အလုပ်ရှင်နှင့်အလုပ်သမားကို ခွဲခြားပေးသော အကျင့် ၇ မျိုး

စီးပွားရေးလောကမှာ လူနှစ်မျိုးနှစ်စားရှိပါတယ်။ အဲဒါကတော့ အလုပ်ရှင်နဲ့အလုပ်သမားပါ။ အလုပ်ရှင်က ရည်မှန်းချက်ပန်းတိုင်နဲ့ဦးစားပေးမှုတွေကိုချမှတ်ပြီး အလုပ်သမားက အဲဒါတွေဖြစ်မြောက်အောင် လုပ်ဆောင်ပေးရပါတယ်။ အလုပ်ရှင်ကသူဌေးဖြစ်လာပြီး အလုပ်သမားကသူ့စားဝတ်နေရေးဖြေရှင်းဖို့ လုပ်ခလစာငွေပဲရပါတယ်။ လုပ်ငန်းရှင်ဖြစ်လာသူတွေနဲ့ အလုပ်သမားဖြစ်လာသူတွေကို ဘယ်ဟာကခွဲခြားပေးသလဲ။ လုပ်ငန်းရှင်ဆန်ဆန် စိတ်နေစိတ်ထားကို မွေးမြူပျိုးထောင်ပေးတဲ့ အကျင့်ခုနစ်မျိုးကို ဖော်ပြအပ်ပါတယ်။

၁။ လုပ်ငန်းရှင်တွေဟာ နေ့စဉ်လုပ်နေကျကိစ္စတွေကြောင့် သက်သောင့်သက်သာဖြစ်မှုကို လုပ်ငန်းတည်ထောင်ခြင်းရဲ့ ရင်ခုန်မှုဖြင့်အစားထိုးတယ်။

အလုပ်သမားတွေဟာ နေ့စဉ်နေ့တိုင်းလုပ်နေကျအလုပ်လုပ်ရတယ်။ သူတို့ဟာ မနက်အိပ်ရာကနိုးတဲ့အခါ မနေ့ကအတိုင်းပြန်ဖြစ်ပါတယ်။ အလုပ်ကိုသွားပြီး ညနေအိမ် ပြန်လာ၊ ညစာစား၊ တီဗီကြည့်၊ မိသားစု၊ မိတ်ဆွေတွေနဲ့ အချိန်ဖြုန်းရတယ်။ ပြီးရင် သူတို့အိပ်မက်၊ နောက်နေ့တွေလည်း ဒီအတိုင်းပဲပြန်လုပ်တယ်။ အဲဒီအကျင့်မျိုးက ရင်ခုန်စရာမကောင်းသလို ဘဝတိုးတက်ဖို့ ထုတ်လုပ်မှုစွမ်းအားလည်း ကင်းမဲ့တယ်။ လုပ်ငန်းရှင်ကသူတို့ဘဝတိုး တက်ရာတိုးတက်ကြောင်း နည်းလမ်းတွေရှာတယ်။ သူတို့ကလုပ်ငန်းစတင်လုပ်ကိုင်ပြီး ပျိုးထောင်လို့ရရှိတဲ့ ရင်ခုန်မှုဖြင့်လုပ်ရိုးလုပ်စဉ်ရဲ့ သက်သောင့်သက်သာဖြစ်မှုကို လဲလှယ်တယ်။

၂။ လုပ်ငန်းရှင်တွေဟာ စီးပွားရေးလုပ်ငန်းသစ်လုပ်ကိုင်ခွင့်တွေကို မနားတမ်းရှာဖွေတယ်။

အလုပ်သမားတွေက မိမိဘာသာကျေနပ်အားရတယ်။ လုပ်ရိုးလုပ်စဉ်တွေနဲ့အသားကျနေတယ်။ အလုပ်ရှင်တွေက ဘယ်တော့မှ ကိုယ့်ဘာသာအားရကျေနပ်ခြင်းမရှိဘူး။ သူတို့ရုံး၊ အိမ်၊ ရပ်ကွက်၊ မြို့နယ်တွေကစပြီး လုပ်ငန်းသစ်လုပ်ခွင့်တွေကို ရှာဖွေလေ့ရှိတယ်။ ပြီးတော့ သူတို့လုပ်ကိုင်ဖို့ သင့်တော်တဲ့ စိတ်ကူးသစ်ကိုရရှိတယ်။

၃။ လုပ်ငန်းရှင်တွေဟာ စိတ်ကူးယဉ်သူတွေမဟုတ်ဘဲ တကယ်လုပ်သူဖြစ်တယ်။

အလုပ်သမားတွေက တုံ့ပြန်လှုပ်ရှားတယ်။ သူတို့မှာ စီးပွားရေးလုပ်ငန်းစိတ်ကူးတွေရှိပေမယ့် တကယ်ဖြစ်အောင် မလုပ်တတ်ဘူး။ သူတို့က အချိန်ကျအောင် စောင့်ဆိုင်းနေတယ်။ ဒါပေမဲ့ အရှိန်ပြင်းစွာပြောင်းလဲနေတဲ့ ဈေးကွက်ပတ်ဝန်းကျင်အနေအထားအရ သူတို့ရဲ့အဲဒီစိတ်ကူးတွေကိုလုပ်ဖို့ အချိန်နှောင်းသွားတတ်တယ်။ အဲဒါကြောင့် သူတို့ဟာတကယ်လုပ်သူတွေမဖြစ်ဘဲ စိတ်ကူးယဉ်သမားတွေဖြစ်လာတယ်။ လုပ်ငန်းရှင်တွေကကိုယ်လိုချင်တာကို ဖြစ်အောင်ဖန်တီးရယူတယ်။ အခွင့်အရေးတွေကို အမိဖမ်းတယ်။ သူတို့ဟာ စိတ်ကူးယဉ်သူမဟုတ်ဘဲ လက်တွေ့သမားတွေ ဖြစ်ကြတယ်။

၄။ လုပ်ငန်းရှင်တွေဟာ ဘယ်လိုအခြေအနေပဲရှိရှိဖြစ်အောင်လုပ်တယ်။

အလုပ်သမားတွေက သူတို့ရည်မှန်းချက်ပန်းတိုင်ကို စိတ်ပျက်ဖို့နဲ့ အာရုံပျက်ဖို့လမ်းခုလတ်က အတားအဆီးတွေကို လက်ခံတယ်။ လုပ်ငန်းရှင်တွေက သူတို့ရဲ့ပန်းတိုင်အရောက်သွားပြီး ဖြစ်အောင်လုပ်တယ်။ သူတို့စိတ်ကူးကို တကယ့်လုပ်ငန်းဖြစ်စေမယ့် ခြေလှမ်းတွေလှမ်းတယ်။ အရေးကြီးဆုံးအဲဒါပဲဖြစ်ပေမယ့် သိပ်တော့မလွယ်ဘူး။ ပန်းတိုင်ကို အဆက်မပြတ်အာရုံစူးစိုက်ဖို့ စိတ်ရှည်သည်းခံမှုနဲ့ စည်းကမ်းရှိခြင်းတို့ လိုအပ်တယ်။ စိတ်ရှည်ရမယ်။ ပန်းတိုင်ကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ ရှုံးနိမ့်မှု၊ ဆုတ်ယုတ်မှုနဲ့ ညှို့ငင်ဖမ်းစားမှုတွေကို ကျော်လွှားဖို့ သည်းခံရမယ်။ ပြီးတော့ ဖြစ်အောင်လုပ်ပြီး အနိုင်ယူဖို့ စည်းကမ်းရှိရမယ်။

၅။ သင့်တော်တဲ့ရည်ရွယ်ချက်တွေကြောင့် လုပ်ငန်းရှင်တွေက လုပ်ငန်းစတင်ကြတယ်။

လုပ်ငန်းရှင်တွေဟာ ငွေများများဝင်ပြီး အလုပ်သမားထက် အလုပ်လျော့လုပ်ရတယ်ဆိုတဲ့ နားလည်မှုအလွဲရှိတယ်။ အဲဒါမမှန်ဘူး။ (ဘာပဲပြောပြော အစပိုင်းမှာပေါ့) ဒါအပြင် လုပ်ငန်းလုပ်ကိုင်ဖို့ လွဲချော်တဲ့ရည်ရွယ်ချက်တွေ ရှိသေးတယ်။ မှန်ကန်တဲ့အကြောင်းရင်းက လူတွေရဲ့ဘ၀အတွက် ခြားနားမှုဖြစ်စေမယ့် ကုန်ပစ္စည်းတစ်ခု၊ ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို ဖွံ့ဖြိုးအောင်ဖော်ဆောင်ဖို့ဖြစ်တယ်။ စတိဗ်ဂျော့၊ ဘီလ်ဂိတ်စ်နဲ့ တခြားထင်ရှားတဲ့ လုပ်ငန်းရှင်အများအပြားဟာ ဟိုတုန်းကတည်းက အဲဒါ မျိုးလုပ်ခဲ့ကြတာပါ။ အရေးကြီးဆုံးက သူတို့လုပ်နေတဲ့ အလုပ်ထဲမှာသူတို့ပျော်နေကြတာပဲ။

၆။ လုပ်ငန်းရှင်တွေဟာ ယင်းတို့ဘာသာလှုံ့ဆော်မှုရှိသူတွေဖြစ် တယ်။

အလုပ်သမားတွေမှာ သူတို့ကိုလှုံ့ဆော်မယ့်တခြားသူ တစ်ဦးဦးရှိကြတယ်။ အလုပ်ရှင်က သူတို့လုပ်ရမယ့် အလုပ်ကို သတ်မှတ်ပေးတယ်။ ဘယ်ဟာကို ဘယ်အချိန် မှာ လုပ်ရမလဲဆိုတာပြောတယ်။ အလုပ်ပြီးစီးရမယ့် နောက်ဆုံးအချိန်ကာလ အမီပြီးအောင်လုပ်စေချင်တယ်။ လုပ်ငန်းရှင်တွေက အဲဒါတွေအကုန်လုပ်တယ်။ ဒါ ကြောင့် သူတို့ဟာကိုယ့်ဘာသာ လှုံ့ဆော်မှုရှိနေကြတာပါ။ သူတို့ဘာလုပ်နေမှန်းသိတယ်။ အချိန်တိကျတယ်။ အသေးစိတ်ကိစ္စအားလုံးကို ကြိုတင်တွက်ချက် အကွက်ချစီမံတယ်။

၇။ လုပ်ငန်းရှင်တွေဟာ စိတ်မှန်လူမှန်ဖြစ်ကြတယ်။

လုပ်ငန်းရှင်တွေဟာ ခေါင်းဆောင်အစစ်အမှန်တွေဖြစ်ဖို့ လိုတယ်။ ဒီတော့ သူတို့ရဲ့အတွင်းပိုင်းအားနည်းချက်တွေကို ရှာဖွေဖော်ထုတ်မယ့် ခပ်ကြမ်းကြမ်းစိတ်ပညာစမ်းသပ် စစ်ဆေးမှုကိုခံယူရမယ်။ သူတို့စီးပွားဖက်တွေ လုပ်ဖော်ကိုင်ဖက်တွေ၊ တပည့်တပန်းတွေနဲ့ သူတို့ရဲ့ဆက်ဆံရေးအနှောင့်အယှက်မဖြစ်ခင် အဲဒါတွေကို ဖျောက်ဖျက်ဖို့ သူတို့မဖြစ်မနေလုပ်ဖို့လိုတယ်။ ခေါင်းဆောင်မှုအစစ်အမှန် ဆိုတာ မိမိရဲ့အတွင်းပိုင်းက စတင်ပေါ်ထွက်လာတာဖြစ်ပါတယ်။