Samsung Galaxy Tab S မိတ်ဆက်ပွဲ
Samsung ကနေ မြန်မာနိုင်ငံဈေးကွက်ထဲကို အသစ်ဖြန့်ချိမယ့် Samsung Galaxy Tab S Product မိတ်ဆက်ပွဲကို ရန်ကုန်ရှိ Sule Shangri-La Hotel မှာ ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်က ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာတော့ Samsung မှတာဝန်ရှိသူများက Samsung Galaxy Tab S Product အကြောင်းကိုရှင်းလင်းပြောပြကြပြီး မော်ဒယ်သရုပ်ဆောင်များက Samsung Galaxy Tab S နဲ့အတူ သရုပ်ပြတင်ဆက်မှုတွေနဲ့ ကြော်ငြာခဲ့ပါတယ်။
Samsung Galaxy Tab S ဟာ အခုလက်ရှိအချိန်မှာ အပါးလွှာဆုံးနဲ့ အပေါ့ပါးဆုံး Tablet ဖြစ်ပြီး အဆင့်မြင့်ရုပ်ပုံဖေါ်ပြမှု နည်းပညာတွေနဲ့အတူ လက်တွေ့ဆန်သောဒီဇိုင်းများနဲ့ ပုံဖော်ထားပြီး လွယ်ကူလျင်မြန်စွာနဲ့ အလုပ်တွေကို တပြိုင်နက်လုပ်ဆောင်နိုင်စွမ်းရှိအောင် ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။ Samsung Galaxy Tab S ကို Samsung brand shop တွေမှာ ဇူလိုင်လအတွင်း စတင်ဝယ်ယူနိုင်တော့မှာဖြစ်တယ်လို့သိရပြီး ၁၀.၅ လက်မ Tab S ကို ၅၃၉,၀၀၀ ကျပ်ဝန်းကျင်၊ ၈.၄ လက်မ Tab S ကို ၄၅၆,၀၀၀ ကျပ်ဝန်းကျင် အသီးသီးနဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Tab S ဟာ Titanium Bronze နဲ့ Dazzling White ဆိုပြီး အရောင် ၂ မျိုးနဲ့ ရနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။