အောင်မြင်တဲ့ ကလေးကစားစရာလုပ်ငန်း တည်ထောင်သူ Nick Mowbray

တက်သစ်စစွန့်ဦးထွင်လုပ်ငန်းရှင်ကလေး နစ်မိုးဘရေး (Nick Mowbray) ဟာ တရုတ်ပြည်မှာ ကလေးကစားစရာလုပ်ငန်းတည်ထောင်ဖို့ကြိုးစားနေတုန်း နှစ်အနည်းငယ်အကြာမှာ အမေရိကန်နိုင်ငံမှ ဧရာမလက်လီအရောင်းလုပ်ငန်းကုမ္ပဏီကြီး Walmart က သူ့လုပ်ငန်းကို စိတ်ဝင်စားသွားပါတယ်။

ဟောင်ကောင်ရှိနစ်ခ်ရဲ့လုပ်ငန်း Zuru ကိုအဲဒီ ကုမ္ပဏီအရာရှိကြီးတွေက လာကြည့်ခွင့်တောင်းတော့သူက လိပ်စာပို့ပေးလိုက်တယ်။ သူတို့ရောက်မလာခင်သူ အရောင်းပြခန်းဖွင့်ထားဖို့ပြင်ဆင်ရတယ်။ ”နောက်နေ့ကျတော့ ကျွန်တော်ဟောင်ကောင်ကို တရုတ်ပြည်မကြီးကနေ ရထားစီးသွားပြီး အကူအညီလိုက်ရှာရတယ်” လို့ ယခုအသက် ၃၄ နှစ်ရှိ နစ်ခ်က ပြောတယ်။ နယူးဇီလန်နိုင်ငံသားညီနောင်ဖြစ်တဲ့ နစ်ခ်နဲ့မက်တို့ဟာ ၂၀၀၃ ခုနှစ် Zuru ကိုတည်ထောင်ကာ ရှေ့ဦးပိုင်းနှစ်တွေအတွင်း အတွေ့အကြုံတွေရယူပြီး လုပ်ကိုင်သွားကြပုံကို Walmart က အထူးစိတ်ဝင်စားခဲ့တာပါ။ ယခုအခါ သူတို့ ညီမအင်နာနဲ့ပါလက်တွဲပြီး လုပ်ကိုင်နေတဲ့ Zuru ကုမ္ပဏီမှာ ဝန် ထမ်း ၅၀၀၀ ဦးရှိပြီး ၂၀၁၉ နှစ်ကုန်ချိန်မှာ ဒေါ်လာ ၄၆၀ သန်းဖိုးရောင်းရဖို့ မျော်လင့်ထားကြသတဲ့။ Zuru အောင်မြင်မှုကြောင့်သူတို့ဟာ နယူးဇီလန်မှာအချမ်း သာဆုံးမိသားစုတစ်စုဖြစ်နေပါတယ်။

သူတို့ညီအစ်ကိုဟာ ကျောင်းသားအရွယ်ကတည်းက စီးပွားရှာတတ်ခဲ့တယ်။ မက်က ကိုကာကိုလာဗူးနဲ့ ပလတ်စတစ်အိတ်သုံးပြီး မီးပုံးပျံအသေးစားလေးတွေလုပ်ကာ တစ်အိမ်တက်ဆင်းလိုက်ရောင်းချတယ်။ သူတို့ ညီနောင်ဟာ ဒီလုပ်ငန်းကို ပိုအလေးထားကြပြီး နယူးဇီလန်နိုင်ငံမြောက်ပိုင်းက ကျေးလက်ဒေသကျွန်းပေါ်ရှိမိဘ ပိုင်နို့စားနွားခြံမှာ စက်ရုံငယ်လေးတည်ထောင်ဖွင့် လှစ်လုပ်ကိုင်ကြတယ်။

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader, Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု

”မိဘတွေကို စက်ရုံငှားခအဖြစ် ကျွန်တော်တို့က နို့ညှစ်ပေးရပြီး မှော်ပင်တွေဆေးဖျန်းပေးရတယ်” လို့ နစ်ခ်ကပြောတယ်။ အဲဒီအချိန်က သူဟာ ဥပဒေဘွဲ့ကြိုကျောင်းသားဖြစ်ပြီး ကျောင်းတက်ရင်းကူညီတယ်။ သူ့အစ်ကိုမက်က ဘွဲ့မရခင် ကျောင်းထွက်ပြီး ကစားစရာလုပ်ငန်းကို အချိန်ပြည့်ဇောက်ချလုပ်ကိုင်တယ်။ လုပ်ငန်းအရှိန်မတက်သေးပေမယ့် တစ်နေ့မှာ သူတို့ညီနောင်က ဆုံးဖြတ်ချက်တစ်ခုချကြတယ်။ အဲဒါက တရုတ်ပြည်မှာ ကစားစရာလုပ်ငန်းသွားလုပ်ကြဖို့ပဲ။ အဲဒါနဲ့နစ်က ၁၈ နှစ်အရွယ်မှာကျောင်းထွက်ပြီး ၂၂ နှစ်ရှိ သူ့အစ်ကိုမက်နဲ့အတူ ဟောင်ကောင်ကို လေယာဉ်စီးသွားကြတယ်။ အင်တာနက်ကတဆင့် လုပ်ငန်းလုပ်ဖို့ အဆက်အသွယ်တချို့ကို ရရှိပေမယ့် သူတို့မှာ ကိရိယာတန်ဆာပလာက သိပ်မပြည့်စုံသေးဘူး။ တရုတ်စကား လည်းမတတ်၊ စီးပွားရေးလုပ်ငန်းအထာလည်း မကျွမ်းကျင်ကြဘူး။

”ကျွန်တော်တို့က မနူးမနပ်ဖြစ်နေပြီး ကိုယ်ဘာသာဘာလုပ်နေမှန်းမသိခဲ့ကြဘူး” လို့ နစ်ခ်က ပြောပါတယ်။ သူတို့မိဘတွေဆီက ဒေါ်လာနှစ်သောင်း ချေးပြီးမို (Mould) သွင်းတဲ့စက်ကြီးတစ်လုံးဝယ်ယူကာ တရုတ် ပြည် ကွမ်ကျိုးပြည်နယ်မှာ စက်ရုံကလေးတည်ထောင်တယ်။ ပြီးတော့ Zuru ကုမ္ပဏီဟာ လုပ်ငန်းစတင်လည် ပတ်တယ်။ နောက်ပိုင်းနှစ်တွေက ဝင်ငွေသိပ်မကောင်းသေးဘဲ ကသောင်းကနင်း ဖြစ်နေခဲ့တယ်။ ကစားစရာ တွေကို အင်တာနက်က ပုံတူကူးထုတ်လုပ်ရောင်းချကြ တာမို့ သူတို့အတွေ့အကြုံနည်းပါးမှုကို ဖော်ထုတ်တဲ့ လွဲချော်မှုတွေဆက်တိုက်လုပ်ခဲ့မိကြောင်း နစ်ခ်က ပြန်ပြောပြတယ်။

”ဉာဏပစ္စည်းမူပိုင်ခွင့်တွေကို ကျွန်တော်တို့ချိုးဖောက်မိတယ်။ အဲဒီဟာကိုလည်းမသိဘူး။ မူပိုင်ခွင့် မှတ်ပုံတင်တာလည်း မသိဘူး” လို့ နစ်ခ်ကပြောပြပါတယ်။ ပစ္စည်းအသစ်တွေနဲ့ စိတ်ကူးအသစ်တွေ ထုတ်လုပ်ပြီး အဟောင်းတွေကို ပြန်သိမ်းကြတယ်။ နစ်ခ်ဟာ တစ်ညလုံးမအိပ်ဘဲ ကမ္ဘာတစ်လွှားက လက်လီလုပ်ငန်းရှင်တွေနဲ့ ဖုန်းပြောကာဖောက်သည်ရှာခဲ့ရတယ်။ နောက်ပိုင်း Walmart နဲ့ ဆက်သွယ်မိမှုကြောင့် ဟောင်ကောင်မှာ အရောင်းပြခန်းငယ်လေး လျင်မြန်စွာဖွင့်လှစ်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ အရောင်းပြခန်းလေးဟာ သမားရိုးကျ ကစားစရာအရောင်းပြခန်းတွေရဲ့ ခြေဖျားတောင်မမီသေးမှန်း သူတို့သိတယ်။ ကြီးမားကျယ်ဝန်းတဲ့ ဆိုင်ခန်းတွေဟာ ဒီလုပ်ငန်းမှာ အဓိကကျကြောင်း နောင်အခါမှသူတို့ သိခဲ့ရတယ်။ ဟောင်ကောင်နဲ့တရုတ်ပြည်မှာ တစ်လှည့်စီနေထိုင်တဲ့ နစ်ခ်အတွက် အဲဒီပြခန်းဟာ သူ့ရဲ့အိမ်လို ဖြစ်လာတယ်။

”ကျွန်တော်က ရုံးခန်းထဲက စားပွဲအောက်မှာ မွေ့ရာလေးခင်းအိပ်တယ်။ အများသုံးသန့်စင်ခန်းတွေမှာ ကိုယ်လက်သန့်စင်တယ်” လို့ သူကပြောတယ်။ သူအိပ်ရာက မနိုးခင်ဖောက်သည်ဖြစ်နိုင်သူတစ်ဦး သူ့ပြခန်းကို ရောက်လာတော့ သူကစားပွဲအောက်မှာပဲငြိမ်ငြိမ်လေး နေခဲ့ရဖူးသတဲ့။ Zuru က ဝင်ငွေရပေမယ့် ပစ္စည်းတွေက သိပ်မကောင်းသေးဘူး။ အရုပ်တွေ ထပ်ပြီးမှာယူတာတွေ ကနည်းပါးတယ်။ ဒါပေမဲ့ ဝင်ငွေမရပ်စဲတာ တော်သေး တယ်။ ၂၀၀၅ ခုနှစ်မှာ အစ်မဖြစ်သူအင်နာလည်း သူနဲ့ လာလက်တွဲတယ်။

”ကျွန်တော်တို့ ငွေဆုံးရှုံးတဲ့လတစ်လရှိခဲ့ဖူးတယ်။ နောက်နောင် ဒါမျိုးမဖြစ်စေရဘူးလို့ မောင်နှမသုံး ယောက်ပြောခဲ့ကြတယ်” နောက်ထပ်ငါးနှစ်ကြာမှ စက်ရုပ် ငါးလေးတစ်ကောင်က သူတို့ကို အကြီးအကျယ်အောင်မြင်သွားစေတယ်။ တရုတ်လူမျိုးတီထွင်သူတစ်ဦးရဲ့ ရေကူးတတ်တဲ့ ပလတ်စတစ်စက်ရုပ်ငါး Robo Fish ကို Zuru က ထုတ်လုပ်ပေးရာ တစ်နှစ်အတွင်း ဒေါ်လာ သန်းတစ်ရာဖိုး ရောင်းရတယ်။ ”အဲဒီငါးရုပ်ကို လက်လီ ဆိုင်တိုင်းက တင်ရောင်းပေးကြတယ်။ လိုချင်ကြတယ်။

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader, Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု

ကျွန်တော်တို့ အကြီးအကျယ်အောင်မြင်ပြီး အရှိန်ရခဲ့တယ်”လို့ သူကပြန်ပြောင်းပြောပြတယ်။ သူတို့လုပ်ငန်း အရှိန်အဟုန်မြင့်လာလို့ တရုတ်ပြည်မှာ ဝန်ထမ်းတွေ လုပ်သားတွေ ပိုငှားရမ်းပြီး ဘယ်လိုအရုပ်တွေ ရေပန်းစားသလဲစောင့်ကြည့်ကာ ပိုကောင်းတဲ့ ဒီဇိုင်းဖြင့် ပိုကောင်းတဲ့ အရုပ်လုပ်နည်းတွေကို လေ့လာကြတယ်။

ယခုအခါ Zuru ရဲ့ အရုပ်တွေကို နိုင်ငံပေါင်း ၁၂၀ မှာ ရောင်းချပေမယ့် အမြတ်ငွေပမာဏကိုတော့ မကြေညာပါဘူး။ ကမ္ဘာမှာ အမြတ်ငွေအများဆုံးရတဲ့ အရုပ်ကုမ္ပဏီတစ်ခုပါပဲလို့ နစ်ခ်က ပြောပါတယ်။ လုပ် ငန်းသက်တမ်းနုစဉ်တုန်းက ရင်ဆိုင်ခဲ့ရတဲ့ ဉာဏပစ္စည်း မူပိုင်ခွင့်ပြဿနာတွေက မပြီးသေးဘူး။ ကမ္ဘာကျော် ဒိန်းမတ်ကစားစရာလုပ်ငန်းကြီး LEGO က သူတို့ရဲ့ အရုပ်ဒီဇိုင်းတွေကို Zuru က ခိုးချတယ်လို့ စွပ်စွဲထား တယ်။

”ကျွန်တော်တို့ အရုပ်တွေက LEGO အရုပ်တွေ နဲ့ လုံးဝမတူပါဘူးဗျာ။ သူတို့အရုပ်တွေကို ခိုးမချပါဘူး။ LEGO က အရုပ်ဈေးကွက်ကို လက်ဝါးကြီး အုပ်ချင်လို့ တရားစွဲဖို့ကြံစည်တယ်” လို့ နစ်ခ်ကပြောတယ်။

ယခုအခါ Zuru ရဲ့ ကမ္ဘာတစ်ဝန်းက ရုံးနဲ့စက်ရုံတွေမှာ အမှုထမ်းဦးရေ ငါးထာင်ခန့်ထားပြီး ရုံးချုပ်က ဟောင်ကောင်မှာရှိတယ်။

မက် ၃၈ နှစ် နဲ့ အင်နာ ၃၆ နှစ် တို့က အဲဒီမှာ နေထိုင်ပြီး မက်ကတွဲဖက် စီအီးအို၊ အင်နာက တွဲဖက် စီအီးအို တာဝန်ယူထားကြတယ်။ မိဘတွေဆီက ငွေချေး ပြီးနောက်ပိုင်းမှာသူတို့တခြား ဘယ်ကမှငွေမချေးခဲ့ဘူး။

”အာရှမှာ သူတို့အခြေစိုက်ခြင်းအားဖြင့် အစကတည်းက သူတို့ဟာ ကမ္ဘာအနှံ့ခြေဆန့်ဖို့လိုအပ်မှန်း သဘောပေါက်ခဲ့တယ်”လို့ လက်လီလုပ်ငန်း အတိုင်ပင်ခံအုပ်စု First Retail Group ရဲ့ ဦးဆောင်ညွှန်ကြားရေး မှူး ခရစ္စဝီလ် ကင်ဆန်က ပြောပါတယ်။

”နစ်ခ်တို့ မောင်နှမသုံးယောက်ရဲ့ စိတ်ပြတ်သားမှုကို ကျွန်တော်တို့ မလေးစားဘဲနေလို့မရဘူးဗျ”လို့ ခရစ္စကဖြည့်စွက်ပြောပါတယ်။

”Zuru လုပ်ငန်းလုပ်ခါစက ဟောင်ကောင်မှာ ခြိုးခြံချွေတာစွာနေထိုင်ရင်း ကုန်ပစ္စည်းတွေတီထွင်ထုတ် လုပ်တာ၊ ကြော်ငြာတာတွေဟာ အကောင်းဆုံးစွန့်ဦးတီထွင်မှု တစ်မျိုးပါပဲ”တဲ့။

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader, Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု

ယခုအခါအောက်ခ်ကလန်မြို့မှာ အနေများတဲ့ နစ်ခ်ဟာ သူတို့မောင်နှမတွေ ဒေါ်လာ ၂၁.၄ သန်းဖြင့် စုပြီးဝယ်ယူခဲ့တဲ့ ကျေးလက်ဒေသအပန်းဖြေဂေဟာမှာလည်း အနားယူလေ့ရှိတယ်။ အောက်ခ်ကလန်မြို့ ပြင် ဘက်ရှိအဲဒီခြံကျယ်ကြီးဟာ ယခင်ကအင်တာနက်စွန့်ဦးတီထွင်လုပ်ငန်းရှင် Kim Dotcom ရဲ့အိမ်ဖြစ်တယ်။ သူတို့မိသားစုဟာ နယူးဇီလန်ကအချမ်းသာဆုံးမိသားစု စာရင်းမှာပါဝင်ပြီး NBR ရဲ့အဆိုအရ နယူးဇီလန် ဒေါ်လာ သုံးဘီလီယံဖိုး ချမ်းသာပါတယ်။ ၂၀၁၈ မှာ နစ်ခ်ဟာ အိမ်ပြန်လာပြီး သူရဲ့အကြီးမားဆုံးစိန်ခေါ်မှုကို ရင်ဆိုင်တယ်။ အဲဒါကသူအသက် ၂၀ ကျော် ၊ ၂၅ နှစ် လောက်က ခံစားခဲ့ရတဲ့ခရွန်း (Crohn’s) ရောဂါကိုကုသဖို့ ဖြစ်ပြီး အဲဒီနှစ်အတွင်း သူ့ရဲ့အူမကြီးကို ဖြတ်ထုတ်ဖို့ သုံးကြိမ်ခွဲစိတ်မှု ခံယူခဲ့တယ်။ သူဟာ ဆယ်နှစ်နီးပါး ဝေဒနာခံစားခဲ့ပြီး နောက်ဆုံးရွေးချယ်မှုကို လုပ်ခဲ့ခြင်းဖြစ် တယ်။ အဲဒါကြောင့် သူ့စွမ်းအင်ကုန်ခမ်းပြီး ကိုယ်အလေး ချိန် ၂၀ ကီလိုဂရမ်ခန့် လျော့သွားခဲ့တယ်။ လုပ်ငန်းတစ် ခု တည်ထောင်ရာမှာ ခံစားရတဲ့စိတ်ဖိစီးမှုကြောင့် မိမိရောဂါကပိုဆိုးကြောင်း နစ်ခ်က ပြန်သုံးသပ်ပြတယ်။

”ကျွန်တော့်ရောဂါကြောင့် မျက်ခုံးမွေးနဲ့ ဆံပင်စတဲ့ အမွေးအမှင်အားလုံး ကျွတ်ကုန်တယ်။ ကျွန်တော်လှုပ်ရှားသွားလာလို့တောင် မရချင်ဘူး။ အဲဒီတော့ ခွဲစိတ်မှုမလုပ် လို့မဖြစ်ဘူး။

အူသိမ်ဖြင့် အစာအိမ်အသစ် ဖန်တီးပေးခဲ့ရတယ်ဆိုတဲ့အဲဒီခွဲစိပ်ကုသမှုတွေဟာ အသွင်ပြောင်းလဲမှုဆန်တယ်လို့ဆိုတယ်။ ခွဲစိပ်ပြီးနောက်ပိုင်း သူဟာ စီမံကိန်းအသစ်တွေစတင်ဖို့ စွမ်းအင်ပြန်ရလာတယ်။ တစ်ခါသုံး ကလေးအနှီးတွေ၊ အိမ်မွေးတိရစ္ဆာန် အစားအစာတွေနဲ့ ဆံပင်ထိန်းသိမ်းမှု ပစ္စည်းစတဲ့ လူသုံးကုန်စည်တွေကို ဇောင်းပေးတဲ့လုပ်ငန်း Zuru Edge ကို သူတည်ထောင်မိတ်ဆက်ပြီး ကမ္ဘာတစ်ဝန်း ဖြန့်ချိရောင်းချနေပြီဖြစ်ရုံမက တခြားကုန်ပစ္စည်းတွေလည်း ဆက်လက် ထုတ်လုပ်သွား ဦးမယ်လို့ သိရပါတယ်။

Ref: BBC, How a university dropout built a toy empire ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုသည်။

နိုင်သီဟ