အမေရိကန် ဗဟိုဘဏ်၏ အတိုးနူန်းလျှော့ချမှုသည် ကမ္ဘာ့ဈေးကွက်ကို တည်ငြိမ်အောင် ထိန်းထားနိုင်မည်လော

ဂျပန်ဗဟိုဘဏ်နဲ့ Federal Reserve လို့ လူသိများတဲ့ အမေရိကန်ဗဟိုဘဏ်နှစ်ခုစလုံးရဲ့ စီးပွားရေးပေါ်လစီဆိုင်ရာ ပုံမှန်အစည်းအဝေးများအား ပြုလုပ်ရန် တစ်ပတ် လောက်သာလိုသေးပေမယ့် အထူးအစည်းအဝေး တစ်ရပ်ခေါ်ယူခဲ့ပါတယ်။ အဆိုပါ အဖွဲ့အစည်းကြီးနှစ်ခု စလုံးက ရက်အနည်းငယ်ပင် ထပ်ပြီးမစောင့်ရဲအောင် ဖြစ်လာကြပါတယ်။

မတ်လ ၁၅ ရက်နေ့မှာ အမေရိကန် ဗဟိုဘဏ်ကြီးဟာ ယင်းရဲ့အတိုးနှုန်းထားအား ဝ-ဝ.၂၅ ရာခိုင်နှုန်း အကြား လျော့ချကြောင်း ကြေညာလိုက်ပါတယ်။ ဤသည်က အနိမ့်ဆုံးဟုပြောလို့ရသည့်အတိုင်းအတာအထိ လျော့ချပေးလိုက်ခြင်းပင်ဖြစ်ပါတယ်။ နှစ်ပတ်အတွင်း အထူးအစည်းအဝေးခေါ်ပြီး ဒုတိယအကြိမ်ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်နေပါတယ်။

ဘဏ်များအဖို့ သက်သက်သာသာ၊ အဆင်ပြေပြေနဲ့ ငွေချေးငှားနိုင်အောင် Discount ခေါ်တဲ့ အထူးအခွင့်အရေးမျိုးနဲ့ ချေးငှားခွင့်ပေးခဲ့ပါတယ်။ ဒီလိုမျိုးအနေအထားကို ဘဏ်တွေအနေနဲ့ အင်မတန်ကို အခက်အခဲ တွေ့နေပြီလို့ ယူဆမှာစိုးတဲ့အတွက်အရင်ကတော့ ရှောင်ရှားခဲ့ကြပါတယ်။ Currency-swap ဈေးကွက်တွေမှာ ဒေါ်လာပြတ်တောက်သွားမှုမရှိအောင်လည်း ယူရိုငွေကြေးဇုန်၊ ဂျပန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဆွစ်ဇာလန်ရှိ ဗဟိုဘဏ်များကို Swap Line တွေ တိုးချဲ့ဖန်တီးပေးခဲ့ပြန်ပါတယ်။ Swap လုပ်တယ်ဆိုတာကတော့ ဥပမာပြောရရင် အမေရိကန် ဒေါ်လာ ၁၂.၅ သန်းနဲ့ ယူရိုဆယ်သန်းလဲလှယ်မည်ဆို က EUR/USD ၁.၂၅ နှုန်းလဲလှယ်ခွင့်ပြုခဲ့ပြီး သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် လက်ရှိပေါက်ဈေး မည်မျပင်ဖြစ်စေဒီနှုန်းနဲ့ပဲ ပြန်လည်လဲလှယ်ပေးခဲ့ခြင်းမျိုးကိုဆို လိုပါတယ်။

ဤမျလောက်ကို ဗဟိုဘဏ်အနေနဲ့ အဘယ်ကြောင့် သတ်မှတ်ထားတဲ့ အစည်းအဝေးကျင်းပမယ့်နေ့ မတ် လ ၁၇ နဲ့ ၁၈ အထိ မစောင့်နိုင်အောင် ဖြစ်ခဲ့ရသနည်း။ ယင်းတို့အဖို့ကား ကမ္ဘာ့ဘဏ္ဍာရေးမှာ အရေးပါဆုံး ဈေးကွက်ကြီးနှစ်ခုဖြစ်တဲ့ အိမ်ဝယ်ငွေချေးစာချုပ်များကို ဘဏ် များမှ အစုလိုက်အပြုံလိုက် ဝယ်ယူရင်းနှီးမြှုပ်နှံကြတဲ့ Mortgage-back Security နဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ရောင်းထားတဲ့ ငွေချေးစာချုပ် Treasury Bonds မှာ အရေးတကြီး လုပ်ဆောင်ပေးရဖို့ ဖြစ်လာတာကြောင့်ပဲ ဖြစ်ပါတယ်။

ပုံမှန်လို ကမ္ဘာကြီးမှာ အကျပ်အတည်းဖြစ်လာချိန်၊ စီးပွားရေးကျဆင်းလာချိန်၊ စစ်ပွဲတွေဖြစ်လာချိန်နဲ့ ယခု Covid-19 လို ကပ်ရောဂါဆိုးကြီး ကျရောက်နေချိန်မျိုးနဲ့ကြုံလာတဲ့အခါ ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြုပ်နှံထားလိုသူများဟာ လုံခြုံစိတ်ချရတယ်လို့ယူဆတဲ့ အမေရိကန် အစိုးရငွေချေးစာချုပ်များကို အလုအယက်ဝယ်လာလေ့ရှိပါတယ်။ ဒီအတွက် ငွေချေးစာချုပ်တန်ဖိုး မြင့် တက်သွားပြီး ပြန်ရနိုင်မယ့် အကျိုးအမြတ်က နည်းသွားတတ်ပါတယ်။ ဆိုလိုတာကတော့ အဝယ်လိုက်လာတဲ့အတွက် မူလတန်ဖိုးထက်ပိုပြီး ဝယ်ယူခဲ့ကြရလို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်အတွင်းပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာနေကျ အမေရိကန်အစိုးရ ငွေချေးစာချုပ်များရဲ့ တန်ဖိုးတွေက ရှယ်ယာဈေးနှုန်းများနဲ့ အတူရောပြီး ကျဆင်းသွားပါတယ်။ (လက်ရှိပိုင်ဆိုင်ထားသူများက အစိုးရထုတ်ရောင်းတဲ့ Face Value ထက် တန်ဖိုးလျော့ပြီး အပြင်မှာ ချရောင်းလာလို့ပဲဖြစ်ပါတယ်။) အခြားသော ငွေချေးစာချုပ်များနဲ့ နှိုင်းယှဉ်ရင် ထူးထူးခြား ခြားကွာဟမှုတွေရှိလာတာကြောင့် အကျိုးအမြတ်ဖြစ်ထွန်းမှု (Yield) တွေမှာ ”လှိုင်းတွန့်” တွေသိသိသာသာ ထလာနေတာမြင်ရလို့ ဖြစ်တယ်လို့ စတန်းဖို့တက္ကသိုလ်မှ Darrell Duffieuae Financial Times သတင်းစာမှာ ရေးသားခဲ့ပါတယ်။

အဆိုပါ လှိုင်းတွန့်များကို မီးပူတိုက်ပေးရမယ့် တာဝန်ကတော့ Hedge Fund လို့ ခေါ်တဲ့ ရင်းနှီးမြှုပ်နှံသူ တွေလာရောက် စုပေါင်းထည့်ဝင်ထားတဲ့ ငွေတွေကို တာဝန်ယူပြီး အကျိုးအမြတ်များများရအောင် ရှယ်ယာတွေကို ဝယ်ယူပေးရတဲ့ မန်နေဂျာများနဲ့ အခြားသော ဘဏ္ဍာရေးအဖွဲ့အစည်းများရဲ့ တာဝန်ဖြစ်လာပါတယ်။ ဒီတာဝန်ကတော့ ယင်းတို့အနေနဲ့ ဈေးပေါပေါနဲ့ ရှယ်ယာတွေကို ဝယ်ပြီးဈေးကြီးနေတာတွေ ထုတ်ရောင်းဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာဖြစ်လာရသည်မှာ လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း အဲဒီလိုတာဝန်ယူထားကြတဲ့ ဘဏ္ဍာရေးအဖွဲ့ အစည်းများဟာ ဈေးကွက်မှဆုတ်ခွာပြီး ငွေသားများကိုသာ လက်ဝယ်ကိုင်ဆောင်လာကြလို့ပဲ ဖြစ်ပါတယ်။

ယင်းအခြေအနေများကို တုံ့ပြန်နိုင်ရန် အမေရိကန်ဗဟိုဘဏ်သည် ဘဏ်များမှ ငွေအင်အားကို ဈေး သက်သက်သာသာနဲ့ ပြန်လည်ဖြည့်တင်းပေးနိုင်ရန် လုပ်ပေးရဖို့ဖြစ်လာခဲ့ပါတယ်။ ဒါမှသာဘဏ်များအနေနဲ့ အစိုး ရရဲ့ငွေချေးစာချုပ်များကို အရင်က စီစဉ်ထားတဲ့အတိုင်း အရှိန်အဟုန်နဲ့ ဝယ်ယူလာနိုင်မှာဖြစ်ပါတယ်။ ယခု သီတင်းပတ်အကုန်ပိုင်းမှာ ဒေါ်လာငါးရာဘီလီယံခန့် တန်ဖိုးရှိတဲ့ ငွေချေးစာချုပ်များနဲ့ ဒေါ်လာ နှစ်ရာဘီလီယံတန် အိမ်ဝယ်ငွေချေး စာချုပ်များဝယ်ယူလာကြရန်ရှိပြီး ဈေးကွက်ကို တည်ငြိမ်အောင်လုပ်လာကြဖို့ရှိနေတယ်လို့ ဆိုပါတယ်။

အမေရိကန် ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌဖြစ်သူ Jerome Powell ကို ဒါဟာ QE လုပ်တာလားလို့ ချက်ချင်းမေးခွန်းထုတ်လာကြပါတယ်။ QE ဆိုတာကတော့ Suanti-tative Easing လို့ခေါ်တဲ့ အစိုးရငွေပေါ်အောင် ငွေချေး စာချုပ်များ ထုတ်ရောင်းခြင်းကို ဆိုလိုပါတယ်။ QE ပုံစံ မျိုးနဲ့ အတော်လေးဆင်တူနေပေမယ့် ရည်ရွယ်ချက်ကတော့ မတူတာတွေ့ရပါတယ်။ QS (Guantitative Stabilizing) လို့ခေါ်ရင် ပိုမှန်မယ်လို့ သုံးသပ်ကြပါတယ်။ QE က တော့ ဘဏ္ဍာရေးဈေးကွက် တည်ငြိမ်နေရင်တောင်မှ တင်း ကျပ်တဲ့ ငွေကြေးမူဝါဒကို ဖြေလျော့ပေးတဲ့အနေနဲ့ အတိုး နှုန်းကို တတ်နိုင်သလောက် ချပေးဖို့မလုပ်မဖြစ် လုပ်ရတဲ့ အခါမျိုးမှာလည်း လုပ်လေ့ရှိပါတယ်။ အပြန်အလှန်အား ဖြင့် အတိုးနှုန်းထားက သုညထက်မြင့်နေရင်တောင် ဈေး ကွက်တည်ငြိမ်အောင် မရှိမဖြစ်လုပ်ရတာ မျိုးလည်းရှိပါတယ်။ ဒါပေမဲ့ နောက်ထပ် QE လုပ်ဖို့ လောက်နဲ့တော့ အခုလို ကမန်းကတမ်း ကြားဖြတ်အစည်းအဝေးခေါ်စရာ အကြောင်းမရှိဘူးလို့လည်း သုံးသပ်ကြပါတယ်။

ဒီထက်မက ထပ်လုပ်မယ့် အစီအစဉ်တွေ ရှိနေလို့လားဟုလည်း မေးခွန်းထုတ်လာခဲ့ကြပါတယ်။ လောလောဆယ်မှာ ဗိုင်းရပ်စ်ပိုး မကူးစက်အောင် ကုမ္ပဏီတွေနဲ့ လူတွေ ငြိမ်ကုပ်နေတဲ့အတွက် ဒုတိယလေးလပတ်အတွင်း စီးပွားရေးယုတ်လျော့လာမယ်လို့လည်း ထောက်ပြသွားခဲ့ပါတယ်။ တိုးတက်မှုနှုန်းသည် – ၅ ရာခိုင်နှုန်း အထိဖြစ်လာနိုင်တယ်လို့ Goldman Sachs က ဆိုပါတယ်။ ဗိုင်းရပ်စ်ပြန့်ပွားမှုလျော့အောင် ကာကွယ်နေမှုများကြောင့်လည်း စီးပွားရေးပိုင်းမှာ နှေးကွေးလာမှုကို ဘယ်လိုမှ ရှောင်လွှဲလို့ရမှာလည်း မဟုတ်ပေ။ အဆိုပါ ကပ်ရောဂါ ပိုးကြီးမပြန့်ပွားအောင် အားလုံးထက် ပိုလုပ်ပြခဲ့သည့် တရုတ်ပြည်မှာ စက်မှုကုန်ထုတ်လုပ်ငန်းများမှာ ယခင် နှစ်များနဲ့ နှိုင်းစာရင် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလများအ တွင်း ၁၃.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ရပါတယ်။

ဒါပေမဲ့ အတိုးနှုန်းအား အနုတ်လက္ခဏာပြတဲ့အထိ လျော့ချသင့်တယ်လို့ သူမထင်ကြောင်းလည်း Powell က ပြောခဲ့ပြန်ပါတယ်။ ဒါအပြင် ဗဟိုဘဏ်အနေနဲ့အစိုးရမှ အာမခံထားတဲ့ ငွေချေးစာချုပ်များ ဝယ်ယူခြင်းကလွဲလို့ ငွေအလွယ်တကူ ပြန်ဖော်လို့ရပြီး စီးပွားရေးပိုင်း မှာ အကျိုးအမြတ်ရနိုင်မယ့် Assets လို့ သတ်မှတ်ထား တဲ့ အရာများကိုလည်း လိုက်လံဝယ်ယူဖို့ ကြိုးစားမှာ မဟုတ် ဘူးလို့ဆိုပါတယ်။

ဂျပန်ဗဟိုဘဏ်ကြီးအဖို့ကား ဒီလိုကြေးများ ပိုင်ခွင့်မရှိ ဖြစ်နေရပါတယ်။ ယင်းတို့အဖို့က အတိုးနှုန်းကို အနုတ်လက္ခဏာပြတဲ့အထိ လျော့ချခဲ့တာ လေးနှစ်ထဲ ရောက်လာနေပြီဖြစ်ပါတယ်။ ယခုအခါ Equity လို့ ခေါ် တဲ့ ကုမ္ပဏီပိုင်ရှယ်ယာများက Exchange-Traded Funds (ETFS) ဆိုတဲ့ နာရီနဲ့အမျဈေးအပြောင်းအလဲ ဖြစ်နေတဲ့ ရှယ်ယာဈေးကွက်များထဲအထိ ဆင်းပြီးဝယ်ယူနေရပြီ ဖြစ် ပါတယ်။

ကိုဗစ်-၁၉ ပျံ့နံှ့မှုကိုထိန်းချုပ်ရာမှာ ဂျပန်ဟာ ဥရောပ၊ အမေရိကန်တို့ထက် အောင်မြင်မှုများ ပိုမိုရရှိ နေပေမယ့် စီးပွားရေးကတော့ ရောဂါပိုးကူးစက်မလာခင် ကပင် နှေးကွေးနေခဲ့ပြီး ဖြစ်ပါတယ်။ မတ်လ ၁၆ ရက်နေ့ မှာ ဂျပန်ဗဟိုဘဏ်မှ ယန်းငွေနှစ်ထရီလီယံ (ဒေါ်လာ ၁၉ ဘီလီယံ) တန်ဖိုးရှိ ကုမ္ပဏီဘွန်းများကို စက်တင်ဘာအထိ ဝယ်ယူသွားမှာဖြစ်ပြီး ဈေးကွက်ထဲ ရှယ်ယာများဝယ်ယူ ခြင်းအတွက် တစ်နှစ်ကို ယန်းခြောက်ထရီလီယံမှ ၁၂ ထရီလီယံအထိ သုံးစွဲသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ယခင် အပတ်ကစပြီး ဂျပန်ဗဟိုဘဏ်ကနေ စတော့ရှယ်ယာ များကို ETFS မှာ သဲသဲမဲမဲ စဝယ်နေပြီဖြစ်တယ်လို့ လေ့ လာသူများက ထောက်ပြခဲ့ပါတယ်။

အခြားသော ဗဟိုဘဏ်များဖြစ်တဲ့ ကိုရီးယားနဲ့ နယူးဇီလန်တို့ကလည်း အမေရိကန်ကို နမူနာယူပြီး မတ်လ ၁၆ ရက်နေ့မှာ အတိုးနှုန်းတွေ ဖြတ်တောက်လာခဲ့ပါတယ်။ ဒီလို လုပ်ခြင်းဖြင့် ငွေချေးစရိတ်သက်သာပြီး ပိုင်ဆိုင်မှုတွေကို အလွယ်တကူ ထုခွဲနိုင်မှုနှုန်း Liquidity မြင့်တက်လာဖို့ဖြစ်တယ်လို့ ပြောလာခဲ့ကြပါတယ်။

ဒါပေမဲ့ ရောဂါဖြစ်ပွားမှုကြောင့် ဒုက္ခတွေ့လာ နေကြရတဲ့ အိမ်ထောင်စုများနဲ့ ကုမ္ပဏီအသေးစားများကို တိုက်ရိုက်အကူအညီပေးနိုင်စွမ်းတော့ မရှိသေးပါဘူး။ အမေရိကန်နဲ့ ဂျပန်နှစ်နိုင်ငံစလုံးရှိ ဗဟိုဘဏ်များဟာ ကိုဗစ်-၁၉ အကျပ်အတည်းကြီးအား ဘဏ္ဍာရေးအရ ပိုပြီး ဟန်ချက်ညီညီ တိုက်ခိုက်သွားနိုင်မယ့် အချိန်ကို စောင့် ဆိုင်းလျက်ရှိနေပါတယ်။ ‘အခုလိုအချိန်မှာ ဘဏ္ဍာရေး ဘက်ကနေ တုံ့ပြန်နိုင်ဖို့အတော်ကို အရေးကြီးပါတယ်။ အခု ဒီလိုလုပ်ဖို့စဉ်းစားလာနေတာတွေ တွေ့ရတော့ အ တော်ကိုစိတ်ချမ်းသာမိပြီး ထိရောက်ပါစေလို့လည်း ဆုတောင်းပါတယ်’ ဟု Powell က ပြောခဲ့ပါတယ်။

အမေရိကန် ဗဟိုဘဏ်ရဲ့ သမိုင်းတစ်လျောက် အထင်ရှားဆုံး ကြားဖြတ်ခေါ်ယူခဲ့တဲ့ အစည်းအဝေးတခုဟာ ၁၉၇၉ အောက်တိုဘာလအတွင်း ဖြစ်ပြီး Saturday Night Special လို့နောက်ပိုင်းမှာ ထင်ရှားခဲ့ပါတယ်။ ယင်း အချိန်က အကျပ်ဆိုက်လာနေသော ငွေဖောင်းပွမှုအန္တရာယ် ကြီးအား တိုက်ခိုက်နိုင်ဖို့ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကတော့ ဗဟိုဘဏ်တွေ ဓားသွေးပြီး သတ်လို့ ဖြတ်လို့ရမယ့် နဂါးတစ်ကောင်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြီးခဲတဲ့ သူ့ရဲ့ Sunday Night Special ကတော့ အဆိုပါ ကပ်ရောဂါဆိုးကြီးကြောင့် ဘဏ္ဍာရေးလောကမှာ ပေါ်ထွက်လာနေတဲ့ ဘေးထွက်ဆိုးကျိုးတွေကို နှိမ် နှင်းနိုင်လိမ့်မယ်လို့ မျော်လင့်နေတာတွေ့ရပါတယ်။

ရည်ညွှန်း –https://www.economist.com/…/16/the-federal-reserve-acts-aga…
can-it-soothe-the-markets

လှစိုးဝေ