပေးချက်များကို ရှာဖွေကြသည်။
ဆုံးဖြတ်ချက်တစ်ခုအား ချမှတ်ရန်ကြိုးစားနေသည့်အချိန်တွင် သတင်းအချက်အလက်များစုဆောင်းပြီး တစ်ဖက် ဖက်ကိုရွေးချယ်ရမည့်အစား၊ ကျွနု်ပ်တို့တွင် အခြားဆုံး ဖြတ်ချက်တစ်ခုကို ရွေးချယ်လိုသည့် သဘာဝရှိကြပြီး ထို(အခြား)ဆုံးဖြတ်ချက်ကို အထောက်အကူပြုမည့် အ ချက်အလက်များ စုဆောင်းရန် ကြိုးစားလေ့ရှိသည်။ (ထို အပြုအမူကို Confirmation bias ဟုခေါ်သည်)။ ထို Confirmation bias အား အနိုင်ယူနိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ သင်ရောက်ရှိနေသည့် အခြေအနေအား မ တူညီသောရှုထောင့်မှ အမြင်မျိုးစုံဖြင့် ကြည့်ရှုသုံးသပ်သူ များ၏ ပြင်ပထင်မြင်ချက်နှင့် အကြံဉာဏ်များ ရှာဖွေရယူ ခြင်းဖြစ်သည်။ ယင်းတို့၏အမြင်များက သင့်ရွေးချယ်စရာများအား ပိုမိုမှန်ကန်စွာချိန်ဆစေနိုင်မည်ဖြစ်ပြီး၊ သင်ဆုံးဖြတ်လိုသည့် အကြောင်းအရာနှင့် ကျိုးကြောင်း ဆက်စပ်မှုမရှိသောဆန္ဒများအားလည်း ထင်ရှားစွာ တွေ့ မြင်လာစေမည်ဖြစ်သည်။

အောင်မြင်သူတို့သည် ယခင်ဆုံးဖြတ်ချက်များအား ပြန်လှန်ဆင် ခြင်သုံးသပ်ကြသည်။
ဆုံးဖြတ်ချက်ချမှတ်ခြင်း၏ ရှုပ်ထွေးသည့် သဘာဝကို Mark Twain က “ဆုံးဖြတ်ချက်ကောင်းများကို အတွေ့ အကြုံမှ ရရှိသည်။ သို့သော် အတွေ့အကြုံများကို မှား ယွင်းသည့် ဆုံးဖြတ်ချက်များမှရရှိသည်”ဟု ရှင်းပြခဲ့ သည်။ ဆုံးဖြတ်ချက်ကောင်းစွာချတတ်သူတစ်ဦးဖြစ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ၊ အမှားများစွာပြုလုပ်ရန် လိုအပ်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ချမှတ်ခဲ့ပြီးသော ဆုံးဖြတ်ချက်များကို စိတ်ထဲတွင် ဦးစွာမှတ်သားထားရန် ဖြစ်သည်။ အောင်မြင်သူတို့သည် လွန်ခဲ့ပြီးသော ဆုံး ဖြတ်ချက်များအား အလားတူ အခြေအနေမျိုးကြုံတွေ့ရ သည့် အချိန်များတွင် အကျိုးရှိစွာ ပြန်လည်သတိရ အ သုံးပြုလောက်အောင် သတိရှိကြသူများ ဖြစ်သည်။

အကြောင်းအရာအားလုံးကို စုစည်းလိုက်သော်…
ရက်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ် သော နောက်ဆက်တွဲအကျိုးဆက်ဖြစ်ရပ်များဖြင့် ကြီး မြတ်သည့် ဆုံးဖြတ်ချက်များချမှတ်ခြင်းသည် အစွမ်းကုန် အသုံးချခဲ့ရသော သင့်အချိန်များ၊ စွမ်းအားများနှင့် တူညီ စွာထိုက်တန်သည့် ကြိုးစားအားထုတ်မှုတစ်ခု ဖြစ်လာပေမည်။