အသက်အရွယ်မရွေးအတွက် အကောင်းဆုံးအားကစားတစ်မျိုးရေကူးခြင်း

ရေကူးခြင်းကအမြဲလိုပဲ ခန္ဓာကိုယ်ရော၊ စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကျန်းမာစေမယ့် အားကစားတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ရေကူးခြင်းကဘာလို့အမြဲတမ်းအကောင်းဆုံးအားကစားတစ်မျိုး ဖြစ်နေတာလဲဆိုတာ နဲ့ပတ်သက်လို့ အဓိကအချက် ၅ ချက်နဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁ – စိတ်တည်ငြိမ်စေတယ်။

ရေနဲ့ထိတွေ့ခြင်းကဦးနှောက်ကိုအားကောင်းတဲ့ သက်ရောက်မှုရှိစေတယ်လို့ဆိုပါတယ်။ ရေထဲမှာအချိန်ကုန်ခြင်းကတရားထိုင်ခြင်းနဲ့နီးစပ်ပါတယ်။ ရေမကူးဘူးဆိုရင်တောင်မှ Floating Therapy လို လေ့ကျင့်ခန်းမျိုးကို ယူပြီးတော့ ခေတ်သစ်ကမ္ဘာရဲ့ တောင်းဆိုမှုအမျိုးမျိုးကြားကနေ အနားယူနိုင်ပါတယ်။

၂ – ရေကူးခြင်းက ဘေးထွက်ဆိုးကျိုးနည်းတယ်။

အနှေးပြေးခြင်းနဲ့ အခြားသောကြွက်သားအားသုံးရခြင်း လေ့ကျင့်ခန်းများနဲ့မတူဘဲ ဒီရေကူးအားကစားဟာ အရိုးတွေ၊ အဆစ်တွေနဲ့ ကြွက်သားတွေအပေါ်ကို ဖိအားမရှိစေပါဘူး။ ဒီအချက်တွေကောင့် ဒီအားကစားက အရွယ်မရွေး၊ အသက်မရွယ်လူတိုင်းနဲ့သင့်တော်ပေမဲ့ အသက်ကြီးသူတွေနဲ့ အဆစ်ရောင်ရောဂါရှိသူတွေအတွက် ပိုပြီးတော့အားသာချက်ရှိစေပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို မထိခိုက်စေဘဲနဲ့ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်လို့ရစေတဲ့တစ်ခုတည်းသော အားကစားနည်း ဖြစ်ပါတယ်။

၃ – သဘာဝတရားကြီးနဲ့ နီးစပ်မှုပိုရစေတယ်။

သဘာဝရေကန်၊ ပင်လယ်ကမ်းခြေတို့နဲ့ နီးစပ်နေထိုင်တဲ့သူတွေအတွက်ကတော့ အဲဒီရေတွေနဲ့ထိတွေ့ခွင့်ရတာက အားသာချက်တစ်ခုဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့နီးကပ်စွာနေထိုင်ခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာစေဖို့ပိုပြီးအထောက်အကူဖြစ်စေပါတယ်။ ရေကူးခြင်းအားဖြင့် ခန္ဓာကိုယ်အလေးချိန်ကျစေပြီး၊ စိတ်ဖိစီးမှုလျော့ကျစေကာ ခံစားမှုပိုင်းလည်း ပိုအားကောင်းလာစေပါတယ်။
ရေကူးတတ်ပြီဆိုတာနဲ့ ရေငုပ်ခြင်းနဲ့ရေလွှာလှိုင်းစီးခြင်းတို့လို တခြားသောလှုပ်ရှားမှုတွေအတွက်လည်း တံခါးပေါက်ပွင့်သွားတာပါပဲ။

၄ – အားအင်နဲ့နှလုံးနှင့်ဆိုင်သော လုပ်ဆောင်နိုင်စွမ်းများ တိုးမြင့်စေနိုင်ပါတယ်။

ရေထဲမှာကိုယ်လက်လှုပ်ရှားမှုတွေလုပ်တာက ကိုယ်ခံစွမ်းအားကိုလည်း အတော်အသင့်တိုးတက်စေပါတယ်။ ဒီကတစ်ဆင့်မှ အားအင်ဖြစ်စေပါတယ်။ ကြွက်သားများအားကောင်းလာအောင်၊ ထွက်လာအောင်လုပ်ခြင်းအားဖြင့် အသက်အရွယ်ရလာတာနဲ့အမျ ကျန်းမာတဲ့ခန္ဓာကိုယ်နဲ့ အသက်ရှည်နိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။

၅ – အဆုတ်တွေကို ကျန်းမာသန်စွမ်းစေတယ်။

တချို့သောလေ့လာတွေ့ရှိမှုတွေအရ ရေကူးသမားတွေနဲ့ အဆုတ်ကျန်းမာရေးကောင်းမှုတွေက ဆက်စပ်နေကြောင်း တွေ့ခဲ့ရပါတယ်။
ကျန်းမာတဲ့အဆုတ်တွေရှိရင် ခန္ဓာကိုယ်က ရှူသွင်းလိုက်တဲ့အောက်ဆီဂျင်ကို ပိုပြီးအကျိုးရှိရှိအသုံးချနိုင် ပါတယ်။ အသက်ရှူရပ်သွားတာ၊ အသက်ရှူကျပ်တာတွေ လွယ်လွယ်နဲ့မဖြစ်နိုင်ပါဘူး။