အများသုံးယာဉ်များကို ပရော်ဖက်ရှင်နယ်ဆန်ဆန်လုပ် အသုံးပြုနိုင်ဖို့ အချက် ၈ ချက်

လူတိုင်းဟာ အများပြည်သူသုံးယာဉ်တွေကို အကြောင်း အမျိုးမျိုးကြောင့် အသုံးပြုရပါတယ်။ ဒီလိုအသုံးပြုစီး နင်းတဲ့အခါမှာ အများရှေ့မှာ အမြင်မတော်မဖြစ်ရလေ အောင် ဘယ်လိုနေရမလဲဆိုတာကို အချိန်ယူလေ့လာ သင့်ပါတယ်။

၁။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာခြင်း

ခရီးသည်တစ်ယောက်အနေနဲ့ ယာဉ်စည်းကမ်းကို တတ် နိုင်သလောက် လိုက်နာသင့်ပါတယ်။ စင်္ကြန်လမ်း၊ အ ဆောက်အအုံကြီးရဲ့ လှေကားတွေနဲ့ လူသူထူထပ်တဲ့နေ ရာတွေမှာ သွားလာတဲ့အခါမှာ တစ်စုံတစ်ယောက်ကို ကျော်တက်ချင်တယ်ဆိုရင် ဘယ်ဘက်ကနေ ကျော်တက် သင့်ပါတယ်။ မသန်စွမ်းသူတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ပါလာတဲ့သူတွေကို အရင်ဦးစားပေးရပါမယ်။

၂။ ယာဉ်စီးခပေးချေတဲ့နေရာမှာ

အများသုံးယာဉ်တွေပေါ်မတက်ခင် ယာဉ်စီးခတွေကို ကြို တင်ထုတ်ထားဖို့ လိုပါတယ်။ ယာဉ်ပေါ်တက်ခါနီးမှ အိတ်ကပ် ဒါမှမဟုတ် လက်ဆွဲအိတ်ထဲက ပိုက်ဆံကိုရှာ တာက အချိန်ကြာပြီး ဘယ်သူမှမစောင့်ချင်ပါဘူး။ ယာဉ် စီးခကို ချက်ချင်းရှာ မတွေ့ဘူးဆိုရင် နောက်ကလူတွေကို အရင်တက်ခိုင်းလိုက်ပါ။ နောက်ခါသင့်ဘက်က ကြို တင်ပြင်ဆင်ထုတ် ထားတတ်ပါစေ။

၃။ လမ်းဖယ်ပေးတတ်ပါစေ

ဘတ်စ်ကား၊ ရထားပေါ်တက်တဲ့အချိန်မှာ ကိုယ်တက်ပြီး တာနဲ့ နောက်ကလူတွေ သွားနိုင်အောင် ၊ တက်နိုင်အောင် လမ်းဖယ်ပေးပါ။ ရှေ့ကပိတ်ရပ်ထားတာကြောင့် လမ်း ပိတ်နေရင် တခြားသူတွေကို ဒေါသထွက်စေသလို၊ တချို့ နေရာတွေမှာ တွန်းမိတိုက်မိတာတွေလည်း ဖြစ်နိုင်ပါ တယ်။ အလုပ်ပိတ်ရက်တွေမှာ ခရီးသွားတာမျိုးဆိုရင် အခြားခရီးသည်တွေကို တစ်ကိုယ်ကောင်းမဆန်ပဲ နေရာ ပေးနိုင်သလောက်ပေးပါ။

လူအုပ်ကြားထဲမှာ တိုးဝှေ့ပြီးသွားရတဲ့အခါမှာ သင်ကအတွန်းခံရတယ်ဆိုရင် အခံရခက်မှာဖြစ်ပေမယ့် ခန္ဓီစိတ်ထားသည်းခံလိုက်ပါ။ မတော်တဆ တွန်းတိုက် မိတာလည်း ဖြစ်နိုင်ပါတယ်။ သင်သွားရမယ့်နေရာ ရောက်ခါနီးပြီဆိုရင် ထွက်ပေါက်ရှိရာနားကို ကြိုသွား ထားပါ။ လူတွေက သင်ဘာလုပ်ချင်လည်းဆိုတာကို သိ မှာဖြစ်ပြီး လမ်းဖယ်ပေးကြမှာပါ။

သင်က တံခါးနားမှာရှိပြီး တစ်စုံတစ်ယောက်က ဆင်းချင်တယ်ဆိုရင် ဘေးကိုအနည်းငယ်ရွေ့ပေးပြီး သွား လမ်းဖွင့်ပေးလိုက်ပါ။ တစ်ခါတစ်ရံ ကား ဒါမှမဟုတ် ရထားပေါ်ကနေ ဆင်းပေးသင့်ရင် ဆင်းပေးပါ၊ ပြီးမှ အမြန် ပြန်တက်ပါ။

၄။ လူကြီးလူကောင်းဆန်ပါ

အများပြည်သူသုံးယာဉ်တွေ စီးနင်းတဲ့အခါမှာ သင့်ရဲ့ အပြုအမူကောင်းတွေကို အမြဲတစေ ဖော်ပြတတ်ပါစေ။ လူကြီးလူကောင်းပီသတဲ့ အပြုအမူတွေကို အိမ်နဲ့ ရုံးအ တွက်ပဲ ခွဲမထားသင့်ပါဘူး။ နေရာထိုင်ခင်းအတွက် အ ခက်အခဲကြုံနေတဲ့သူကိုမြင်ရင် သူ့ကို သင့်နေရာပေးပြီး လိုအပ်ရင် အနီးကနေ ထွက်ခွာပေးလိုက်ပါ။ အသက်ကြီး ရင့်တဲ့သူ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းသူတွေဟာ သင့်ရဲ့လူကြီးလူကောင်းပီသမှုကိုရဖို့ ထိုက်တန်ပါတယ်။

၅။ မထွက်ခွာခင် ပစ္စည်းတွေကို စစ်ဆေးပါ။

ယာဉ်ပေါ်မှာ သင့်ရဲ့အိတ်ကို စောင့်ရှောက်သလို သင့်ရဲ့ အိတ်က တခြားသူတွေကို မထိခိုက်မိအောင်လည်း သတိ ထားဖို့လိုပါမယ်။ သင့်ရဲ့အိတ်ကို ယာဉ်ပေါ်မှာ လူတွေ များနေချိန် ထိုင်ခုံပေါ်မှာ မထားပါနဲ့။ ကြမ်းပေါ်မှာထားပါ။ သင့်ရဲ့အိတ်ကို မညစ်ပတ်စေချင်ရင်တော့ ပေါင်ပေါ်မှာ တင်ထားပါ။ သင့်မှာ တွန်းလှည်းဖြစ်ဖြစ်၊ အခြားဘီးပါတဲ့ ပစ္စည်းပဲဖြစ် ဖြစ်ပါရင် ယာဉ်ပေါ်မတက်ခင် ခေါက်သိမ်း ထားပါ။

၆။ အသံမကျယ်ပါစေနဲ့

သင့်ရဲ့အသံကြောင့် အခြားသူကို စိတ်အနှောက်အယှက် မဖြစ်ပါစေနဲ့။ စကားအကျယ်ကြီးပြောတာတို့၊ သီချင်း ဖွင့်ထားတာနဲ့ သီချင်းဆိုတာတို့ မလုပ်ပါနဲ့ ၊ ဖုန်းပြောရင် အချိန်အကြာကြီးမပြောဘဲနဲ့ အတော်အတန်အသင့် ပြော ပြီး ဖုန်းချတာကောင်းပါတယ်။ သီချင်းနားထောင်ချင်ရင် ဘေးနားကလူတွေ အနှောက်အယှက်မဖြစ်အောင် နား ကြပ်တပ်ပြီး နားထောင်သင့်ပါတယ်။

၇။ ကလေးငယ်တွေပါလာရင်

သင့်မှာ ကလေးတွေရှိတယ်ဆိုရင် သူတို့ကို အများသုံး ယာဉ်တွေစီးတဲ့အချိန်မှာ လိုက်နာရမယ့် စည်းကမ်းတွေကို အသေအချာ ပြောပြထားပါ။ သူတို့ကို မဆူညံစေဘဲ သင့် အနီးမှာရှိစေပြီး အခြားခရီးသည်တွေကို စိတ်အနှောက် အယှက်မပေးအောင်ထားပါ။ အခြားတစ်ယောက် ယောက်ရဲ့ ကလေးက မျောက်မူးလဲအောင် ဆူညံဆော့က စားနေရင် သင့်အနေနဲ့ နေရာပြောင်းတာ ဒါမှမဟုတ် နေရာထိုင်ခင်းပေးတာတို့အပြင် ဘာမှလုပ်လို့ရမယ်မ ထင်ပါဘူး။ အဲဒီအချိန်မှာ ကလေးရဲ့မိဘ ဒါမှမဟုတ် အုပ်ထိန်းသူကို တစ်ခုခုသွားပြောလိုက်မယ်ဆိုရင် အဲဒီလူက ပြန်ခုခံပြောပြီး ရန်ပွဲကောင်းတစ်ခုဖြစ်ဖို့ အလားအ လာပိုများပါတယ်။

၈။ ပတ်ဝန်းကျင်ထိန်းသိမ်းပါ

သင့်ဆီက အနံ့အသက်ဆိုးတွေကို သူများတွေဆီ မ ရောက်အောင်လည်း ဂရုပြုသင့်ပါတယ်။ အများသုံးပို့ ဆောင်ရေးယာဉ်တွေမှာ ဆေးလိပ်မသောက်ရဆိုတဲ့ သတ် မှတ်ချက်တွေကို လိုက်နာပါ။ ချွေးနံ့ပျောက်ဆေးတွေကို ဆောင်ထားသင့်ပါတယ်။ လူများတဲ့ ရထားပေါ်တွေမှာ ရေမွှေးကို အနံ့ထောင်းနေအောင် ဆွတ်ထားတာက ခရီး သွားတွေကို စိတ်ဒုက္ခဖြစ်စေရုံမက အခြားသူတွေအတွက် ဓာတ်မတည့်ဖြစ်နိုင်ပါတယ်။ အများသုံး ပို့ဆောင်ရေး ယာဉ်တွေပေါ်ကို အစား၊ အသောက်တွေ မယူလာသင့်ပါ ဘူး။ ကိုယ်ယူလာတဲ့ သောက်စရာအရည်တွေက မတော် တဆ ဖိတ်စင်မှောက်သွားရင် ယာဉ်ပေါ်မှာရှိတဲ့ခရီးသွား တဲ့ ချော်ပြီးလဲကျ၊ ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။ သင့်ရဲ့ အမှိုက်ကိုလည်း ယာဉ်ပေါ်က ထိုင်ခုံ၊ ကြမ်းပြင်တွေပေါ် မှာမပစ်ပါနဲ့။ ယာဉ်ပေါ်မှာ အမှိုက်ပုံးမရှိရင် အမှိုက်ကို ကိုင်ထား၊ အိတ်ထဲထည့်ထားပြီး အမှိုက်ပုံးတွေ့မှသာ ပစ်သင့်ပါတယ်။