အင်ဒိုနီးရှားလုပ် Tablet ရောင်းချ

အင်ဒိုနီးရှား ဆက်သွယ်ရေး နည်းပညာကုမ္ပဏီ SpeedUp Technology ဟာ မကြာသေးခင်က Android Tablet  အမျိုးအစားSpeedUp Pad 7.85  ကို ဂျကာတာမြို့မှာ ဈေးကွက် မိတ်ဆက်ရောင်းချခဲ့ပါတယ်။ ဒီ Tablet  ဟာ မတ်လတုန်းက ထုတ်လုပ် ရောင်းချခဲ့တဲ့ SpeedUp Pad 8 ကို Version မြှင့်တင်ထားတာ ဖြစ်တယ်။ SpeedUp Pad 7.85 ဟာ ဒီနေ့ စတိုးဆိုင် တွေမှာရောင်းချနေတဲ့ Tablet  အများစုထက် အပါးလွှာ ဆုံး၊ အပေါ့ပါးဆုံးနဲ့ လေးဆမြန်တယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ ဒီ Tablet ဟာ နည်းပညာရဲ့ အလှတရားတစ်ခုဖြစ်ပြီး သုံးစွဲသူတွေအတွက် မာလ်တီ မီဒီယာအသုံးပြုမှုအတွေ့အကြုံကို မြှင့်တင်ပေးဖို့အတွက် အသေးစိတ်၊ အနုစိတ်ဒီဇိုင်းဆင်ထုတ်လုပ်ထားတာ ဖြစ်ကြောင်း ကုမ္ပဏီရဲ့ဈေးကွက်ဒါရိုက်တာ Rahmad Wijaja Sakti  က ဆိုပါတယ်။ Ref: Jakarta Globe