အိမ်မှာ ထိထိရောက်ရောက် ဘယ်လိုအလုပ်လုပ်ကြမလဲ

၁။ အိမ်မှာ အလုပ်လုပ်မယ်ဆိုရင် အဝတ်အစားကို ပြီးစလွယ် မဝတ်ဆင်ပါနဲ့။

အိမ်မှာအလုပ်လုပ်ကြပြီဆိုရင် လူတိုင်းလည်း ကြုံဖူးကြမှာပါ။ ညဝတ်၊ အိမ်နေဝတ်တွေနဲ့ အလုပ်လုပ်တဲ့အခါမှာ ထင်သလောက် အလုပ်မပြီးတာကို တွေ့ကြရပါလိမ့်မယ်။
သေသေသပ်သပ် ရုံးသွားသလို ဝတ်ဆင်ပြီးမှ အလုပ်လုပ်တာက ထင်ထားတာထက် ပိုပြီး အလုပ်လုပ်ဖို့ Mindset ကအစ အဆင်သင့်ဖြစ်ပြီး အလုပ်ပြီးတာကို တွေ့ရပါလိမ့်မယ်။

၂။ ကိုယ့်ရဲ့အချိန်ကို စည်းကမ်းရှိစွာ စီမံခန့်ခွဲရပါမယ်။

အိမ်ကနေ အလုပ်လုပ်ကြပြီဆိုရင် အများစုက ကိုယ်အဆင်ပြေတဲ့အချိန်ကို ထပြီး အလုပ်လုပ်တတ်ကြပါတယ်။
အလုပ်လုပ်မယ်ဆိုရင် အချိန်ကို သေချာသတ်မှတ်ပြီး လုပ်သင့်ပါတယ်။
အလုပ်လုပ်ဖို့ အချိန်ကို ၃ နာရီလို့ သတ်မှတ်ထားရင် အဲဒီ ၃ နာရီအတွင်းမှာ ဘယ်သူမှ နှောင့်ယှက်လို့ မရအောင် အိမ်ကလူတွေကိုလည်း ကြိုတင်ပြောထားသင့်ပါတယ်။

၃။ကိုယ့်ရဲ့ အလုပ်လုပ်တဲ့နေရာကို သီးသန့်ထားပါ။
ကိုယ့်ရဲ့ Working Space က ထိုင်လိုက်တာနဲ့ အလုပ်လုပ်ရမယ်ဆိုတာ ချက်ချင်းသိရတာမျိုး ဖြစ်စေရပါမယ်။ အလုပ်နေရာမှာ အစားအသောက်စားတာမျိုး၊ ဂိမ်းကစားတာမျိုး၊ တခြား ဖျော်ဖြေရေးတွေမကြည့်ဘဲနဲ့ ဒီနေရာက အလုပ်လုပ်မယ့်နေရာမျိုးဆိုပြီး သေချာသတ်မှတ်ထားရပါမယ်။

၄။ ပုံမှန် အားလပ်ချိန်ယူပါ။

သင်ဟာ အိမ်မှာအလုပ်လုပ်ပြီး Result တစ်ခုထွက်ဖို့ ကြိုးစားနေသူတစ်ယောက်ဆိုရင် “ဦးနှောက်ကို အနားပေးဖို့” ကလည်း အလွန်ကို အရေးကြီးပါတယ်။ သုတေသီတွေရဲ့ လေ့လာချက်အရဆိုရင် ၅၂ မိနစ်ခန့် ကြာမြင့်စွာ အလုပ်လုပ်ပြီး ၁၇ မိနစ် အနားယူသင့်ကြောင်း တွေ့ ရှိရပါတယ်။

၅။ အဆက်အသွယ်မပြတ်ပါစေနှင့်။

ကြာရှည်စွာ တစ်ယောက်တည်းနေခြင်းဟာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်၊ တက်ကြွမှုကို လျော့ကျသွားစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်၊ ဖောက်သည်တွေနဲ့ Online ကနေဖြစ်ဖြစ် ဆက်သွယ်နေဖို့လည်း လိုအပ်ပါတယ်။

Ref: Harvard Business Review