အိန္ဒိယမှအသက် ၂၅ နှစ်အရွယ် ဘီလျံနာဟိုတယ်လုပ်ငန်းရှင် Ritesh Agarwal

၂၀၁၉ ခုနှစ်အတွင်း Bloomberg က ထုတ်ပြန်တဲ့ ကမ္ဘာ့ကဏ္ဍအစုံက လွှမ်းမိုးမှုအရှိဆုံးလူသား ၅၀ စာရင်းမှာ The Amazingly Ambitious Hotelier အဖြစ်တင်စားခံရတဲ့ အိန္ဒိယကဟိုတယ်လုပ်ငန်းတစ်ခု – OYO (Oyo Rooms) ကိုတည်ထောင်သူ Ritesh Agarwal အကြောင်းကို မိတ်ဆက်ပေးလိုက်ရပါတယ်။ ၂၀၁၃ ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တဲ့ ဒီကုမ္ပဏီဟာ အခုဆိုရင်ကမ္ဘာ့တတိယမြောက်အကြီးဆုံးနဲ့ ကြီးထွားမှုနှုန်းအမြန်ဆုံး Hospitality Chain ဖြစ်နေပါပြီ။

ရီတက်(ရှ်)အဂါဝါး(လ်)ဟာ ခြောက်နှစ်တာအတွင်းမှာ ဘွဲ့မရတဲ့ကောလိပ်ကျောင်းသားဟောင်းဘဝမှ အိန္ဒိယနိုင်ငံကအသက်အငယ်ဆုံးဘီလီယံနာတစ်ဦးဘ၀ ရောက်ရှိလာခဲ့ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီရဲ့အပြင်ဘက်နားက ဂါဂွန်းမြို့မှာ OYO ဆိုတဲ့ ဈေးချိုတဲ့ကွင်းဆက်ဟိုတယ်လုပ်ငန်းကို အသက် ၁၉ နှစ်အရွယ်က စတင်တည်ဆောက်လုပ်ကိုင်ပြီး ယခုအသက် ၂၅ နှစ် အရွယ်မှာ ကမ္ဘာတစ်ဝန်းဟိုတယ်တွေ ဖွင့်လှစ်ထားရုံမက အမေရိကန်နိုင်ငံမှာပါ တိုးချဲ့ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပါတယ်။ အိန္ဒိယမှာ OYO ဟိုတယ်အလုံးပေါင်း ၁၈,၀၀၀ ရှိပြီး တရုတ်ပြည်က မြို့ပေါင်း ၃၃၈ မြို့မှာဟိုတယ်အလုံး ပေါင်း ၁၃,၀၀၀ နီးပါးရှိပါတယ်။ ဒါ့အပြင် ဗြိတိန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ယူအေအီးနိုင်ငံတွေမှာလည်း သူ့ဟိုတယ်တွေရှိသေးတယ်။ ရီထက်(ရှ်)မျက်စိကျနေတဲ့ ဈေးကွက်အသစ်က အမေရိကန်နိုင်ငံဖြစ်ပါတယ်။ ”အမေရိကန်နိုင်ငံဟာ အကြီးမားဆုံး ဟိုတယ်ဈေးကွက်ကြီးတစ်ခုဖြစ်တယ်။ နိုင်ငံတကာခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးတယ်။ ဒါကြောင့်ကျွန်တော်တို့အတွက် ကြီးမားနတဲ့အခွင့်အလမ်းဖြစ်တယ်”လို့သူကပြောပါတယ်။

အမေရိကန် နိုင်ငံတစ်ဝန်းမှာ OYO ဟိုတယ် အလုံးပေါင်း ၂၀၀ ရှိနေပြီဖြစ်ပေမဲ့ သူကထပ်တိုးချင်သေးတယ်။ ၂၀၁၉ သြဂုတ်လ နီဗားဒါးပြည်နယ်၊ လာ့(စ်)ဗေးဂါ့(စ်)မြို့က Hooters ဟိုတယ်ကို ဝယ်ယူပြီး OYO Hotel & Casino (Las Vegas) လို့ နာမည်ပြောင်းခဲ့တယ်။ အမှန်တော့ OYO ကုမ္ပဏီပိုင်တဲ့ဟိုတယ်က နှစ် လုံးပဲရှိပြီး ကျန်တဲ့ဟိုတယ်တွေက ဖရန်ချိုက်(စ်)လုပ်ငန်း ဒါမှမဟုတ်မူလပိုင်ရှင်ဆီက ငှားရမ်းထားတာပါ။

OYO စီမံခန့်ခွဲမှုတူညီတဲ့ဝန်ဆောင်မှု မြင့်မားတဲ့အခန်းပြည့်မှုနှုန်း အာမခံချက်နဲ့နာမည်ကောင်း လက်မှတ်ရစေရေးတို့ကို ဖြည့်ဆည်းပေးပြီး ၎င်းရဲ့စီးပွားဖက်တွေက ဟိုတယ်ကို ဆက်လက်ပိုင်ဆိုင်တဲ့အဖွဲ့ဝင်တွေဖြစ်ပါတယ်။ OYO က အဲဒီအဖွဲ့ဝင်တွေကို ဟိုတယ်အမြတ်ငွေရာခိုင်နှုန်းတစ်ခုကို ၎င်းရဲ့ဝန်ဆောင်ခအဖြစ်ရယူပြီး ၎င်းရဲ့အွန်လိုင်းစာရင်းကွန်ရက်မှာ ထည့်သွင်းခလည်း သီးခြားယူပါတယ်။ ဟိုတယ်တိုင်းရဲ့မျက်နှာစာမှာ OYO လိုဂိုကို ထင်ရှားစွာဖော်ပြထားပြီး အခန်းခတွေက တစ်ညအတွက် ၁၅ ဒေါ်လာမှ ၁၅၀ ဒေါ်လာအထိရှိပါတယ်။ ကမ္ဘာ့ပျမ်းမျဟိုတယ်အခန်းခကတစ်ညကို ဒေါ်လာ ၃၀ ရှိပါတယ်။

ကြီးမားတဲ့စိတ်ကူးရှိတဲ့ဘွဲ့မရကျောင်းသားလေး…
OYO ဟာ ၂၀၁၂ ခုနှစ်က ဈေးချိုတဲ့ ဟိုတယ်စာရင်းတွေ စုစည်းဖော်ပြတဲ့ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်း Oravel Travel အဖြစ်စတင်မွေးဖွားခဲ့တာပါ။ ”အဲဒါက Airbnb ရဲ့ စိတ်ကူးနဲ့ဆင်တယ်”လို့ Venture Partners ဆိုတဲ့ Venture Capital လုပ်ငန်းမှ တွဲဖက်ဘီဂျူးဆိုဖီးယားကပြောတယ်။ ဘီဂျူးဟာ ၂၀၁၃ခုနှစ်က ရီတက်(ရှ်) Thiel Fellowship ဆုရရှိပြီးနောက်မှ တွေ့ဆုံခဲ့ပါတယ်။

မိမိတို့ရဲ့ တီထွင်ဆန်းသစ်တဲ့ စီးပွားရေးစိတ်ကူးစိတ်သန်း အကောင်အထည်ဖော်လိုသူ၊ ဘွဲ့မရဘဲ ကျောင်းထွက်တဲ့ စွန့်ဦးထွင်လူငယ်တွေကို ဒေါ်လာ ၁၀၀,၀၀၀ တန်နှစ်နှစ်ကြာပညာသင်ဆုပေးတဲ့ အဲဒီ Theil Fellowship ကို Pay Pal တည်ထောင်သူ ပီတာသီး(လ်)က တီထွင်ဖန်တီးခဲ့တာဖြစ်တယ်။

”အိန္ဒိယစွန့်ဦးထွင်သူတွေအဲဒီဆုရတာ ခပ်ရှားရှားမို့ရီတက်(ရှ်)ကိုကျွန်တော်တို့သတိထားမိလိုက်တယ်”လို့ ဘီဂျူးကပြောပြီး ဟိုတယ်တွေကိုတပြေးညီ ‘စံ’တစ်ခုသတ်မှတ်၊ အခန်းတွေကိုအဆင့်မြှင့်တင်ကာ တူညီတဲ့ တံဆိပ်ခတ်နှိပ်ပေးရင် ပိုကောင်းမယ်လို့ရီတက်(ရှ်) ကို အကြံပေးခဲ့ပါတယ်။ အဲဒီတော့ရီတက်(ရှ်)က ၂၀၁၃ ခုနှစ် ကသူတိတ်တဆိတ်စတင်ခဲ့တဲ့လုပ်ငန်းခွဲ OYO Rooms အကြောင်း ဘီဂျူးကိုပြောပြလိုက်တယ်။ On Your Own ရဲ့အတိုကောက်ဖြစ်တဲ့ OYO ဟာ မူလကအခမဲ့ ဝိုင်ဖိုင်သုံးခွင့်၊ မှန်ပြားတီဗွီ၊ အကောင်းစား အိပ်ခန်းအသုံးအ ဆောင်နဲ့နာမည်ကျော်တစ်ကိုယ်ရေသန့်စင်မှု ပစ္စည်းတွေလို ‘စံ’ချိန်မီသာယာအဆင်ပြေမှုတွေပါဝင်ပြီး ဈေးချိုတဲ့ ဟိုတယ်ခန်းစာရင်းကိုဖော်ပြတဲ့ ဝက်(ဘ်)ဆိုက် ဖြစ်တယ်။ ဘီဂျူးဟာ ရီတက်(ရှ်)စိတ်ကူးကိုလက်ခံပြီး Light Speed မတည်ငွေဒေါ်လာ ၆၀၉,၀၀၀ ထည့်ဝင်ကာ အစောဆုံးရင်းနှီးမြှုပ်နှံသူဖြစ်လာတယ်။

၂၀၁၆ ကျတော့ OYO က ရှိရင်းစွဲဟိုတယ်ခန်းတွေကို အဆင့်မြှင့်တင်တာ ပြန်ရောင်းချတာလုပ်မယ့်အစား ဟိုတယ်တွေအဖြစ်ပြောင်းလဲကာ အဖွဲ့ဝင်တွေကို ဖရန်ချိုက်(စ်)နဲ့နှစ်ရှည်ငှားရမ်းမှုတွေအဖြစ် စာချုပ်ချုပ်တယ်။ ယခုအခါ OYO ဟိုတယ်ပေါင်း ၃၅,၀၀၀ ကျော်ဟာ မြို့ပေါင်း ၈၀၀ မှာရှိပြီး တစ်ဝက်က အိန္ဒိယမှာရှိပါတယ်။ Softbank, Sequoia India Airbnb နဲ့ Greenoaks Capital တခြားရင်းနှီးမြှုပ်နှံသူတွေပါဝင်တဲ့ OYO ကုမ္ပဏီရဲ့တန်ဖိုးဟာ ယခုအခါ ဒေါ်လာ ၁၀ ဘီလီ ယံရှိပါတယ်။

ပြင်ပလောကကြီးရဲ့ ပုံသဏ္ဌာန်ဘယ်လိုရှိမှန်းကျွန်တော်မသိဘူး…
ရီတက်(ရှ်)ဟာ အိန္ဒိယနိုင်ငံ၊ အရှေ့ပိုင်းပြည်နယ်၊ အိုဒီ ရှားမှာကြီးပြင်းစဉ်က ရီတက်(ရှ်)ဘဝက ရိုးရှင်းပါတယ်။ ”ကျွန်တော်တို့မြို့ရဲ့လူဦးရေ ၇၀ ရာခိုင်နှုန်းကသိပ်ဆင်းရဲတယ်။ ကျွန်တော်ဘယ်တော့မှ မညည်းပါဘူး။ အပြင် လောကကြီး ဘယ်လိုပုံသဏ္ဌာန်ရှိမှန်း ကျွန်တော်ငယ်ငယ်က လုံးဝမသိဘူး”လို့သူကပြောတယ်။ စွန့်ဦးထွင် လုပ်ငန်းရှင်ဆန်ဆန် စိတ်ရှိတဲ့ရီတက်(ရှ်)ဟာ (၁၃) နှစ် အရွယ်က နွေရာသီမှာဖုန်းဆင်း(မ်)ကတ်တွေကို ဒေသတွင်းလိုက်လံရောင်းချတဲ့အလုပ်လုပ်တယ်။ သူ့မိဘတွေက မကြိုက်ဘူး။ ”ကျွန်တော့်အစ်ကိုတွေ အစ်မတွေက အင်ဂျင်နီယာပညာနဲ့စီးပွားရေးပညာသင်ကြတယ်။ ကျွန်တော့်မိဘတွေက ပညာရေးကိုဦးစားပေးလုပ်စေချင်တယ်။ ကျွန်တော့်မိသားစုထဲမှာကျွန်တော်က သိုးမည်းလေးပေါ့” လို့ပြောတဲ့ရီတက်(ရှ်)ဟာ ဆယ်တန်းအောင်တော့ တခြားမြို့ကိုပြောင်းကာ ပိုကောင်းတဲ့ကျောင်းတွေ တက်ပြီးနောက်ဆုံးမှာ အင်ဂျင်နီယာပညာဆည်းပူးတယ်။

သူကစနေ၊ တနင်္ဂနွေနေ့တိုင်း ဒေလီမြို့သွားပြီး စွန့်ဦးထွင်လုပ်ငန်းရှင်တွေနဲ့တွေ့ဖို့ Networking ပွဲတွေ တက်တယ်။ အဲဒီခရီးတိုလေးတွေမှာဈေးချိုပြီး သန့်ရှင်းတဲ့ ဟိုတယ်ခန်းနဲ့တည်းခိုခန်းတွေမရရှိလို့ မကြာခဏ သူစိတ်တိုလာပြီး Oravel Stays ဝက်(ဘ်)ဆိုက်ထောင်ဖို့ စိတ်ကူးရသွားတယ်။ ဒါပေမဲ့ အဲဒါကိုလွှင့်တင်တဲ့အခါ စွန့်စားမှုနည်းများလိုအပ်နေသလို သူအောက်မေ့တယ်။ ”စွန့်ဦးထွင်သူတစ်ဦးအနေနဲ့ ကိုယ့်စိတ်ကူးဟာ ကြီးကျယ် တာတစ်ခုခုဖြစ်လာမလား။ ဒါမှမဟုတ် တဖြည်းဖြည်း တိုးတက်လာမလားဆိုတာ အတွင်းစိတ်က သိနေတယ်။ ငုပ်နေတဲ့ထူးခြားကွဲပြားမှုက ပျောက်ကွယ်နေတယ်”လို့ သူကပြောပါတယ်။

သူဟာ အိန္ဒိယနိုင်ငံတစ်ဝန်း သုံးလကြာခရီးလှည့်ပြီး သူ့ရဲ့ Oravel ဖောက်သည်ဟောင်း တချို့ဆီမှာ အတူနေထိုင်ရင်း ဟိုတယ်လုပ်ငန်းကို လေ့လာတော့ ဈေးချိုတဲ့ ဟိုတယ်လေးတွေဖွင့်ဖို့ အခွင့်အလမ်းကိုတွေ့သွားတယ်။ ”အဲဒီလုပ်ငန်းကို ကျွန်တော်လုပ်ချင်တယ်။ မအောင်မြင်ခဲ့ရင် တက္ကသိုလ်ပြန်တက်မယ်”လို့ပြောပြီး ဂါဂွန်းမြို့မှာ ပထမဆုံး OYO ဟိုတယ်ကိုအငှားစနစ်ဖြင့် စတင်ဖွင့်လှစ်ခဲ့တယ်။ ”ရှေ့ပိုင်းလအနည်းငယ်အတွင်းမှာ ကျွန်တော်တို့ကနေ့တိုင်း ဟိုတယ်နှစ်လုံးစီလောက်ထပ်ဖွင့်သွားတယ်”လို့ သူကပြောတယ်။

ကြီးထွားလာသော ဝေဒနာများ…
OYO ကုမ္ပဏီဟာ ဈေးချိုတဲ့ဟိုတယ်တွေအပြင်အဆင့်မြင့်ဇိမ်ခံဟိုတယ်ဆန်တဲ့ OYO Townhouses နဲ့ ရက်ရှည် တည်းဖို့ OYO Home တို့ကိုပါ ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့တယ်။ ဒါပေမဲ OYO ဟာ မြန်ဆန်စွာတိုးတက်သလို စီးပွားရေးလုပ်ငန်းမူဝါဒတွေနဲ့ အရည်အသွေးထိန်းချုပ်မှုတို့အတွက် ဝေဖန်ရှုတ်ချခံရတယ်။ စဉ်ဆက်မပြတ် သန့်ရှင်းမှုမရှိတာ၊ ဝန်ထမ်းတွေက ဧည့်သည်တွေရဲ့ မကျေနပ်မှုကို လျင်မြန်စွာမဖြေရှင်းပေးတာတွေ့ပါတယ်။

”အတွေ့အကြုံနဲ့ပတ်သက်ရင် ပိုကောင်းအောင် လုပ်လို့ရပါတယ်။ စနစ်ကျတဲ့ပြောင်းလဲမှုတွေ ပေါ်ထွက်လာအောင် ဧည့်သည်တွေပြောတာကို ဝန်ထမ်းကနားထောင်ပြီး ပြုပြင်ပေးတဲ့လှုပ်ရှားမှုတွေလုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကွန်ရက်ဟိုတယ်အားလုံး ကောင်းမွန်တဲ့ ဝန်ဆောင်မှုစံချိန်စံညွှန်းဆက်ထိန်းသိမ်းထားအောင်လို့ အပြန်အလှန်စစ်ဆေးမှုများများလုပ်စေ ပါတယ်”လို့ရီးတက်(ရှ်)ကပြောပါတယ်။ OYO ဟိုတယ် တွေကိုအားပေးသူ ၉၀ ရာခိုင်နှုန်းဟာ ထပ်ခါထပ်ခါ ပြန် လာတည်းတဲ့ဖောက်သည်တွေနဲ့နှုတ်ဖြင့် ကောင်းသတင်းလွှတ်ပေးသူတွေဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

OYO ရဲ့ အဖွဲ့ဝင်ဟိုတယ်တွေက OYO ကုမ္ပဏီ ယူတဲ့ပွဲခတွေက များလွန်းကြောင်း၊ လက်ရှိအခန်းဈေးနှုန်း တွေလျော့ပြီးသား ဖြစ်ပါလျက်ထပ်လျော့ထားမယ်လို့ OYO ဝက်(ဘ်)ဆိုက်မှာ ကြေညာထားကြောင်း၊ တိုင် ကြားစာကို အိန္ဒိယဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်း ဖယ်ဒရေးရှင်းက ရီတက်(ရှ်)ဆီ ၂၀၁၈ ဒီဇင်ဘာလက အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။
OYO ရဲ့ အဖွဲ့ဝင်ဟိုတယ်တွေက OYO ကုမ္ပဏီ ယူတဲ့ပွဲခတွေကများလွန်းကြောင်း၊ လက်ရှိအခန်းဈေး နှုန်းတွေလျော့ပြီးသားဖြစ်ပါလျက် ထပ်လျော့ထားမယ် လို့ OYO ဝက်(ဘ်)ဆိုက်မှာကြေညာထားကြောင်း၊ တိုင်ကြားစာကိုအိန္ဒိယဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်း ဖယ်ဒရေးရှင်းကရီတက်(ရှ်)ဆီ ၂၀၁၈ ဒီဇင်ဘာလကအကြောင်းကြားစာပေးပို့ခဲ့ပါတယ်။