အစေခံခေါင်းဆောင်

ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် အစေခံခေါင်းဆောင်နဲ့ပတ်သက်ပြီး ကြုံတွေ့ရတဲ့ကာလက Service Master မှာ ပထမဦးဆုံး ဝင်လုပ်တဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော်ဟာ အီလီနွိုက်ပြည်နယ်၊ ဝီတန်ကောလိပ်မှာ ကျောင်းတက်ခဲ့ပြီး ဝီတန်ကော်လိပ်ရဲ့စီမံခန့်ခွဲမှုကော်မတီမှာ ကျွန်တော်သင်ယူခဲ့တဲ့ရှေ့နေပညာရပ်နဲ့ ဆယ်နှစ်တိတိအလုပ်လုပ်ခဲ့ပါတယ်။ ပြင်ပလောကထွက်ပြီး ရှေ့နေအနေနဲ့ လုပ်စားဖို့စဉ်းစားတုန်း Service Master မှာ အလုပ်လုပ်ဖို့ ဆက်သွယ်ခြင်းခံရပါတယ်။

အဲဒီအချိန်မှာ ServiceMaster မှာ Ken Hensen က ဥက္ကဋ္ဌရာထူးနဲ့ Ken Wessner က အမှုဆောင်အရာရှိချုပ်တာဝန်ယူထားပြီး ကျွန်တော့်အနေနဲ့ နှစ်ယောက်စလုံးနဲ့ တွေ့ခဲ့ရပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ တကယ်ကျွမ်းကျင်ပြီး တော်တဲ့အရောင်းသမားကောင်းတွေဖြစ်ပါတယ်။ သူတို့ ဦးဆောင်နေရတဲ့အချိန်မှာ ServiceMaster ဟာ အများပိုင်ကုမ္ပဏီ သေးသေးလေးတစ်ခုသာဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးက ServiceMaster ရဲ့ ရှေ့ရေးတစ်ခုလုံးကို အသေးစိတ်ပြောပြ၊ ခြယ်မှုန်းပြရင်း ကျွန်တော်ဟာ တစ်နေ့ဦးဆောင် သူဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ထပ်တလဲလဲ ပြောနေကြတယ်။

အဲဒါကြောင့်လည်း အင်တာဗျူးရဲ့ နောက်ဆုံးနေ့မှာ ကျွန်တော်ဆုံးဖြတ်ရမှာက ရှေ့နေပဲဆက်လုပ်မလား၊ ဒါမှမဟုတ် နယ်ပယ်သစ် ServiceMaster ကို ပြောင်းလဲရတော့မှာလား။ ပြောင်းလဲရမယ်ဆိုရင် ServiceMaster မှာ ခေါင်းဆောင်ဖြစ်ဖို့ ဘယ်လိုအခက်အခဲမျိုးတွေ ကြံရမယ်၊ ဘယ်လောက်ကြာမယ်ဆိုတာအပြင် တခြားဘယ်သူတွေကို ဒီနေရာရာထူးတွေကို မှန်းထားတယ်ဆိုတာကအစ သိထားဖို့လိုနေတယ်။ အဲဒါတွေပေါ်မူတည်ပြီး အဆုံးအဖြတ်လုပ်ရမှာလေ။

အဲဒီရည်ရွယ်ချက်နဲ့ Ken Hensen ကို စပြီးဖိမေးမယ်ကြံတုန်း သူက ကျွန်တော့်မျက်နှာကို စေ့စေ့စိုက်ကြည့်ပြီး ”ရဲဘော်ရေ အင်တာဗျူးကတော့ ပြီးသွားပြီ” လို့ပြောလိုက်ပြီး Ken Wessner က ကျွန်တော့်ကို ကုမ္ပဏီတံခါးရှိရာဦးဆောင်ခေါ်သွားတယ်။ ServiceMaster က နေထွက်လာတဲ့အချိန်မှာ စိတ်ထဲမှာတော့ ”ဟင်း အခွင့်အရေးကြီးတစ်ခုတော့လက်လွတ်သွားပြီ။ ရှေ့နေပဲဆက်လုပ်တာ ကောင်းပါတယ်” လို့ တွေးမိလိုက်တယ်။

နောက်နှစ်ရက်အကြာမှာ Ken Hensen ဆီက ဖုန်းဝင်လာတယ်။ ”ဘီလ်… ဟိုနေ့က ရုံးခန်းထဲမှာ ဖြစ်သွားတဲ့ကိစ္စကို နားလည်ချင်သလား” လို့ မေးပါတယ်။ မဆိုင်းမတွပဲ ကျွန်တော်က ”သေချာတာပေါ့ဗျ” လို့ဆို လိုက်တယ်။ အဲဒီတော့ သူက ”မနက်ဖြန် မနက်စာစားဖို့ ကြွခဲ့ပေတော့။ မနက်စာစားရင်းနဲ့ စကားပြောကြတာပေါ့” လို့ဆိုပါတယ်။ အဲဒီမနက်စာစားတဲ့အချိန်မှာ သူက ”ဘီလ်… အကျဉ်းချုံးပြောရရင် မင်းအနေနဲ့ ငါတို့ ဆီလာပြီးအကျိုးရှိတာ တစ်ခုခုလုပ်ပေးနိုင်ရင် တကယ့်အခွင့်အရေးကောင်းတစ်ခုရမှာပဲ။ ဒါပေမဲ့ ရာထူးနဲ့ရပိုင်ခွင့်အတွက်လာတာဆိုရင်တော့ ဒီမှာလုပ်ဖို့မေ့လိုက်တော့” လို့ စပြောပါတယ်။

တစ်ဆက်တည်း ServiceMaster မှာ ခေါင်းဆောင်တာဝန်ယူသူဟာ အစေခံခေါင်းဆောင်အနေနဲ့ ဘယ်လိုတာဝန်ယူရမယ်ဆိုတာ ရှင်းပြပါတော့တယ်။ ကျွန်တော်ရလိုက်တဲ့သင်ခန်းစာတချို့ကတော့ တာ ဝန်မယူနိုင်တဲ့သူတစ်ယောက်ကို ရာထူး၊ ဒါမှမဟုတ် တာဝန်လုံးဝမပေးဖို့၊ သင်ဦးဆောင်ရမယ့်သူတွေရဲ့ နေရာ မှာ ကိုယ်ချင်းစာတရားနဲ့ ခံစားစာနာကြည့်ဖို့၊ သင် မလုပ်ချင်တဲ့ကိစ္စတစ်ခုကို ဘယ်သူ့ကိုမှ တာဝန်မပေးဖို့ ဆိုတာပဲဖြစ်ပါတယ်။

အလုပ်ဝင်ပြီးနောက်ပိုင်းမှာ Ken ဟာ ကျွန် တော့်ကို သူ့နည်းသူ့ဟန်နဲ့ စမ်းကြည့်ပါတော့တယ်။ ကျွန်တော်ဟာ အကြီးတန်းအရာရှိတာဝန်နဲ့ ဝင်ရပေမဲ့ အလုပ်စဝင်တဲ့ပထမရှစ်ပတ်မှာ အောက်ခြေအဆင့် ဝန် ထမ်းတွေလုပ်ရတဲ့အလုပ်မှန်သမျ လုပ်ခဲ့ရပါတယ်။ အဲဒီလိုလုပ်ရင်းနဲ့ ရလာတဲ့ကြီးမားတဲ့သင်ခန်းစာကတော့ ဝန်ထမ်းတွေရဲ့အရေးပါမှုပဲ ဖြစ်ပါတယ်။ နောင်မှာ အဲဒီဝန်ထမ်းနှစ်သိန်းကိုကိုးစားပြီး ကျွန်တော်တာဝန်ယူခဲ့ရပါတယ်။

အစေခံခေါင်းဆောင်မှုဟာ ကျွန်တော့်အတွက်တော့ ဘဝတစ်သက်တာလုံး အမြဲတမ်းသင်ယူနေရတဲ့ သင်ခန်းစာကောင်းတစ်ခုပါပဲ။ အဖွဲ့အစည်းမှာ တာဝန် ကြီးလာလေ ခေါင်းဆောင်ဟာ မိမိဝန်ထမ်းတွေနဲ့ အ ဆက်ပြတ်လာပြီး တစ်နည်းအားဖြင့် တကယ့်လုပ်ငန်း ခွင်နဲ့ ထိတွေ့မှုအားနည်းလာပြီး သတ်မှတ်ထားတဲ့အခန်း ထဲမှာထိုင်ပြီး စဉ်းစားလုပ်ကိုင်တတ်ရပါတယ်။ အဲဒါ ဟာ တစ်နည်းအားဖြင့် မိမိတာဝန်ယူရတဲ့အဖွဲ့အစည်း နဲ့ပတ်သက်တဲ့လူတွေနဲ့ ဝေးကွာရပြီး လက်တွေ့အခြေ အနေကို ခံစားနားလည်ဖို့ ခက်ခဲစေပါတယ်။

ServiceMaster မှာ အစေခံခေါင်းဆောင်မှုကို အမြဲသတိမမေ့ဖို့နဲ့ အရေးပါကြောင်းအသိရှိနေဖို့ ”ကျွန်တော်တို့အစေခံကြတယ်” (We Serve) ဆိုတဲ့နေ့ သီးသန့် ဖန်တီးထားပြီး အဖွဲ့အစည်းထဲက လူတိုင်းတစ်နှစ်ကို တစ် ကြိမ်အနည်းဆုံး အစေခံဖို့လုပ်ဆောင်ရပါတယ်။ ဘယ် လောက်ပဲ တာဝန်ကြီးပါစေ၊ ရာထူးကြီးပါစေ၊ ဘယ် လောက်ပဲရာထူးငယ်ပါစေ ခင်ဗျားရဲ့တာဝန်က အဖွဲ့အ စည်းရဲ့အလုပ်ကို လုပ်ဖို့ပဲဖြစ်ပါတယ်။

မှတ်သားဖို့ရာ
၁။ အစေခံခေါင်းဆောင်မှုဟာ စဉ်ဆက်မပြတ် သင်ယူလေ့လာရတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး အဲဒီရဲ့အနှစ်သာရ ကို အဖွဲ့အစည်းဝင်အားလုံး သိရှိလိုက်နာကျင့်သုံးဖို့ လိုပါတယ်။

၂။ ရာထူးကြီးလာလေ၊ အဖွဲ့အစည်းဝင်တွေနဲ့ ထိတွေ့မှုနည်းလာလေ၊ လက်တွေ့စိန်ခေါ်မှုအခက်အခဲတွေကို သိရှိနားလည်ဖို့ အခွင့်အရေးနည်းလေ ဖြစ်ပါတယ်။

၃။ ခေါင်းဆောင်ဆိုတာ မိမိဦးဆောင်ရတဲ့ အဖွဲ့သားတွေရဲ့ နေရာမှာ စာနာစိတ်နဲ့ဝင်ရောက်ခံစားတတ် ဖို့ လိုသလို ကိုယ်မလုပ်နိုင်တဲ့အလုပ်ကို သူများကို မလုပ်စေဖို့ လိုပါတယ်။

ServiceMaster Global Holdings, Inc ဟာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းနဲ့ ကုန်သွယ်ရေးလုပ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ဆောင်တဲ့ကုမ္ပဏီဖြစ်ပြီး ရုံးချုပ်တည်နေရာကတော့ ယခင်က Downers Grove ၊ Illinois မှာဖြစ်ပြီး ၂၀၀၇ ခုနှစ်အစောပိုင်းမှာတော့ Memphis ၊ Tennessee ကို ပြောင်းခဲ့ပါတယ်။ Service Master ကနေထုတ်လုပ်တဲ့ Brand တွေကတော့ Terminix၊ American Home Shield ၊ Furniture Medic ၊ AmeriSpec ၊ ServiceMaster Clean နဲ့ Merry Maids အစရှိတဲ့ Product တွေပဲဖြစ်ပါတယ်။ အိမ်တွင်း ပိုးမွှားကာကွယ်ရေး၊ အိမ်အာမခံ၊ သဘာဝဘေးအန္တရာယ်နဲ့ ဆိုင်တဲ့လုပ်ငန်း (ဥပမာ-ပြန်လည်ထူထောင်ရေးလုပ် ငန်း)၊ လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုတွေ၊ အိမ်သန့်ရှင်း ရေးဆိုင်ရာဝန်ဆောင်မှုတွေနဲ့ ပရိဘောဂ ပြုပြင်မွမ်းမံခြင်းစတဲ့ ဝန်ဆောင်မှုတွေကတော့ ServiceMasterရဲ့ အဓိကဝန်ဆောင်မှုတွေပဲဖြစ်ပါတယ်။

ServiceMaster ဟာ ကုမ္ပဏီပေါင်း ခုနစ်ထောင်ကျော်ပိုင်ဆိုင်ထားတဲ့အပြင် ကမ္ဘာ့နေရာအနှံ့အပြား မှာလည်း Franchise လုပ်ငန်းတွေ ရှိပါတယ်။ ကုမ္ပဏီမှာ အလုပ်သမားပေါင်း ၁၃,၀၀၀ ရှိတဲ့အပြင် Franchise လုပ်ငန်းတွေမှာလည်း အလုပ်သမားဦးရေ ၃၃,၀၀၀ ကျော်နဲ့ အလုပ်လုပ်နေတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှာတော့ The ServiceMaster LLC ရဲ့ ပင်မကုမ္ပဏီ ServiceMaster Global Holdings, Inc က ရှယ်ယာတစ်စောင်ကို ၁၇ ဒေါ်လာနှုန်းနဲ့ ရှယ်ယာပေါင်း ၃၅,၉၀၀ç၀၀၀ စောင် ထုတ်ရောင်းနေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

သမိုင်းကြောင်း
ServiceMaster ကို တည်ထောင်ခဲ့တဲ့သူကတော့ ဘေ့စ် ဘောကစားသမားတစ်ဦးဖြစ်တဲ့ Marion E. Wade ပဲဖြစ်ပါတယ်။ ချီကာကို၊ Illinios မှာ တစ်လလောက် ကြာလုပ်ငန်းမှတ်ပုံတင်အပြီးမှာတော့ ၁၉၄၇ ခုနှစ်မှာ တရားဝင်လုပ်ငန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာတော့ ကြမ်းတိုက်လုပ်ငန်းကို Franchise လုပ် ငန်းတစ်ခုအနေနဲ့ တိုးချဲ့နိုင်ခဲ့တဲ့အပြင် ကုမ္ပဏီရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကြောင့် ကြီးမားတဲ့ Outsourcing လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။

၁၉၈၀ ပြည့်နှစ်တွေမှာတော့ ကုမ္ပဏီက စီးပွားရေးလုပ်ငန်းမှာ Customer တွေကို ဘယ်လိုအပိုင်းခွဲပြီး လုပ်ငန်းချဲ့ထွင်ရမယ်ဆိုတဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ အဲဒီအတောတွင်းမှာပဲ သူရဲ့ ပင်မ Franchise လုပ်ငန်းတွေဖြစ်တဲ့ Termini ၊ TruGreen ၊ Merry Maids နှင့် American Home Shield အပါအဝင် အိမ် ခြံမြေအကျိုးဆောင်လုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းဆိုင်ရာ Brands တွေကနေ လုပ်ငန်းခွဲတိုးချဲ့ လုပ်ဆောင် ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ ServiceMaster ဟာ သူ့ဝန်ဆောင်မှုလုပ်ငန်းတွေထက် အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်လာခဲ့ပါတယ်။ သူ့လုပ်ငန်းက အလုပ်သမားတွေကိုလည်း OSHA ၊ IICRC နှင့် CSCU ရဲ့ စံနှုန်းတွေအတိုင်း လေ့ကျင့်ပေးခဲ့ပါတယ်။

၂၀၀၇ ခုနှစ်၊ ဇူလိုင်လကစပြီး Clayton ၊ Dublilier နှင့် Rice လုပ်ငန်းတွေကို ရှယ်ယာရှင်အ ဖွဲ့တွေကနေ ဦးဆောင်လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပြီး CD& R ကနေ ServiceMaster ကို ဝယ်ယူပြီး ပုဂ္ဂလိက ကုမ္ပဏီအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ကုမ္ပဏီရဲ့ရုံးချုပ်ကို Downer I11 ကနေ Memphis ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ ဒီလိုပြောင်းရွှေ့တာက လုပ်ငန်းတစ်ခုနဲ့တစ်ခု ချိတ်ဆက်လုပ်ကိုင်တဲ့နေရာမှာ အလုပ်သမားတွေအတွက် ပိုမိုအဆင်ပြေလွယ်ကူစေဖို့ ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။

ဒေါက်တာသာထွန်းဦး