အလုပ်ကနေနုတ်ထွက်တာနဲ့ပတ်သက်ပြီး လိုက်နာသင့်တဲ့ ကျင့်ဝတ်စည်းမျဉ်း

သင့်ရဲ့ လက်ရှိအလုပ်ကို မနှစ်သက်တော့လို့ပဲဖြစ်ဖြစ်၊ နောက်အလုပ်သစ်တစ်ခုကို ပြောင်းရွှေ့လုပ်ကိုင်ဖို့အတွက် မစောင့်နိုင်တော့လောက်အောင်ပဲဖြစ်ဖြစ် လက်ရှိအလုပ် ကနေ နုတ်ထွက်ရတာဟာ အမြဲတမ်းတော့ မလွယ်ကူပါ ဘူး။ ပထမဆုံးအချက်ကတော့ ကိုယ်တကယ်ပဲ ဒီအလုပ် ကနေ နုတ်ထွက်ချင်လားဆိုတာကို သေချာအောင် ဆန်း စစ်ပါ။ သင် အခုနုတ်ထွက်တော့မယ့် အလုပ်ရှင်ရဲ့ ထောက် ခံချက်ကို ဘယ်အချိန်မှာ လိုအပ်လာမလဲဆိုတာ မသိနိုင်တဲ့ အတွက် အလုပ်ထွက်တာကို လက်လွတ်စပယ် ပြီးရင်ပြီး ရောပုံစံမျိုးနဲ့ မလုပ်မိဖို့ အရေးကြီးပါတယ်။

၁။ ကြိုတင်အသိပေးပါ။

ကိုယ်ရဲ့အလုပ်စာချုပ် ချုပ်ဆိုထားတဲ့အထဲမှာ အလုပ်မထွက်ခင် ဘယ်တော့လောက်ဖြင့် ကြိုတင်အသိပေးရမယ်ဆိုတာ ပါရင် အဲဒါကို လိုက်နာပါ။

၂။ လက်ရှိအလုပ်ခွင်ထဲမှာ သတ်မှတ်ထားချိန်ထက် ဆက်နေဖို့ မလိုပါ၊

အလုပ်စာချုပ်ထဲမှာ နှစ်ပတ် ကြိုအသိပေးရမယ်လို့ပါရင် အလုပ်ရှင်က အဲဒီအချိန်ထက် ပိုပြီးဆက်နေပေးဖို့ပြော လာရင် ဆက်နေဖို့မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့် ရဲ့ အလုပ်ရှင်အသစ်က သတ်မှတ်ထားတဲ့အချိန်အတိုင်း သင်အလုပ်လာတက်မှာကို မျော်လင့်နေလို့ပဲ ဖြစ်တယ်။ တကယ်လို့ လိုအပ်ရင်တော့ သင့်ရဲ့အလုပ်ရှင်ဟောင်းကို အီးမေးလ်၊ ဒါမှမဟုတ် တယ်လီဖုန်းနဲ့ အကူအညီပေးနိုင် ကြောင်း ပြောပါ။

၃။ အလုပ်ထွက်စာရေးပါ။

ဘယ်လိုအကြောင်းကြောင့်ပဲအလုပ်ထွက်သည်ဖြစ်စေ အလုပ် ထွက်စာကိုရေးပြီး သင့်ရဲ့ အထက်အရာရှိကို လူချင်းတွေ့ဆုံ ပြီး သင်အလုပ်ထွက်မယ့်အကြောင်း ပြောပါ။ အလုပ် အသစ်ကို ပြောင်းရွှေ့လုပ်ကိုင်နေစဉ်မှာပဲ အလုပ်ထွက်စာက သင့်ရဲ့ အလုပ်ရှင်ဟောင်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ဆက်ပြီးထိန်းသိမ်းထားနိုင်ဖို့ အထောက်အကူပေးမှာ ဖြစ်တဲ့အတွက် သပ်ရပ်စနစ်ကျတဲ့ပရော်ဖက်ရှင်နယ် အလုပ် ထွက်စာကို ရေးသားပါ။ ဒါပေမဲ့ အခြေအနေပေါ် မူတည် ပြီး တယ်လီဖုန်းကနေ၊ ဒါမှမဟုတ် အီးမေးလ်ကနေတစ်ဆင့် အလုပ်ထွက်မယ့်အကြောင်း အကြောင်းကြားနိုင်ပါတယ်။

၄။ လိုအပ်တာထက် ပိုမပြောပါနဲ့။

။အလုပ်ထွက်မယ့်အကြောင်းထက်ပိုပြီး တခြားအကြောင်း တွေကို မပြောပါနဲ့။ ကုမ္ပဏီက ကိုယ့်ကို ဘယ်လိုအကျိုး ဖြစ်ထွန်းစေခဲ့တယ်ဆိုတဲ့ အကောင်းဘက်ကပြောဖို့ပဲ အာရုံ စိုက်ပါ။ ဒါပေမဲ့ ဒါဟာ သင့်အတွက် အလုပ်ပြောင်းဖို့ အချိန်တန်ပြီဆိုတာကိုလည်း မမေ့ပါနဲ့။ အဖျက်သဘော ဆောင်တဲ့ လုပ်ရပ်၊ အပြောအဆိုမျိုးကို ရှောင်ကြဉ်ပါ။

၅။ အကူအညီပေးမယ့်အကြောင်း ကမ်းလှမ်းပါ။
အလုပ်မထွက်ခင်စပ်ကြားနဲ့ အလုပ်ထွက်ပြီးနောက်မှာလည်း အကူအညီပေးမယ်ဆိုတဲ့အကြောင်း ကမ်းလှမ်းပါ။ သင့်ရဲ့ အကူအညီကို လက်မခံတာမျိုးဖြစ်နိုင်ပေမဲ့ အသိအမှတ်ပြုမှု တော့ ရရှိမှာပါ။

၆။ ထောက်ခံစာတောင်းပါ။

အလုပ်မထွက်ခင်မှာ သင့်ရဲ့ မန်နေဂျာဆီက ထောက်ခံစာကို တောင်းပါ။ အချိန်ကြာလာတာနဲ့အမျ သင် အရင်ကလုပ်ခဲ့တဲ့ အလုပ်တွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားဖို့ လွယ်ကူ တဲ့အတွက် အရင်အလုပ်ရှင်ဆီက ထောက်ခံစာကို ရရှိထားရင် အလုပ်သစ်လျောက်တဲ့အခါ အများကြီးအထောက်အကူ ဖြစ်မှာပါ။

၇။ သင် ရရှိမယ့် ခံစားခွင့်တွေကို မမေ့ပါနဲ့။

အလုပ်ထွက်တဲ့အခါ သင်ရရှိမယ့် ခံစားခွင့်အသေးစိတ်အ ကြောင်းကို လေ့လာပါ။

၈။ ကုမ္ပဏီပိုင်ပစ္စည်းတွေကို ပြန်အပ်ပါ။

စာရွက်စာတမ်း၊ သော့တွဲ၊ ကွန်ပျူတာ၊ ဖုန်း စတဲ့ ကုမ္ပဏီ ပိုင်ပစ္စည်းအားလုံးကို ပြန်အပ်ပါ။ ကုမ္ပဏီကလည်း ပစ္စည်း တွေပြန်ရဖို့ သင့်နောက်ကို လိုက်ချင်မှာမဟုတ်သလို သင့် အနေနဲ့လည်း ကုမ္ပဏီပစ္စည်းတွေ အချိန်မီပြန်မအပ်တဲ့အ တွက် စွပ်စွဲခံရတာမျိုးဖြစ်ချင်မှာ မဟုတ်ပါဘူး။

၉။ ကိုယ်အသုံးပြုခဲ့တဲ့ပစ္စည်းကိရိယာတွေကို သန့်ရှင်းအောင် ထားခဲ့ပါ။

ကိုယ့်အလုပ်ကနေ မထွက်ခွာခင်မှာ စားပွဲ၊ စာရေးကိရိယာ၊ စာရွက်စာတမ်းစတဲ့ ရုံးသုံးပစ္စည်းတွေကို သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်အောင်လုပ်ထားခဲ့ပါ။ ကိုယ်ရဲ့ကွန်ပျူတာကို ရှင်း လင်းခဲ့ပြီး ကိုယ်ရေးကိုယ်တာအချက်အလက်ဖိုင်တွေ၊ အီး မေးလ်သတင်းအချက်အလက်တွေကို ရှင်းလင်းခဲ့ဖို့ လိုပါ တယ်။

၁၀။ နှုတ်ဆက်ဖို့မမေ့ပါနဲ့။

အလုပ်ကနေ မထွက်ခွာခင်မှာ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကို ကောင်းကောင်းမွန်မွန်နှုတ်ဆက်ပြီး သင်ရှေ့ဆက်လုပ်မယ့်အလုပ်အကြောင်း၊ ဒါမှမဟုတ် သင့်ဘဝအတွက် တခြား တစ်ခုခုကို လုပ်ကိုင်တော့မယ်ဆိုတဲ့အကြောင်း ပြောပြပါ။ လုပ်ဖော်ကိုင်ဖက်တွေကို အီးမေးလ်နဲ့ နှုတ်ဆက်စာပေးပို့ နိုင်ပြီး အီးမေးလ်ကနေတစ်ဆင့် သူတို့နဲ့ဆက်လက်အဆက် အသွယ်ပြုလုပ်နိုင်ပါတယ်။